*** ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီးများ အရက် မသောက်သုံးသင့် ***
ရင်သားကင်ဆာဖြစ်သူ အမျိုးသမီးများအနေဖြင့် ရောဂါပြန်လည် ခေါင်းထောင် မလာနိုင်ရေးအတွက် အရက် လျှော့သောက်သင့်ကြောင်း ဆေးပညာသုတေသီများက အကြံပြုထားသည်။ အရက်ကို အတန်အသင့်သောက် ခြင်းနှင့် ကင်ဆာရောဂါ တစ်ကျော့ပြန်ဖြစ်ရန် ၃၀-ရာခိုင်နှုန်း အလားအလာရှိမှုတို့ ဆက်စပ်နှီးနွှယ်မှုရှိကြောင်း
ရင်သားကင်ဆာရောဂါ သက်သာလာသူ အမျိုးသမီး ၁၉၀၀ တို့ကို လေ့လာဆန်းစစ်ရာတွင် တွေ့ရသည်ဟု ဆိုသည်။ သွေးဆုံးသူ သို့မဟုတ် အ၀လွန်သူ အမျိုးသမီးများတွင် ထိုဆက်စပ်မှုမှာ ပိုမိုထင်ရှားကြောင်း ရှစ်နှစ်ကြာ သုတေသနပြုချက်အရ သိရသည်။ ထို့ကြောင့် အရက်လုံးဝ မသောက်သုံးခြင်းကသာ ကင်ဆာရောဂါဖြစ်မည့် အန္တရာယ်ကို ရှောင်ရှားလိုသူများအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သုသေတီများက အကြံပြုထားသည်။ (အင်တာနက်)
***(Public Health)***

No comments:
Post a Comment