ယီမင်နိုင်ငံ၏ အစိုးရလေကြောင်းလိုင်းဖြစ်သော ယီမင်နီးယားလေကြောင်းသည် အေ ၃၂၀-အမျိုးအစား လေ ယာဉ် ၁၀-စင်းဝယ်ယူရေးအတွက် အဲယားဘတ်စ်ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုကြောင်း ပါရီအခြေစိုက် အဲယား ဘတ်စ်အုပ်စုက ဇန်န၀ါရီလ ၂၁-ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ဖော်ပြသည်။ (အင်တာနက်)
*** ကွာလာလမ်ပူလေဆိပ်၌ မူးယစ်ဆေးဖမ်းမိမှုများပြားလာ ***
မလေးရှားနိုင်ငံ အကောက်ခွန်ဦးစီးဌာနသည် ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် (ကေအယ်လ်အိုင်အေ)၌ မူးယစ်ဆေးဝါးဖမ်းမိမှုပမာဏ သိသိသာသာ များပြားလာသဖြင့် ယင်းလေဆိပ်၌ အထူးဂရုစိုက် စောင့်ကြပ်စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားတော့မည်ဖြစ်သည်ဟု စတားမလေးရှားသတင်းစာတွင် ဖော်ပြသည်။ (အင်တာနက်)
*** ဟေတီ၌ ငလျင်ထပ်မံလှုပ်၍ ပြည်သူထိတ်လန့် ***
ဟေတီနိုင်ငံတွင် ဇန်န၀ါရီလ ၂၁-ရက်နေ့က အင်အားရစ်ခ်ျတာစတား ၄ ဒသမ ၉-အဆင့်ရှိသည့် မြေငလျင်လှုပ်သွားသဖြင့် ပြည်သူများအထိတ်တလန့်ဖြစ်ရပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားလိုက်ရကြောင်း သတင်းရရှသည်။ (အင်တာနက်)
*** အီရန်ညူဓာတ်ပေါင်းဖို ယခုနှစ်ဖွင့်မည် ***
ရုရှားနိုင်ငံသည် အီရန်နိုင်ငံရှိ ဘူရီညူကလီးယားဓာတ်အားပေးစက်ရုံမှ အဏုမြူဓာတ်ပေါင်းဖိုကို ယခု ၂၀၁၀-ခုနှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု ရုရှားအစိုးရ ညူကလီးယား ဓာတ်အားပေးကော်ပိုရေးရှင်းမှ အကြီးအကဲက ဇန်န၀ါရီလ ၂၁-ရက်နေ့တွင် ပြောကြားသည်ဟု သတင်းရရှိသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
*** အေ-၃၂၀ လေယာဉ် ယီမင်နိုင်ငံဝယ်မည် ***

No comments:
Post a Comment