တစ်ခါက ရွာတစ်ရွာတွင် လူနှစ်ယောက်ရှိ၏။ တစ်ဦးနှင့် တစ်ဦးလည်း ခင်မင်ကြ၏။ အလုပ်လုပ်ကြသောအခါတွင်လည်း အတူတူလုပ်ကြသည်က များ၏။ ထိုသူနှစ်ယောက်တွင် တစ်ယောက်သောသူသည် အရှက်အကြောက်ကြီးသည်။ ဘာလေးဖြစ်ဖြစ် ရှက်သည်သာဖြစ်၏။
တစ်နေ့တွင် သူတို့နှစ်ယောက်သည် တောအလုပ်ကိစ္စတစ်ခုနှင့် တောသို့သွားကြ၏။ သူတို့သွားရာလမ်းခရီး အရိပ်အာဝါ
သ ကောင်းလှသော သစ်ပင်၏အပင်ခြေတွင် ဒေါက်ချာကိုဆောင်း ညိုလွင်သော အ၀တ်ကို ဆင်မြန်း၍ ငြိမ်သက်တည်ကြည်သော ဣနြေ္ဒိသိက္ခာဖြင့် တင်ပျဉ်ခွေထိုင်နေသော ရသေ့တစ်ပါးကို သူတို့တွေ့မြင်ကြလေသည်။
ထိုတွင် အရှက်ကြီးသူက `ဒီနေ့ဟာ မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်ပဲဟေ့၊ သူတော်သူမြတ်နဲ့ တွေ့ရပေတယ်။ လာကွာ ကံကြီးလွန်းလို့ တွေ့တာ ဖူးခွင့်ရတုန်း ဖူးကြရအောင်´ဟုခေါ်၍ နှစ်ယောက်သားသည် ရသေ့ကြီး သီတင်းသုံးရာ သစ်ပင်သို့ကပ်၍ ရသေ့ကြီးအား ပြားပြားဝပ်မျှရှိခိုးပူဇော်ကြ၏။ ရသေ့ကြီးသည် ထိုသူနှစ်ယောက် ရှိခိုးဝတ်ပြုလာသည်ကို စောင်း၍မျှမကြည့်ဘဲ ငြိမ်သက်လှစွာပင် သီတင်းသုံးနေ၏။ ခဏမျှကြာက ရသေ့ကြီး၏ ဘယ်လက်သည် လှုပ်ရှားလာပြီး ဆန့်ထားသော လက်ညှိုးလေးကို ကွေးလိုက်ပြီး `တုတ်´ဟု နှုတ်ကလည်း အသံထွက်အောင်ဆိုလေသည်။ ဤသည်တွင် ထိုသူနှစ်ယောက်သည် မိမိတို့အား ပုဆစ်ဒူးတုပ်၍ ရိုသေစွာနေကြရန် ခိုင်းသည်ထင်ပြီး နေပုံထိုင်ပုံပြင်၍ ပုဆစ်တုပ်ကာ အလွန်သေချာစွာ လက်အုပ်ချီ၍ နေကြ၏။
ရသေ့ကြီးသည် `တုတ်´ဟု ပထမတစ်ကြိမ်ဆိုပြီး လက်ညှိုးလေးကွေးလျက်သားဖြင့် အတန်ငယ် ငြိမ်သက်နေရာမှ `တုတ်တုတ်ဂျိမ်း၊ တုတ်တုတ်ဂျိမ်း´ဟု ဆက်ကာဆက်ကာဆို၍ ကွေးနေအောင် ထကလေတော့သည်။ ဤတွင်မှ အရူးကို အထင်ကြီးစွာဖြင့် သူတော်သူမြတ်မှတ်၍ ရှိခိုးပူဇော်နေသော မိမိတို့အဖြစ်ကို သတိရကာ တစ်ယောက်မှာ အူးလှိုက် သည်းလှိုက် အူတက်မတတ် လက်ခုပ်လက်ဝါးတီး၍ တဟားဟားနှင့် ရယ်မောနေသော်လည်း အရှက်ကြီးသူမှာ ရှက်လွန်းလှသဖြင့် မျက်နှာနီမြန်းပြီး `မိမိတို့အဖြစ်ကို တစ်စုံတစ်ယောက်များ တွေ့သွားလေမလား´ဟု ကျီးကန်းတောင်းမှောက် ကြည့်ရှုနေလေသည်။
