*** အူကင်ဆာမဖြစ်စေရန် မျိုးဗီဇက တားဆီးပေးနိုင်ဟုဆို…
လူ့ကိုယ်နခန္ဓာတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများမှ တားဆီးကာကွယ်ပေးသည်ဟု ယူဆရသည့် မျိုးဗီဇ တစ်ခုကတစ်ဦးချင်းကို အူကင်ဆာမဖြစ် နိုင်အောင် တားမြစ်ပေးနိုင်ကြောင်း အမေရိကန်သုတေသီများက လေ့ လာတွေ့ရှိသည်။ ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကဲ့သို့သော ဓာတုဗေဒပစ္စည်းများနှင့် ထိတွေ့ပြီးနောက် မျိုးဗီဇ တစ်ခုက လျော့ပါးစေနိုင်ကြောင်း ယခင်က လေ့လာတွေ့ရှိခဲ့ပြီဖြစ်၏။
စမ်းသပ်သုတေသနပြုရာတွင် မျိုးဗီဇကို ဖယ်လိုက်ခြင်းအားဖြင့် အူအတွင်း ရောင်ရမ်းမှုများ ပိုများလာသည်ကို တွေ့ရသည်ဟု ဆိုသည်။ အူကင်ဆာမဖြစ်အောင်မျိုးဗီဇ တစ်ခုကတားမြစ်နိုင်ကြောင်း တွေ့ရှိခြင်းဖြင့် အူကင်ဆာရောဂါ အန္တရာယ် လျော့ပါးရေးတွင် နည်းလမ်းသစ်များ ဖော်ဆောင်ပေးရေးအတွက် အထောက်အကူပြုမည်ဟု သုတေသီသိပ္ပံပညာရှင်များက ရှုမြင်ကြသည်။ (အင်တာနက်)
***(Public Health)***

No comments:
Post a Comment