သို့တည်းမဟုတ် နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း လူမျိုး၊ ဘာသာ၊ သာသနာဟု ဆိုရဦးမည်လော။
နိုင်ငံရေး သဘောအမှန်မှာ အကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လဲမဟုတ် နိမ့်လွန်းသည်လဲ မဟုတ် မျက်လှည့်ဗေဒင်လဲမဟုတ်၊ အဂရိတ်လဲမဟုတ် ၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တရခရီးလဲမဟုတ်၊ ဘယ်သူသေသေငတေမာရင် ပြီးရောစိတ်ဇောနှင့်လုပ်သော အရေးကိစ္စလဲမဟုတ်၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် ပေါ်ပေါက်ဖြစ်ပွားလျှက်ရှိသော အခြေပေါ်တွင် မျှော်ခေါ်ရ်ျ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာဖြစ်ပေ၏ ။ အတိုချူပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြသော ကိစ္စပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့ စားမှု့၊သောက်မှု့၊ နေမှု့၊ ထိုင်မှု့၊ သွားမှု့၊ လာမှု့ အစုစုသည် နိုင်ငံရေးပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်မခြင်မတွေးတောမိစေကာမူ၊ နိုင်ငံရေးသည် ကျွနုပ်တို့၏အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့တွင် ပေါ်ပေါက်လျှက်ရှိသည်။ ထိုနေရာများတွင် ကျွန်ုပ်တို့သည်နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ၀မ်းစာအတွက် လယ်လုပ်ရ၏။ စာရေးစာချည် အမှု့ထမ်းသည်လဲ လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစား စသည်တို့သည် အသီးသီးဝင်ငွေရအောင် လုပ်ကြသည်။ အချူပ်မှာ စားသောက်နေထိုင်ရေးအတွက်ပင် ဖြစ်သည်။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်ရ်ျရပီးလျှင် စားသာသောက်သာသော အခြေနေကိုရလို၏။ စာရေးစာချည် အမှု့ထမ်းသည်လဲ ရုံးတွင်တကုတ်ကုတ်လုပ်ရသော ဘ၀ထက်လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေနေကို ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့သည်လဲ လွယ်လွယ်ကူကူတိုးချဲ့ရ်ျ် ကူသန်းရောင်းဝယ်လိုကြ၏။ ထိုကဲ့သို့ လူတိုင်းလူတိုင်း မိမိအခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်သည်။
သို့ရာတွင် ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှု့သည် ပြောင်းလဲလျှက်ရှိသည့် အာလျှော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လဲ ပြောင်းလဲလျှက်ရှိသည်။
ကျွန်ုပ်တို့အားလုံး သက်သက်သာသာ ချောင်ချောင်ချိချိ လူတန်းစေ့ နေထိုင်ရန်အတွက် အခွင့်ရေးပိုမိုရရှိအောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြသည်။ လွတ်လပ်ရေးဆိုရာတွင် နေရေးထိုင်ရေး လွတ်လပ်မှု့ လူတစ်ဦးတစ်ယောက်အနေနှင့် လည်းကောင်း တစ်မျိုးလုံးအနေနှင့် လည်းကောင်း တိုးတက်ကြီးပွားအောင်၊ စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု့၊ ကျွန်ုပ်တို့၏ ကာယ၊ ဥာဏ၊ စိတ်တ္တ၊ အဆင့်တန်း တိုးမြင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှု့တို့ စသည်တို့ကို ဆိုလိုပေသည်။ ထိုလွတ်လပ်မှု့ ရယူလိုမှု့သည်ပင်လျှင် နိုင်ငံရေးဖြစ်၏။ သို့ဖြစ်ရာကား နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်စရာ အကြောင်းမရှိချေ။ သို့ပါလျှက်နှင့် အချို့သောသူများသည် နိုင်ငံရေးအလုပ်ကို ယုတ်မာညစ်ထေးသည်ဟု ဆိုကြ၏။ အချို့ကလဲ နိုင်ငံရေးသည် ကိုးကွယ်ရာ ဘာသာတရားပင်ဖြစ်သကဲ့သို့ ဆိုကြပြန်၏။ ထိုသူတို့၏ အယူဆတို့မှာ အလွဲလွဲအမှားမှား ကွဲကွဲပြားပြား ရှိကြပေ၏။ (ဗိုလ်ချုပ်အောင်ဆန်း)
(၁၉၄၆ခုနှစ် ၊ဇန်န၀ါရီလ ၊၁၇ရက်မှ ၂၀ရက်ထိ ရွှေတိဂုံအလယ်ပစ္စယံတွင် ကျင်းပသောမြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးမှ ကောက်နုတ်ချက်)
***ဒီမိုကရေစီ.***
၁။ ဒီမိုကရေစီဆိုတာ လူထုအုပ်ချုပ်ရေးစနစ်ဖြစ်သည်။
၂။ ဒီမိုကရေစီဆိုတာ လူတစ်ဦးတစ်ယောက် အုပ်ချုပ်ရေးစနစ်မဟုတ်။
၃။ ဒီမိုကရေစီဆိုတာ စစ်ဗိုလ်တစ်စုရဲ့ အုပ်ချုပ်ရေးစနစ် မဟုတ်ဘူး။
၎။ ဒီမိုကရေစီဆိုတာ လူထုအားလုံး ပါဝင်အုပ်ချုပ်တာ ဖြစ်တယ်။
***ဒီမိုကရေစီ အင်္ဂါရပ်သုံးခု**
ဒီမိုကရေစီကို သိရှိသဘောပေါက် သိပ်လွယ်ကူပါတယ်။ ဒီမိုကရေစီမှာ အင်္ဂါရပ်သုံးခု အမြဲတမ်းပါဝင်နေတယ်။ အဲဒါတွေကတော့...
၁။ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှု့
၂။ လွတ်လပ်သော ရွေးကောက်ပွဲများ
၃။ ဥပဒေစိုးမိုးရေး
(၁)။ လူ့အခွင့်အရေးပေါ်လေးစားလိုက်နာမှု့
လူတိုင်းလူတိုင်းကို လူ့အခွင့်အရေးအရာမှာ တူညီမှု့အရ မွေးဖွားခဲ့တာဖြစ်တယ်။ တိုင်းရင်းသားလူမျိုး ကိုးကွယ်ရာဘာသာ နိုင်ငံသားဖြစ်မှု့ လိင်၊ နိုင်ငံရေးယုံကြည်မှု့ (သို့) စီးပွားရေးအခြေနေ မခွဲခြားပဲ လူတိုင်းဟာညီမျှတဲ့ လူ့အခွင့်အရေးကို ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဘယ်အစိုးရမဆို အရေးကြီးဆုံးဟာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ အရေးကြီးတဲ့ လူ့အခွင့်အရေးထဲမှာ ဒါတွေပါဝင်နေတယ်။
- နိုင်ငံရေးယုံကြည်ချက်နဲ့ အမြင်သဘောထားတွေကို လွတ်လပ်စွာတင်ပြခွင့်
- နိုင်ငံရေးအဖွဲ့စည်းတွေမှာ ပူပေါင်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်
- ဘာသာတရား လွတ်လပ်စွာကိုးကွယ် ယုံကြည်ဝတ်ပြုခွင့်
- အစိုးရကိုငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခွင့်
- လွတ်လပ်တဲ့တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ မျှတသောတရားစီရင်မှု့မရှိပဲ ထောင်ချခြင်းမခံထိုက်သော အခွင့်အရေး ဥစ္စာပိုင်ဆိုင်မှု့ကို သိမ်းပိုက်ခြင်းမခံထိုက်သော အခွင့်အရေး
- ရဲနှင့်စစ်တပ်တို့၏ နှိပ်စက်ညှုင်းပန်းမှု့ကို ဘယ်တော့မှမခံစားစေရ ဆိုသောအခွင့်အရေး
အထက်ကပြောသောအခွင့်အရေးတွေကို လေးစားလိုက်နာမှု့မရှိသော ဘယ်အစိုးရမဆို ဒီမိုကရေစီအစိုးရမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။
(၂) လွတ်လပ်သောရွေးကောက်ပွဲများ
လူထုအုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှာ အစိုးရခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ ရွေးကောက်ပွဲတွေမှာ လူတိုင်းမဲပေးခွင့်ရှိပါတယ်။ ထို့အပြင် အစိုးရ ဒါမှမဟုတ် တစုံတယောက်ရဲ့ ဖိအားပေးမှု့ကို မခံစေရပဲ မိမိရဲ့ဆန္ဒကို လွတ်လပ်စွာ ဖော်ပြနိုင်စေဖို့ လျှို့ဝှက်ဆန္ဒမဲစနစ်နဲ့ မဲပေးပိုင်ခွင့်ရှိတယ်။
ဒီမိုကရေစီစနစ်မှာ အစိုးရဟာ လူထုဆန္ဒမဲကို လေးစားလိုက်နာရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အစိုးရ ရှုံးနိမ့်ခဲ့ရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသစ်ရွေးချယ်ခံရတဲ့ လူထုကိုယ်စားလှယ်တွေထံ အာဏာလွဲပေးရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲတွေကို အချိန်မှန်မှန်ကျင်းပပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ပြည်သူလူထုဟာ လက်ရှိအစိုးရကို ဆက်လက်ထောက်ခံပေးသလား ဒါမှမဟုတ် အစိုးရ အပြောင်းအလဲ လုပ်ချင်သေးသလားဆိုတာကို ဆန္ဒထုတ်ဖော်ပြနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ ဘယ်သူတွေ အစိုးရလုပ်သင့်သလဲဆိုတာကို လူထုဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေမှာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
(၃)။ ဥပဒေစိုးမိုးရေး
ဥပဒေစိုးမိုးရေးဆိုတာ လူတွေဟာ ဥပဒေရဲ့ လွမ်းမိုးမှု့အောက်မှာ ရှိရမယ်လို့ဆိုလိုတယ်။ ဒီမိုကရေစီစနစ်မှာ လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးယုံကြည်မှု့ စီးပွားရေးအခြေအနေ မခွဲခြားပဲ ဥပဒေဟာ လူတိုင်းအပေါ် အကျိုးသက်ရောက်ရမည် ဖြစ်ပါသည်။ ဥပမာအနေနှင့်ပြောရရင် တပ်က ဗိုလ်ချုပ်ကြီးတစ်ယောက်နှင့် လယ်သမားကြီးတစ်ယောက်တို့ဟာ ဥပဒေရှေ့မှောက်မှာ အခွင့်အရေး တူညီမှု့ရှိသည်ပြီး ဥပဒေကို တန်းတူညီမျှ လေးစားလိုက်နာရမှာ ဖြစ်တယ်။
ဒီမိုကရေစီစနစ်မှာ ဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ဖို့ တရားသူကြီးတွေက အခြားအစိုးရ ဌာနတွေနှင့် ကင်းလွတ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ တရားသူကြီးတွေက စီရင်ဆုံးဖြတ်မှု့ပြုတဲ့အခါ နိုင်ငံရေးဖိအားမှ ကင်းလွတ်နိုင်ပြီး ဥပဒေအရသာ စီရင်ဆုံးဖြတ်မှု့ ပြုနိုင်မှာသာဖြစ်တယ်။
***Tags: သစ္စာ.***
နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော။စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာ ညစ်ထေးသည်မဟုတ်။ နိုင်ငံရေုးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းဖြစ်သာဖြစ်ပေ၏။ နိုင်ငံရေးဆိုတာ ဘာလဲဟု မေးဖွယ်ရာရှိပြန်သည်။ ကျွန်ုပ်တို့သည် သာမာန်ပုထုဇဉ်များဖြစ်သောကြောင့် နိုင်ငံရေးကို မလုပ်သင့်၊ နိုင်ငံရေးသည် အလွန်မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ ၊ လေးမြတ်စွာ မျှော်ရှု့ရန်သာရှိသည်ဟူရ်ျ ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးဆိုသည်မှာ အချို့သော လူလိမ်လူညာတို့က တောအုံကမ်းနား ကျေးတောသား လူရိုးလူအတို့အား အတိတ် ၊ တဘောင်၊ စနည်း၊ ဘဝေါတို့ကို တွင်တွင်ကြီးဟောပြောရ်ျ ထိုသူတို့၏ မနောအကြိုက်ကိုလိုက်ရ်ျ အငိုက်ကိုဖမ်းပီးနောက် စားပေါက်ထွင်ကြသည့် ကိစ္စဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် အန္တရာယ်များစွာရှိသော အရေးကိစ္စဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တတ်နိုင်ရင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။
သို့တည်းမဟုတ် နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း လူမျိုး၊ ဘာသာ၊ သာသနာဟု ဆိုရဦးမည်လော။
နိုင်ငံရေး သဘောအမှန်မှာ အကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လဲမဟုတ် နိမ့်လွန်းသည်လဲ မဟုတ် မျက်လှည့်ဗေဒင်လဲမဟုတ်၊ အဂရိတ်လဲမဟုတ် ၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တရခရီးလဲမဟုတ်၊ ဘယ်သူသေသေငတေမာရင် ပြီးရောစိတ်ဇောနှင့်လုပ်သော အရေးကိစ္စလဲမဟုတ်၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် ပေါ်ပေါက်ဖြစ်ပွားလျှက်ရှိသော အခြေပေါ်တွင် မျှော်ခေါ်ရ်ျ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာဖြစ်ပေ၏ ။ အတိုချူပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြသော ကိစ္စပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့ စားမှု့၊သောက်မှု့၊ နေမှု့၊ ထိုင်မှု့၊ သွားမှု့၊ လာမှု့ အစုစုသည် နိုင်ငံရေးပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်မခြင်မတွေးတောမိစေကာမူ၊ နိုင်ငံရေးသည် ကျွနုပ်တို့၏အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့တွင် ပေါ်ပေါက်လျှက်ရှိသည်။ ထိုနေရာများတွင် ကျွန်ုပ်တို့သည်နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ၀မ်းစာအတွက် လယ်လုပ်ရ၏။ စာရေးစာချည် အမှု့ထမ်းသည်လဲ လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစား စသည်တို့သည် အသီးသီးဝင်ငွေရအောင် လုပ်ကြသည်။ အချူပ်မှာ စားသောက်နေထိုင်ရေးအတွက်ပင် ဖြစ်သည်။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်ရ်ျရပီးလျှင် စားသာသောက်သာသော အခြေနေကိုရလို၏။ စာရေးစာချည် အမှု့ထမ်းသည်လဲ ရုံးတွင်တကုတ်ကုတ်လုပ်ရသော ဘ၀ထက်လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေနေကို ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့သည်လဲ လွယ်လွယ်ကူကူတိုးချဲ့ရ်ျ် ကူသန်းရောင်းဝယ်လိုကြ၏။ ထိုကဲ့သို့ လူတိုင်းလူတိုင်း မိမိအခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်သည်။
သို့ရာတွင် ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှု့သည် ပြောင်းလဲလျှက်ရှိသည့် အာလျှော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လဲ ပြောင်းလဲလျှက်ရှိသည်။
