နော”။“ထပ်တရီး”။ “အဟုတ်ပြောနေ တာနော် အာစရိ၊ စာချိုးတောင်ရှိတယ်၊ ထုံထောင်းကိုမယှဉ်နဲ့  အပုံပြောင်းပြီး ဘုံကျောင်းရောက်သွားမယ်တဲ့”။ “ဘုရှစ်”။“ဒါနဲ့  နေစမ်းပါအုံး အာစရိရဲ့ ၊ ဂျာကာတာသွားမယ့်အစား ဘာလီဆိုရင် ပိုပျော်ဖို့ ကောင်းမှာပဲလို့  ပြောနေကြတယ်၊ အခန့် သင့်ရင် အသေခံဗုံးစာ မိတယ်လို့ ကြားဖူးတယ် ဟုတ်လား”။ “ဟေ့ကောင် မန်ယူ မဆီမဆိုင်တာတွေ လာပြောမနေနဲ့ ၊ ခေါင်းရောကြေးရော ကွဲချင်
လို့ လား”။ အာစရိလို ကြိမ်းတဲမောင်းတဲ့ လူတွေလည်း အများသားပါလားနော်၊ အာစရိ
တို့ ပဲပြောပြောနေကြတာ၊ ဘာတဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ဟာ ဒီမိုကရေစီရဲ့ အ ခြေခံအနှစ်သာရပဲဆို”။ “တော်စမ်းပါကွာ၊ လာမယ့် အင်္ဂါ ဗုဒ္ဒဟူးမှာ ကြားပွဲတွေရှိတယ်မို့ လား၊ မင်းနဲ့ ကို ထိပ်တိုက်တွေ့ ချင်တာ”။ “လောဘရှေ့ ထား မှားမှာပေါ့အာစရိရယ်၊ ဘယ်လိုကြေးလေးပေါက်မလဲဆိုတာ လောက်တော့ စောင့်မျှော်ပါအုံး”။“စိတ်ချကောင်
တွေ့ ကိုတွေ့ မယ်”။ “အာစရိ အမေရိကန်သမ္မတဟောင်းကြီး မစ္စတာကလင်တန်ကလည်း အမျိုးသမီးကိစ္စဆို စွံတယ်နော်၊ လူဝင်စကီးတုန်းကလည်း ဟီးဟီး၊ သတင်းထောက်မ နှစ်ယောက်ကိုလည်း ပင့်သွားနိုင်တယ်၊ ငှဲငှဲ”။ “မန်ယူ လုပ်လာပြန်ပြီလား”။“ အာ အာစရိကလည်း ရှာဖွေလေ တွေ့ ရှိလေကိုပြောနေတာပါဗျ၊ ဟော ၀ဘ်ပေါလည်း ယက်တောကို ရှက်ကြောဖြတ်ပြီး ဘတ်သွားတော့ အတော်တော်များများလူတွေရဲ့  ချက်ကြောကို ၀က်ဘ်ဆိုဒ်မှာ ကြွက်ကိုက်တာခံလိုက်ရ ဆိုပဲ အာစရိရ”။“လဲသေလိုက်”
x x x x x x x
“ဟေ့ကောင် မန်ယူ၊ ခုဘယ်အချိန်ရှိပြီလဲ”။ “ ခင်ဗျားမှာလည်း နာရီပါရဲ့ သားနဲ့  ဆရာမြေကမ္ဘာကလဲ”။ “ အဲဒါကြောင့် ကဗျာအနုပညာ ခံစားမှုနဲ့  မင်းနဲ့ က အလှမ်းကွာဝေးနေတာ၊ ခု ညနေ ငါးနာရီခွဲကျော်ပြီ၊ ဒီလိုလှပတဲ့ ဆည်းဆာချိန်လေးမှာ မင်း ငါ့ကို ဂါရ၀ပြုလိုက်မယ်ဆိုရင် ဟော့ဒီ့ကမ္ဘာမြေက မင်းကို ကောင်းချီးပေးမှာ ဧကံမုချမလွဲ”။ “ဒီလိုတော့ လွယ်လွယ်ဘယ်ရမလဲ ကဗျာဆရာ၊ ဟိုဘက်ဝိုင်းမှာ မိတ်ဆွေကြီးကိုကျော်ညွန့် ထိုင်နေတယ်၊ သူက ရှယ်ရမယ်ဆို ဘာဖြစ်ဖြစ် လက်မနှေးဘူး၊ ကာရာအိုကေမှာ သီချင်းတပုဒ်ကို တယောက်တပိုဒ်ရှယ်ဆိုတယ်၊ ပိုကာဒေါင်းရင်လည်း ဘေးပေါက်တဲ့ သူ့ ဘော်ဒါနဲ့ ရှယ်တယ်၊ သုံးလုံး နှစ်လုံး တစ်လုံး ဘာပဲလုံးလုံး ရှယ်မယ့်လူ ရှိရင် လုံးတော့တာပဲ၊ အောင်မယ် လက်ဘက်ရည်တောင်ရှယ်”။ “ကိုကျော်ညွန့် က ၀ါတွင်းသုံးလရှောင်ထားတယ်ကွ”။ “ကဗျာအဘိဓမ္မာမှာ ဆရာက၀ိမြေကမ္ဘာတို့ က ဝေဒနာရှိရင် ဒေသနာ သိတယ်ဆို၊ ဟလိုး မိတ်ဆွေကြီး ကိုကျော်ညွန့် ၊ ခင်ဗျားရဲ့  ၀ါတွင်း သုံးလကို တလခွဲဆီရှယ်မယ်၊ လောလောဆယ် တလုံး နှစ်ယောက်ရှယ်ရ အောင်လေဗျာဆို ကိုကျော်ညွန့် လား မရှယ်ပဲနေနေအုံးမယ်”။ “ဂွတ် အိုင်ဒီယာကွာ၊ သိုင်းကျူးမန်ယူ”။ ဆရာမြေကမ္ဘာ မျက်လုံးတချက် မှိတ်ပြပြီး ကိုကျော်ညွန့် တို့  ၀ိုင်းဘက်ကို စွေ့ ကနဲ ရွေ့ သွားသည်။ မန်ယူ ဆေးလိပ်မီးညှိလို့ မှ မငြိသေး၊ ဆရာ မြေကမ္ဘာ ပြန်ရောက်လာ၏။ “ကိုကျော်ညွန့် တို့ ရှယ်ပုံက စံနမူနာပဲမန်ယူ၊ မိတ်ဆွေ ကြီးဆိုတဲ့ ၀ိသေသကို ပယ်ဖျက်လို့ ရပြီ၊ လောလောဆယ် ခင်ဗျားဆိုက်ထားမယ်ဆိုရင် ရှယ်လိုက်လေတဲ့၊ ခွီးမှပဲ”။
x x x x x x x~
“အလယ်အလယ်၊ ဒေါင်ချာမောင်စိုင်းတို့ များ ခွင်မိနေတယ်ထင်တယ်၊ ဂျပန်ဘီးအသစ်တွေ ဘာတွေနဲ့ ”။ “ဟေ့ကောင် မန်ယူ တိုးတိုးပြောစမ်း၊ ဘိုးတော်မြင့်သန်း ကောင်းနေတုန်း သူ့ ဘီးခဏ သုတ်လာတာ”။ “ ခုတလော ကျုပ်တို့ ရပ်ကွက်ထဲမလဲ ထူးထူးခြားခြား သတင်းမရှိပါလားဗျ”။ “မင်းဘယ်ရောက်နေမှန်းမှ မသိတာ မင်းဆရာ တပွဲထိသွားတယ်ဆို”။ “ဘယ်ကဆရာလဲ”။ “ဟို စာရေးဆရာလေ၊ ချဲထိုင်ထိုင်တွက်နေ တာလား၊ စာထိုင်ထိုင်ရေးနေတာလား မသိဘူး၊ မရှင်းမလင်းစာရေးဆရာပေါ့”။
“ဟာ ကျုပ်ဆရာက ဘော့လုံးပွဲတွေ ဘာတွေ ၀ါသနာမပါဘူး၊ ဘယ်ပွဲမှာ ထိတာကြား
လို့ လဲ”။ “ဒီလိုကွ ငါ့မိန်းမ မကြည်လေ၊ ဘောက်ကွင်းထဲမှာ ငါတို့  ၀ိုင်းနေကြတုန်း သူက ဘေးက အမြီးထိုင်စားနေတယ်၊ အဲဒီမှာ မင်းသိပါတယ် မဗိုက်လေ၊ ခလေးတယောက်
နဲ့ မဗိုက်လေကွာ၊ မဗိုက် ဖြတ်လျှောက်လာတယ်၊ ငါ့မိန်းမ မကြည်က ဟဲ့ ဟဲ့ မဗိုက် ဘယ်သွားမလို့ လဲပေါ့၊ လမ်းထိပ်က ဈေးဆိုင်သွားမလို့ တဲ့၊ ဒါနဲ့ ငါ့မိန်းမ မကြည်က အတော်ပဲဟယ် ငါ ဗမာဆေးလေး မှာလိုက်ချင်လို့ ပေါ့၊ မဗိုက်က ဘယ်ဆိုင်က ၀ယ်ရ မှာလဲတဲ့၊ ဟို စာရေးဆရာအိမ်က”။“ အဲဒီ့ ဆရာ့အိမ် ကျွန်မ ခဏခဏရောက်ပါတယ်၊ တခါမှ ဆေးရောင်းတာ မတွေ့ ဖူးပါဘူး”။ အေး အရင်က ဟုတ်တယ်၊ နှစ်ရက် သုံးရက်ပဲ ရှိသေးတယ်”။ “မဖြစ်နိုင်ပါဘူး”။“ ငါ ပြောမယ် သေသေချာချာ နားထောင်၊ တမြန်နေ့ က ငါပဲပြုပ်ဝင်ရောင်းတော့ အဲဒီ့ဆရာအိမ်ဝ နံရံမှာ ဆိုင်းဘုတ် ကပ်ထားတယ်၊ ခပ်သေးသေးပါ ဟယ်၊ ဘာတဲ့ မြန်တိုင်းကျော်နှင့် မြန်မာတိုင်းရင်းဆေးပေါင်းစုံရပြီတဲ့၊ ငါပိုက်ဆံစောင့် နေရင်း သေသေချာချာကို စာလုံးပေါင်းဖတ်လာတာ”။“သေချာတယ်နော်”။ ကဲဟယ် ငါ့ဘာသာပဲငါသွားတော့မယ်၊ နင့် ရှင်းနေရတာနဲ့ ပဲ လူနာဆို ရက်လည်ဆွမ်းသွပ် လို့  ရနေပြီ”။“ ပေး ပေး”။ တအောင့်နေတော့ မဗိုက် ပြန်ရောက်လာသည်။ “မကြည် ရှင်ဘယ်လိုလုပ်တာလဲ၊ ကျုပ်ကို ဆရာက ဟောက်လွှတ်လိုက်တယ်”။“ ဟေ ဘယ်လိုဖြစ် တာလဲ”။ “ဘယ်လိုဖြစ်ရမလဲ၊ ကျွန်မက ဆရာ အေးငြိမ်းသီတာတဗူး ပေးပါ”ဆိုတော့။ “ဘာအေးငြိမ်းသီတာလဲ၊ အေးငြိမ်းသီတာလည်း မရှိဘူး၊ ထွန်းရွှေဝါလည်းမရှိဘူး၊ ထက်လင်း နို့ လူးဆေးလည်းမရှိဘူး၊ ကုန်ကုန်ပြောမယ် မြဟင်္သာလည်း ငါ မဆောင်ဘူးတဲ့”။ “ညည်း ငါပြောလိုက်တဲ့နေရာက ဆိုင်းဘုတ်သေးသေးလေးကို လက်ညှိုးထိုးပြီး ပြန်ပြောလိုက် ပါလား”။ “ဘယ်နေလိမ့်မလဲ၊ လက်ညှိုးထိုးပြပြီး ဒီမှာ ဆရာပဲ ဆိုင်းဘုတ်ကပ်ထားပြီး ဖုန်းရှိ ရက်နဲ့ ဖုန်းနံပါတ်လေးပါ ထည့်ရေးထားရင် အလိုရှိရင် ဖုန်းဆက်မှာလို့ ရတာပေါ့လို့ ပြော လိုက်တာပေါ့”။“အဲဒီတော့”။ “ဒီလို ကိုစိုင်းရယ်၊ ဘယ်နှမပေး ငါ့ကို လာဂျောက်ချသွားလဲ ငါမသိဘူး၊ ဘာတိုင်းရင်ဆေး၊ အင်္ဂလိပ်ဆေး၊ တရုတ်ဆေး၊ ကုလားဆေး တားဆေး အားဆေး ထွားဆေး ဘာဆေးမှမရှိဘူး၊ ဘာမှလည်း မရောင်းဘူး၊ နင် သွားတော့တဲ့”။ “ဟားဟားဟား နင်တချီထဲ သုတ်လာခဲ့တာပေါ့ ဟုတ်လား”။ “ အောင်မယ် မဗိုက်ကိုများ အ အ ထင်နေလား၊ ခြံပြင်ရောက်မှ ပြန်ပက်ဖြစ်အောင် ပက်ခဲ့တယ်၊ ဆေးမရောင်းပါ
လို့ ဆိုင်းဘုတ်တခု ထပ်ရေးလိုက်ပေါ့လို့ ”။
“အဲဒါ သတင်းဖြစ်တယ်ကွ မန်ယူရ”။
**ကျော်သက်ထွေး***
“ဘယ်လိုလဲ လီဗာပူးဆရာကြီး ဘန်နီတက်ဇ် ဖွင့်တာနဲ့  ဟက်တက်ပဲ မဟုတ်လား”” အော် မင်းကရော မကွဲလို့ လား မန်ယူ၊ နှစ်လုံး သရေတဲ့ ဟားဟားဟား တူးဝမ်းနဲ့  ဆယ့်တစ် ရှစ်လိုက်ရတယ်မို့ လား”။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကျနော်က ကြေးပဲရှုံးတာလေ၊ အာစရိယက လူရှုံး ကြေးကွဲ ဟဲဟဲဟဲ”။ “ အခုမှ စ တာပါမန်ယူရာ ရာသီကုန်အောင် စောင့်ကြည့်ပါအုံး”။ “ကြည့်ရမှာပေါ့ အာစရိရယ် မန်ယူကို ခြိမ်းခြောက်နိုင်မယ့်အသင်း ဆိုလို့  ဒီရာသီမှာ ထုံထောင်းယူနိုက်တက်ပဲရှိတာ

No comments:
Post a Comment