**(၁၂၄- အမ္ဗဇာတ်) ပစ္စုပ္ပန်ဝတ္ထု**
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- ၀တ်နှင့်ပြည့်စုံသော ရဟန်းတစ်ပါးကို အများကြည်ညို၍ များစွာသော ရဟန်းများ ပူဇော်သက္ကာများပြားစွာနှင့် ချမ်းသာစွာ နေရခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
**အတိတ်ဇာတ်**
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းရသေ့သည် ဟိမ၀န္တာ၌ တပည့်ရသေ့ ငါးရာနှင့် နေ၏။ တစ်ကြိမ်သော နွေကာလတွင် ရာသီဥတုပြင်းထန်၍ နေရာတိုင်းလို သောက်ရေပြတ်၏။ တိရစ္ဆာန်တို့ ရေမသောက်ရ၍ ပင်ပန်းကြ၏။
ရသေ့တစ်ယောက်သည် တိရစ္ဆာန်တို့ ရေငတ်သည်ကို မြင်၍ သစ်ပင်တစ်ပင်ကို ဖြတ်တောက်ပြီး စားကျင်း ပြုလုပ်ကာ သောက်ရေအတွက် ရေခပ်၍ထား၏။ တိရစ္ဆာန်တို့သည် ရေသောက်ရန် လာကြ၏။ များပြားလွန်း၍ ရေမှာ ခပ်၍မနိုင်၊ ရသေ့သည် သစ်သီးရှာရန်ပင် မသွားနိုင်၊ အစာ မစားဘဲ သောက်ရေခပ်၍ ထည့်ပေးနေသည်။
**တုံ့ပြန်မေတ္တာ**
တောတိရစ္ဆာန်အပေါင်းတို့သည် ရသေ့မှာ သစ်သီးရှာချိန်မရ၊ သစ်သီးပင်မစားရဘဲ အာဟာရပြတ်နေသောကြောင့် အလွန်ပင်ပန်း၏။ ငါတို့သည် သောက်ရေကို သောက်ရန် လာတိုင်း မိမိတို့နိုင်သလောက်သော သစ်သီးတို့ကို ယူဆောင်လာကြမှဖြစ်မည်ဟု တိုင်ပင်ကြကာ၊ ထိုရသေ့အတွက် ယူလာသော သစ်သီးကြီးငယ်တို့မှာလည်း တစ်ဆယ်နှစ်စီးခွဲခန့် ပမာဏရှိ၏။
တစ်ယောက်ကောင်း၍ ၀ီရိယစိုက်၍ ဆောင်ရွက်ခဲ့၏။ ၀ီရိယအကျိုးကို ခံစားရ၏။ မိတ်ဆွေကောင်းတို့က မေတ္တာ တုံ့ပြန်ကြ၏။ မိတ်ဆွေတစ်ယောက်ကောင်း၍ အားလုံးချမ်းသာကြ၏။
ဘုရားအလောင်းသည် ရသေ့အပေါင်းတို့ကို ဤသို့ အဆုံးအမ ပေး၏။
**ဇာတ်ပေါင်းသော်***
ရသေ့သည်- ယခု ၀တ်နှင့်ပြည့်စုံသောရဟန်း
ရသေ့တို့၏ ဆရာသည် -ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
***တစ်ယောက်ကောင်း၍ အပေါင်းချမ်းသာ***

No comments:
Post a Comment