*** အလုပ်ကို ဆက်တိုက် အချိန်ကြာမြှင့်စာ ပြုလုပ်ခဲ့ပါလျှင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေနိုင်ဟုဆို***
အလုပ်ကိုတဆက်တည်း အချိန်ကြာမြှင့်စွာ လုပ်ကိုင်ခြင်းသည် ဦးနှောက်ဆဲလ်များကို ထိခိုက်ပျက်စီးစေပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများဖြစ်ပေါ်စေတတ်ကြောင်း ကနေဒါဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။ အလုပ်ကိုတဆက်တည်း ၂-နာရီ(သို့)၃-နာရီကြာ ဆက်တိုက်ပြုလုပ်ခြင်းသည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ စိတ်ဖိစီးမှုနှင့် မှတ်ဥာဏ်ချို့ယွင်းမှုများ
ဖြစ်ပွားစေတတ်ကြောင်း ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြသည်။ အလုပ်ကို အနည်းဆုံး ၄၅-မိနစ်၊ အများဆုံး (၁)နာရီ ကြာမျှသာ လုပ်ကိုင်သင့်ပြီး ၅-မိနစ်ခန့် အနားယူပြီးပါမှ ဆက်လက်ပြုလုပ်သင့်ကြောင်း၊ သို့မှသာ ဦးနှောက်ဆဲလ်များ ပျက်စီးမှု လျော့နည်းစေမည်ဖြစ်ကြောင်၊ ၄င်းတို့၏ သုတေသနပြုချက်၌ ဆက်လက်ဖော်ပြထားသည်။ ထို့ကြောင့် အလုပ်ကို အချိန်ကြာမြင့်စွာ ဆက်တိုက်လုပ်ကိုင်မှုကို သတိပြုဆင်ခြင်သင့်ကြောင်း ၄င်းတို့က အကြံပြုထားသည်။ (အင်တာနက်)
+++(Public Health)+++

No comments:
Post a Comment