တောင်အာဖရိက ကိတ်ပ်တောင်းမြို့ စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ အလွန် နှမြောတွန့်တိုသော ကမ္ဘာ လှည့်ခရီးသွားတစ်ဦး ၀င်ရောက်လာကာ စားပွဲထိုးအား ခေါ်ယူမေးမြန်းသည်။
ခရီးသွား ။ ။ သစ်သီးဖျော်ရည်တစ်ခွက် ဘယ်လောက်လဲ။စားပွဲထိုး ။ ။ ၁၀-ဒေါ်လာ
ခရီးသွား ။ ။ ဈေးများတယ်။ နွားနို့တစ်ခွက် ဘယ်လောက်လဲ။
စားပွဲထိုး ။ ။ ၁၀-ဒေါ်လာ
ခရီးသွား ။ ။ ဈေးများတယ်။ ကော်ဖီတစ်ခွက် ဘယ်လောက်လဲ
စားပွဲထိုး ။ ။ ၁၀-ဒေါ်လာ
ခရီးသွား ။ ။ အကုန်ဈေးများနေပါလား။
စားပွဲထိုး ။ ။ ပုံမှန်ရောင်းနေတဲ့ ဈေးနှုန်းတွေပါခင်ဗျာ။
ခရီးသွား ။ ။ ကဲ… ဒါဆို သောက်ရေတစ်ခွက်ပဲ ပေးပါတော့ကွာ
စားပွဲထိုး ။ ။ ရေသန့်တစ်ပုလင်း လာချပေးသည်။
ခရီးသွား ။ ။ သောက်ရေကို မြန်မြန်ယူသောက်လိုက်ပြီး `ကျေးဇူးပဲ… သွားဦးမယ်´
စားပွဲထိုး ။ ။ ငွေရှင်းသွားပါဦး… ရေသန့်တစ်ပုလင်း ၁၅-ဒေါ်လာ ကျပါတယ်။
ခရီးသွား ။ ။ `ဟေ´
မှတ်ချက်။ ။ ဘ၀အမောပြေမှ ကူးယူသည်။
***(ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment