ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 27, 2009

ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

> *** ဆိုမာလီနိုင်ငံတွင် ကုလသမဂ္ဂ၀န်ထမ်းတစ်ဦး အသတ်ခံရ***
(မိုဂါဒစ်ရှူး၊ ဒီဇင်ဘာလ ၂၅-ရက်)
အာဖရိကတိုက်၊ ဆိုမာလီနိုင်ငံ၏မြို့တော် မိုဂါဒစ်ရှူးမြို့၏ မြောက်ဖက်ကီလိုမီတာ ၃၀၀-အကွာအဝေးတွင် ရှိသော ဗီလက်ဝပ်မြို့လယ်တွင် ကုသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP)မှ ဒေသခံလုံခြုံရေးအရာရှိတစ်ဦးကို သေနတ်သမားများက ဒီဇင်ဘာလ ၂၃-ရက်နေ့၌ ပစ်သတ်လိုက်ကြသည်။ အစ္စလာမ်မစ်တရားရုံးများသမဂ္ဂမှ အရာရှိဟောင်းဖြစ်သော `အလိုဖာရပ်ခ်ျအာမေး´ကို WFP အဆောက်အုံအနီးတွင် အမည်မသိသေနတ်သမား တို့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပရက်(စ်)တီဗွီသတင်းထောက်က သတင်းပို့သည်။ (အင်တာနက်)

*** အင်္ဂါဂြိုဟ်သို့ လူဝံတစ်ကောင်စေလွှတ်ရေးကို ရုရှားသိပ္ပံပညာရှင်များစဉ်စားနေကြ***
(မော်စကို၊ ဒီဇင်ဘာလ ၂၅-ရက်)
ရုရှားသိပ္ပံပညာရှင်များသည် အင်္ဂါဂြိုဟ်သို့ လူဝံတစ်ကောင်စေလွှတ်ဖွယ်ရှိကြောင်း အာကာသစူးစမ်းလေ့လာရေး လုပ်ငန်းအတွက်မျောက်များအား လေ့ကျင့်ပေးရေးအစီစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ရန် သိပ္ပံပညာရှင်များ စဉ်းစားလျက်ရှိကြောင်း အင်တာနက်သတင်းမှာ ဖော်ပြသည်။ ရုရှားနိုင်ငံနက္ခတ္တနှင့် အာကာသအသုံးချသိပ္ပံတက္ကသိုလ်သည် ဂျော်ဂျီယာနိုင်ငံရှိ ရောဂါဗေဒနှင့် ကုထုံးပညာတက္ကသိုလ်နှင့် ပူးပေါင်းကာ အာကာသစူးစမ်းလော့လာရေးလုပ်ငန်း၌ လူဝံကဲ့သို့ မျောက်များအား လေ့ကျင့်ပေးရန် ပမာဏဆွေးနွေးညှိုနှိုင်းလျက်ရှိသည်။ ရောဂါဗေဒနှင့် ကုထုံးပညာတက္ကသိုလ်သည် ၁၉၈၀-ပြည့်လွန်နှစ်များက အာကာသယာဉ်နှင့်အတူလိုက်ပါစေမည့် လူဝံများအား လေ့ကျင့်ပေးသည့် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သည့် အတွေ့အကြုံရှိသည်။ အင်္ဂါဂြိုဟ်သို့သွားရောက်မည့် အာကာသယာဉ်နှင့်အတူ အာကာသယာဉ်မှူးများ လိုက်ပါရေးမှာ ၄င်းတို့အတွက် အသက်အန္တရာယ်ရှိသဖြင့် မျောက်များကို အာကာသသို့ စေလွှတ်ရန် စဉ်းစားလာကြခြင်းဖြစ်သည်။ (အင်တာနက်)

*** ဂါဇာကိုအလုံးအရင်းနှင့် တိုက်ဦးမည်ဟု အစ္စရေးနိုင်ငံက ခြိမ်းခြောက်***
(တဲလ်အဗစ်၊ ဒီဇင်ဘာလ ၂၅-ရက်)
အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြှောင်ဒေသကို နောက်ထပ်အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရန် ခြိမ်းခြောက်လာပြန်ကြောင်း၊ ဇန်န၀ါရီလ ထိုးစစ်ကြောင့် ညက်ညက်ကြေခဲ့ရသည့် လူသူအရောက်အပေါက်နည်းသော ဂါဇာကမ်းမြှောင်ဒေသရှိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအနေဖြင့် ဒုက္ခရောက်ရချိန်၌ ယင်းကဲ့သို့ ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ပရပ်(စ်)တီဗွီသတင်းဌာနက ဖော်ပြသည်။ ဂါဇာကမ်းမြှောင်ဒေသကမ်းခြေအစတွင် အခြေစိုက်စခန်းချနေသည့် ခုခံရေးတိုက်ပွဲဝင်များနှင့် ပူးပေါင်းခြင်းမပြုရန် ပါလက်စတိုင်းပြည်သူတို့အား သတိပေးထားသော လက်ကမ်းစာစောင်ထောင်သောင်းများစွာကို အစ္စရေးလေယာဉ်များက ဂါဇာကမ်းမြှောင်ဒေသတခွင်တွင် ကြဲချနေကြောင်းသိရသည်။ ဂါဇာကမ်းမြှောင်ဒေသသို့ ယမန်နှစ်တွင် အစ္စရေးတို့က (၂၂)ရက်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်း၏ ပထမအကြိမ်နှစ်ပတ်လည်နေ့ မတိုင်မီ ဂါဇာကမ်းမြှောင်ဒေသကိုထပ်မံတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ခြိမ်ခြောက်လိုက်ခြင်းဖြစ်၏။ (အင်တာနက်)

*** အီဂျစ်ဘုရင်မကြီးနီဖာတီတီ၏ ရုပ်တုပြန်လွှဲပြောင်းရန် အီဂျစ်တောင်းဆိုချက်
ကိုဂျာမနီလက်မခံဘဲငြင်းပယ်***
(ဘာလင်၊ ဒီဇင်ဘာလ ၂၅-ရက်)
လွန်ခဲ့သည့် နှစ်ပေါင်း ၃၃၀၀-က အီဂျစ်ဘုရင်မကြီး နီဖာတီတီ၏ ကိုယ်တစ်ပိုင်းပုံရုပ်တုကို ပြန်ပေးရန် အီဂျစ်နိုင်ငံ၏ မေတ္တာရပ်ခံချက်အပေါ် ဂျာမနီနိုင်ငံက လက်မခံဘဲ ငြင်းပယ်ခဲ့သည်။ ယင်းအီဂျစ်ဘုရင်မကြီး နီဖာတီတီ၏ ကိုယ်တစ်ပိုင်းပုံရုပ်တုသည် လွန်ခဲ့သည့် ရာစုနှစ် တစ်ခုနီးပါးက ပရပ်ရှားနိုင်ငံမှ တရားဝင်ရယူခဲ့ခြင်းဖြစ်သည်ဟု ဂျာမနီအစိုးရအရာရှိများက ပြောကြားကာ ယင်းကဲ့သို့ ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ ယင်းပစ္စည်းပြန်လည်ရရှိရေးအတွက် အီဂျစ်အစိုးရက ၁၉၃၀-ပြည့်နှစ်မှစ၍ ထပ်ခါတလဲလဲမေတ္တာရပ်ခံတောင်းဆိုခဲ့ခြင်းကို ဂျာမနီအစိုးရအဆက်ဆက်က မသိကျိုးကျွံ ပြုခဲ့သည်ဟု ဆိုသည်။ ဂျာမနီရှေးဟောင်းသုတေသနပညာရှင် လုဒ်ဝစ်ဘောချတ်က ယင်းပစ္စည်းကို ရွှံ့စေး၊ မြေစေးတို့ဖြင့် သုတ်လိမ်းဖုံးအုပ်ကာ ရုပ်ဖျက်ထားခဲ့ကြောင်းဖြင့်လည်း အီဂျစ်ရှေးဟောင်းပစ္စည်းများဆိုင်ရာ တာဝန်ရှိသူ ဇာဟီဟာဝပ်စ်က ပြောကြားသည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်- မောင်မောင်ဆွေ၊ သတင်းလုလင်***

*** ဆိုမာလီနိုင်ငံတွင် ကုလသမဂ္ဂ၀န်ထမ်းတစ်ဦး အသတ်ခံရ***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)