ကုမ္ပဏီတစ်ခုတွင် အလုပ်များနေသော ခင်ပွန်းဖြစ်သူထံသို့ ဇနီးဖြစ်သူက ဖုန်းဆက်လေသည်…။
(ခင်ပွန်း) ကိုယ်အလုပ်များနေတယ်ကွ…။
(ဇနီး) သိပါတယ်။ စကားနည်းနည်း ပြောချင်လို့ပါ…။
(ခင်ပွန်း) အေးကွာ…. အချိန်မရလို့၊ နောက်မှပြောပါကွာ…။
(ဇနီး) ခဏလေး နားထောင်ပါ ဒါလင်ရယ်…။
(ခင်ပွန်း) ကဲ… ကဲ၊ ခပ်တိုတို သာပြောကွာ…။
(ဇနီး) ဒါလင့် ကားပျက်နေတာ ပြင်လိုက်လို့ ကောင်းသွားပြီ…။
(ခင်ပွန်း) အေး… ကောင်းတယ်။ ဆက်ပြောလေ…။
(ဇနီး) နောက်တစ်ခုက… အိမ်က တိုင်ကပ်နာရီကြီးက အမေ့ခေါင်းပေါ်ပြုတ်ကျပြီး ကွဲသွားတယ်….။
(ခင်ပွန်း) ဟုတ်လား ဒီတိုင်ကပ်နာရီကလည်း နောက်ကျလိုက်တာ…။
***ဘ၀အမောပြေမှ တင်ပြပါသည်။***
*** (ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment