လီဗာပူးအသင်းသည် နွေရာသီတွင် ဆန်းဒါးလန်း တိုက်စစ်မှူး ကီဝန်ဂျုန်းစ်အား အမြဲတမ်းစာချုပ်နိုင်မည့် အချက်အပေါ် အခြေခံသော အငှားစာချုပ်ဖြင့် ခေါ်ယူစာချုပ်လိုကြောင်း ဒေးလီးမေရာ၌ ဖော်ပြသည်။ (အင်တာနက်)
*** တိုက်စစ်မှူး မက်ကာသီအား ၀က်စ်ဟမ်းက ကမ်းလှမ်း ***
ဝက်စ်ဟမ်းအသင်းကို ပိုင်ရှင်အသစ် ဒေးဗစ်ဂိုးလ်နှင့် ဒေးဗစ်လီဗန်တို့ လွှဲပြောင်းရယူပြီးနောက် ပထမဦးဆုံး ကမ်းလှမ်းမှုအဖြစ် ဘလက်ဘန်းတိုက်စစ်မှူး ဘင်နီမက်ကာသီအား ပြောင်းရွှေ့ကြေး ပေါင် ၁ ဒသမ ၂-သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း ဒေးလီးစတား၌ ဖော်ပြသည်။ (အင်တာနက်)
*** ကာနာလက်စ်အားခေါ်ယသရန် ချဲလ်ဆီးနှင့် မန်စီးတီးကမ်းလှမ်း ***
စပိန်အသင်း ရေးဆင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး ယခုနွေရာသီတွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မည့် အသက် ၁၈-နှစ်ရှိ စပိန်ကွင်းလယ်ကစားသမား ဆာဂျီယိုကာနာလက်စ်အား ခေါ်ယူရန် ချဲလ်ဆီးနှင့် မန်းစီးတီး နှစ်သင်းစလုံးက ကမ်းလှမ်းမှုများပြုလုပ်ခဲ့ကြကြောင်း အင်တာနက်သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-ချစ်စိုးနိုင်***
*** ကီဝန်ဂျုန်းစ်အား လီဗာပူးက အငှားစာချုပ်ခေါ်ယူလို***

No comments:
Post a Comment