(မော်စကို၊ ဖေဖော်ဝါရီလ ၅-ရက်)
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံမှ စွမ်းအင်တင်သွင်းမှုများ ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စွမ်းအင်ဆိုင်ရာမိတ်ဖက်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူခွင့်ပြုချက်အရ ဖြစ်ကြောင်း ရုရှားနိုင်ငံမှ စွမ်းအင်အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၅-ရက်နေ့တွင် ပြောကြားသည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို နှစ် ၂၀-ကာလအတွက် အမေရိကန်ဒေါ်လာ ၂၅-ဘီလီယံဖိုးတင်သွင်းရန် သဘောတူညီထားသည်။ (ဆင်ဟွာ)
*** ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ ဆိုးလ်မြို့တော်၌ ကျင်းပမည် ***
(ဆိုးလ်၊ ဖေဖော်ဝါရီလ ၅-ရက်)
ကမ္ဘာ့စီးပွားရေး အင်အားကြီး ထိပ်သီးအစည်းအဝေး (ဂျီ-၂၀)ကို လာမည့် နိုဝင်ဘာလ ၁၁-ရက်နှင့် ၁၂-ရက်တို့တွင် ဆိုးလ်မြို့တော်၌ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီလ ၅-ရက်နေ့၌ ကြေညာသည်။ အဆိုပါ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့၌ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(အေပတ်)ဖိုရမ်ကို နိုဝင်ဘာလ ၁၃-ရက်နှင့် ၁၄-ရက်တို့တွင် မပြုလုပ်မီ ကျင်းပခြင်းဖြစ်ကြောင်း ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကျင်းပရေး ကော်မတီဥက္ကဌက ပြောကြားသည်။ (ဆင်ဟွာ)
*** ပါကစ္စတန်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည် ဟု အိန္ဒိယထိပ်တန်းအရာရှိတစ်ဦး ထုတ်ဖော်ပြောကြား ***
(နယူးဒေလီ၊ ဖေဖော်ဝါရီလ ၅-ရက်)
ပါကစ္စတန်နိုင်ငံနှင့် ဆွေးနွေးမှုများပြုလုပ်ရန် အိန္ဒိယနိုင်ငံက ပြောကြားထားသည်ဟု အိန္ဒိယထိပ်တန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၄-ရက်နေ့၌ ထုတ်ဖော်ပြောကြားသည်။ နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးပွဲကို ယခုဖေဖော်ဝါရီလကုန်ပိုင်း၌ ပြုလုပ်နိုင်မည်ဟုလည်း ၄င်းက ဆက်လက်ပြောကြားသည်။ ပါကစ္စတန်နိုင်ငံကလည်း အိန္ဒိယနိုင်ငံ၏ ဆွေးနွေးရန် ဖိတ်ခေါ်မှုကို ကြိုဆိုကြောင်း သတင်းထုတ်ပြန်ထားသည်။ (ရိုက်တာ)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** ရုရှားမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တရုတ်ပိုမိုတင်သွင်းမည် ***

No comments:
Post a Comment