ကျွန်ုပ်တို့အားလုံး သက်သက်သာသာ ချောင်ချောင်ချိချိ လူတန်းစေ့ နေထိုင်ရန်အတွက် အခွင့်ရေးပိုမိုရရှိအောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြသည်။ လွတ်လပ်ရေးဆိုရာတွင် နေရေးထိုင်ရေး လွတ်လပ်မှု့ လူတစ်ဦးတစ်ယောက်အနေနှင့် လည်းကောင်း တစ်မျိုးလုံးအနေနှင့် လည်းကောင်း တိုးတက်ကြီးပွားအောင်၊ စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု့၊ ကျွန်ုပ်တို့၏ ကာယ၊ ဥာဏ၊ စိတ်တ္တ၊ အဆင့်တန်း တိုးမြင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှု့တို့ စသည်တို့ကို ဆိုလိုပေသည်။ ထိုလွတ်လပ်မှု့ ရယူလိုမှု့သည်ပင်လျှင် နိုင်ငံရေးဖြစ်၏။ သို့ဖြစ်ရာကား နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်စရာ အကြောင်းမရှိချေ။ သို့ပါလျှက်နှင့် အချို့သောသူများသည် နိုင်ငံရေးအလုပ်ကို ယုတ်မာညစ်ထေးသည်ဟု ဆိုကြ၏။ အချို့ကလဲ နိုင်ငံရေးသည် ကိုးကွယ်ရာ ဘာသာတရားပင်ဖြစ်သကဲ့သို့ ဆိုကြပြန်၏။ ထိုသူတို့၏ အယူဆတို့မှာ အလွဲလွဲအမှားမှား ကွဲကွဲပြားပြား ရှိကြပေ၏။ (ဗိုလ်ချုပ်အောင်ဆန်း)
(၁၉၄၆ခုနှစ် ၊ဇန်န၀ါရီလ ၊၁၇ရက်မှ ၂၀ရက်ထိ ရွှေတိဂုံအလယ်ပစ္စယံတွင် ကျင်းပသောမြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးမှ ကောက်နုတ်ချက်)
***ဒီမိုကရေစီ.***
၁။ ဒီမိုကရေစီဆိုတာ လူထုအုပ်ချုပ်ရေးစနစ်ဖြစ်သည်။
၂။ ဒီမိုကရေစီဆိုတာ လူတစ်ဦးတစ်ယောက် အုပ်ချုပ်ရေးစနစ်မဟုတ်။
၃။ ဒီမိုကရေစီဆိုတာ စစ်ဗိုလ်တစ်စုရဲ့ အုပ်ချုပ်ရေးစနစ် မဟုတ်ဘူး။
၎။ ဒီမိုကရေစီဆိုတာ လူထုအားလုံး ပါဝင်အုပ်ချုပ်တာ ဖြစ်တယ်။
***ဒီမိုကရေစီ အင်္ဂါရပ်သုံးခု**
ဒီမိုကရေစီကို သိရှိသဘောပေါက် သိပ်လွယ်ကူပါတယ်။ ဒီမိုကရေစီမှာ အင်္ဂါရပ်သုံးခု အမြဲတမ်းပါဝင်နေတယ်။ အဲဒါတွေကတော့...
၁။ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှု့
၂။ လွတ်လပ်သော ရွေးကောက်ပွဲများ
၃။ ဥပဒေစိုးမိုးရေး
(၁)။ လူ့အခွင့်အရေးပေါ်လေးစားလိုက်နာမှု့
လူတိုင်းလူတိုင်းကို လူ့အခွင့်အရေးအရာမှာ တူညီမှု့အရ မွေးဖွားခဲ့တာဖြစ်တယ်။ တိုင်းရင်းသားလူမျိုး ကိုးကွယ်ရာဘာသာ နိုင်ငံသားဖြစ်မှု့ လိင်၊ နိုင်ငံရေးယုံကြည်မှု့ (သို့) စီးပွားရေးအခြေနေ မခွဲခြားပဲ လူတိုင်းဟာညီမျှတဲ့ လူ့အခွင့်အရေးကို ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဘယ်အစိုးရမဆို အရေးကြီးဆုံးဟာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ အရေးကြီးတဲ့ လူ့အခွင့်အရေးထဲမှာ ဒါတွေပါဝင်နေတယ်။
- နိုင်ငံရေးယုံကြည်ချက်နဲ့ အမြင်သဘောထားတွေကို လွတ်လပ်စွာတင်ပြခွင့်
- နိုင်ငံရေးအဖွဲ့စည်းတွေမှာ ပူပေါင်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်
- ဘာသာတရား လွတ်လပ်စွာကိုးကွယ် ယုံကြည်ဝတ်ပြုခွင့်
- အစိုးရကိုငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခွင့်