လူရိပ်လူခြေမတွေ့ရမှ အတန်ငယ် သက်သာရပြီး အဖော်ဖြစ်သူအား `ကိုယ့်လူရာ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့၊ အိမ်ပြန်ရောက်ရင် ငွေ ၅ိ ပေးပါမယ်ကွာ၊ ရှက်လွန်းလို့ပါ ဟုတ်လား´ဟု တောင်းတောင်းပန်ပန် ပြောဆိုလေ၏။ အဖော်ဖြစ်သူကလည်း အရယ်ကို ရပ်၍ `အေးပါကွာ မပြောပါဘူး။ မင်း ငွေ ၅ိ တကယ်ပေးရမှာနော်´ ဟုဆို၏။ `စိတ်ချပါ င့ါလူရာ ပေးပါ့မယ်။ မင်းသာ နှုတ်လုံပါစေ´ ဤသို့ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကတိထားကြကာ တောသို့ ဆက်သွားပြီး ပြုလုပ်စရာကိစ္စများကို ပြုလုပ်နေကြလေသည်။ ညနေစောင်း၍ ပြန်ချိန်ကျသဖြင့် ပြန်လာကြသောအခါ အရှက်ကြီးသူမှာ နံနက်က အဖြစ်အပျက်များကို တွေးမိတိုင်း ရှက်လှသဖြင့် ရွာသို့ ရောက်သောအခါ၊ မည်သူ့ကိုမျှ မပြောဖို့ အတန်တန်မှာလျက် လိုက်လာခဲ့၏။ စကားတပြောပြောဖြင့်ပြန်လာ၍ ခပ်လှမ်းလှမ်းမှ ရွာကိုမြင်သောအခါ အဖော်ဖြစ်သောသူမှာ နံနက်က အဖြစ်အပျက်များကို ရွာသို့ပြေး၍ ပြောချင်စိတ်သည် ချိုးနှိမ်မရအောင် ပေါ်လာတော့၏။ ပြောချင်သည်မှာ ၀မ်းထဲတွင် ပေါ်လာတော့၏။ ပြောချင်စိတ် မျိုသိပ်၍မရတော့သည့်အဆုံးတွင် `ကဲသူငယ်ချင်း မင်းငွေ ၅ိ လည်း မပေးချင်နေတော့ ငါမပြောဘဲလည်း မနေနိုင်တော့ဘူး၊ ပြောချင်လိုက်တာဆို ငါ့ဝမ်းထဲ ရွရွတက်နေတာပဲ´ ဟု အရှက်ကြီးသူကို ပြောလေလျှင် အရှက်ကြီးသူမှာ ထိတ်လန့်တကြား ပျာပျာသလဲဖြင့် `ရှစ်ကြီးခိုးပါရဲ့ သူငယ်ချင်းရာ ငါရှက်လွန်းလို့ပါ၊ ငါ့ကိုသနားရင် မပြောပါနဲ့ကွာ၊ အိမ်ရောက်ရင် ငါ့ကတိအတိုင်း ငွေ ၅ိ ပေးပါမယ်´ ဟု ခခယယ တောင်းပန်လေသည်။
`မဖြစ်ဘူး မဖြစ်ဘူး၊ မပြောဘဲမနေနိုင်ဘူး၊ မင်းငွေလည်း မလိုချင်တော့ဘူး´ဟု ပြောပြီး ရွာသို့ သုတ်ခြေတင်လေတော့သည်။ အရှက်ကြီးသောသူမှာ ရွာတပ်ပေါက်မှ ဆီး၍ နောက်ပြောင်မည့်သူကို ရှက်ကြောက်စိုးရိမ်သောမျက်နှာဖြင့် လှမ်းကြည့်ရင်း လေးလံသော ခြေလှမ်းများဖြင့် နောက်က လိုက်သွားလေတော့သည်။
**လူထု-ဦးလှ***
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment