ထိုင်းနှင့်မြန်မာအစိုးရတို့အကောင်အထည်ဖေါ်နေသောယာယီပတ်စပို့ လုပ်ငန်းစဉ်အပေါ်မြန်မာအလုပ်သမားတုန့် ပြန်မှုမှာနှေးကွေးလွန်းသဖြင့်အထူးစဉ်းစားစရာကိစ္စရပ်တစ်ခုဖြစ်ကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာန နိုင်ငံခြားအလုပ်သမားများရေးရာ မန်နေဂျာ နိုင်ထနစ်နနွိုင် ကပြီးခဲ့သောရက်ပိုင်းက ၀န်ကြီးဌာနအစည်းအဝေး တွင်
ပြောကြားလိုက်သည်။ပြီးခဲ့သောနိုဝင်ဘာ၂၈ရက်နေအလုပ်သမားဝန်ကြီးဌာနအစည်းအဝေး(နိုင်ငံခြားအလုပ်သမားများ
မူဝါဒရေးရာသုံးသပ်ဆွေနွေးပွဲ)တွင် မန်နေဂျာက“ဇူလိုင်လကတည်းကယခုအချိန်ထိ မြန်မာအလုပ်သမား ရှစ်သောင်း ယာယီပတ်စပို့် လုပ်ဖို့ ဖေါင်တွေဖြည့်ပြီးလျှောက်ထားခဲ့တယ်။မြန်မာနိုင်ငံအစိုးရကသူတို့နိုင်ငံသားအဖြစ်အတည်ပြုပြီးတော့
အကြောင်းပြန်တာက အလုပ်သမားသုံးသောင်း။ဆိုတော့ ကျန်တဲ့လူငါးသောင်းက ဘာတွေဖြစ်လို့ အကြောင်းမပြန်တာလဲ၊
လေးလကျော်ငါးလနီးပါးလုပ်လာပြီ နည်းနည်းချင်းစီလာလုပ်နေကြတာ စုစုပေါင်းကနေအထိ လူပေါင်း ၄၀၀၀ ပဲလုပ်သေးတယ်။ ၂၀၀၉ ခုနှစ် ကျနော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့မြန်မာအလုပ်သမားက ၇၀၀၀၀၀ ရှိတယ်၊ကျနော်တို့ကတော့နိုင်ငံသားအဖြစ်စီစစ်လို့ မရတဲ့လူတွေကို ၂၀၁၀ ဖေဖေါ်ဝါရီလကုန်ဆိုရင်
ဥပဒေအရနိုင်ငံအပြင်ဘက်ကိုမောင်းထုတ်ရမယ့်သဘောဖြစ်နေတယ်”ဟုသတင်းထောက်များအားပြောသည်။
မြန်မာနိုင်ငံသားများအချက်အလက်ဖြည့်စွက်မှုများတွင်ပြည့်စုံမှုမရှိခြင်းကြောင့်ဖြစ်နေကြောင်း၊အလုပ်သမားများအတွက်ယာယီ
ပတ်စပို့လုပ်ငန်းစဉ်အတွင်းထိုင်းဘက်က အခက်အခဲမရှိသော်လည်း၊မြန်မာဘက်မှ ဘာကြောင့်အခက်အခဲဖြစ်ပြီးနှောက်နှေးကြန့် ကြာနေသည်ကို မိမိတို့ စဉ်းစားမရဖြစ်နေကြောင်းရေးသားထားသည်။
နယ်စပ်လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ၊ကရင်တွေ၊မွန်တွေနဲ့ ရိုဟင်ဂျာလို့ ခေါ်တဲ့လူတွေများလား၊မည်သို့ပင်ဖြစ်စေ နိုင်ငံသားအဖြစ်စီစစ်မရှိနိုင်သေဲာ့လူများကိုမိမိတို့ အစိုးရအနေဖြင့်တ၇ားမ၀င်နိုင်ငံခြားသားအလုပ်သမားများအဖြစ်သတ်မှတ်ရမည်ဖြစ်ကြောင်း ယနေ့ထိုင်းဘာသာဖြင့်ထုတ် ဝေသော ဒေးလီးနယူးသတင်းစာတွင်ရေးသားဖေါ်ပြထားသည်။
***ကိုကျော်သောင်း(ဘန်ကောက်)***
( နိုဝင်ဘာ၃၀/၂၀၀၉)

No comments:
Post a Comment