- လွတ်လပ်တဲ့တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ မျှတသောတရားစီရင်မှု့မရှိပဲ ထောင်ချခြင်းမခံထိုက်သော အခွင့်အရေး ဥစ္စာပိုင်ဆိုင်မှု့ကို သိမ်းပိုက်ခြင်းမခံထိုက်သော အခွင့်အရေး
- ရဲနှင့်စစ်တပ်တို့၏ နှိပ်စက်ညှုင်းပန်းမှု့ကို ဘယ်တော့မှမခံစားစေရ ဆိုသောအခွင့်အရေး
အထက်ကပြောသောအခွင့်အရေးတွေကို လေးစားလိုက်နာမှု့မရှိသော ဘယ်အစိုးရမဆို ဒီမိုကရေစီအစိုးရမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။
(၂) လွတ်လပ်သောရွေးကောက်ပွဲများ
လူထုအုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှာ အစိုးရခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ ရွေးကောက်ပွဲတွေမှာ လူတိုင်းမဲပေးခွင့်ရှိပါတယ်။ ထို့အပြင် အစိုးရ ဒါမှမဟုတ် တစုံတယောက်ရဲ့ ဖိအားပေးမှု့ကို မခံစေရပဲ မိမိရဲ့ဆန္ဒကို လွတ်လပ်စွာ ဖော်ပြနိုင်စေဖို့ လျှို့ဝှက်ဆန္ဒမဲစနစ်နဲ့ မဲပေးပိုင်ခွင့်ရှိတယ်။
ဒီမိုကရေစီစနစ်မှာ အစိုးရဟာ လူထုဆန္ဒမဲကို လေးစားလိုက်နာရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အစိုးရ ရှုံးနိမ့်ခဲ့ရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသစ်ရွေးချယ်ခံရတဲ့ လူထုကိုယ်စားလှယ်တွေထံ အာဏာလွဲပေးရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲတွေကို အချိန်မှန်မှန်ကျင်းပပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ပြည်သူလူထုဟာ လက်ရှိအစိုးရကို ဆက်လက်ထောက်ခံပေးသလား ဒါမှမဟုတ် အစိုးရ အပြောင်းအလဲ လုပ်ချင်သေးသလားဆိုတာကို ဆန္ဒထုတ်ဖော်ပြနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ ဘယ်သူတွေ အစိုးရလုပ်သင့်သလဲဆိုတာကို လူထုဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေမှာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
(၃)။ ဥပဒေစိုးမိုးရေး
ဥပဒေစိုးမိုးရေးဆိုတာ လူတွေဟာ ဥပဒေရဲ့ လွမ်းမိုးမှု့အောက်မှာ ရှိရမယ်လို့ဆိုလိုတယ်။ ဒီမိုကရေစီစနစ်မှာ လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးယုံကြည်မှု့ စီးပွားရေးအခြေအနေ မခွဲခြားပဲ ဥပဒေဟာ လူတိုင်းအပေါ် အကျိုးသက်ရောက်ရမည် ဖြစ်ပါသည်။ ဥပမာအနေနှင့်ပြောရရင် တပ်က ဗိုလ်ချုပ်ကြီးတစ်ယောက်နှင့် လယ်သမားကြီးတစ်ယောက်တို့ဟာ ဥပဒေရှေ့မှောက်မှာ အခွင့်အရေး တူညီမှု့ရှိသည်ပြီး ဥပဒေကို တန်းတူညီမျှ လေးစားလိုက်နာရမှာ ဖြစ်တယ်။
ဒီမိုကရေစီစနစ်မှာ ဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ဖို့ တရားသူကြီးတွေက အခြားအစိုးရ ဌာနတွေနှင့် ကင်းလွတ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ တရားသူကြီးတွေက စီရင်ဆုံးဖြတ်မှု့ပြုတဲ့အခါ နိုင်ငံရေးဖိအားမှ ကင်းလွတ်နိုင်ပြီး ဥပဒေအရသာ စီရင်ဆုံးဖြတ်မှု့ ပြုနိုင်မှာသာဖြစ်တယ်။
***Tags: သစ္စာ.***


No comments:
Post a Comment