စိတ်ကူးတစ်ခုနဲ့
ခပ်နုနု ခပ်ယဉ်ယဉ် ကဗျာဆရာ…။
**၁၉၈၈
ခေတ်မုန်တိုင်းအတိုက်၊ ခေတ်ရေလှိုင်းအရိုက်မှာ
အငိုက်တွေပြေကျ၊ အိပ်ရာမှ နိုးထသကဲ့သို့
သွေးကြွတဲ့ စိတ်ကူးနဲ့
ရေရူးအမြောက်၊ လှေလူးလို့ မှောက်ပစေ
လူထုနောက် တကောက်ကောက်လိုက်
တိုက်ပွဲတွေမှာ ပါဝင်
သွေးစင်တဲ့လက်နဲ့ ကဗျာစပ်
လွတ်လပ်မှု ဆာလောင်တဲ့ ဗိုက်နဲ့
ကလောင်ပိုက်ကာ လိုက်ခဲ့တယ်…။
**တိုက်ပွဲက ပြင်းထန်တော့
ပက်လက် လန်သူလန်
နံရံလေးဘက်ထဲ ရောက်သူရောက်
ပျောက်သူ သေသူတွေလဲ အများအပြား
တရားမျှတ လွတ်လပ်ခြင်းရအောင်လို့
ဘ၀တွေနဲ့ ရင်းနှီး
တန်ဖိုးကြီးကြီး ပေးခဲ့ကြရတယ်…။
**သစ်ရွက်တွေ ကြွေလျှောလို့
နွေဥသြ တွန်ခါနီးပြန်ပြီ
ဤခရီး မဆုံးသေး…။
ကဗျာဆရာမှာလဲ၊ ဒဏ်ရာတွေရ
ကလောင်ထက်မှာ သွေးစက်တွေကျခဲ့ပြီ…။
**နွေတန်ခူးမှာ
လေရူးကလေးနဲ့ ပလိုက်အား၊
အင်းယားကန် ရေပြင်ရိပ်မှာ
အတိတ်ကို မလွမ်းအား…။
**ကလောင်တစ်ချောင်းနဲ့
အောင်မောင်းမောင်စည်သံ မျှော်ရင်း
ရဲဘော်အများနဲ့ အတူ
ကလောင်ဖျား ချွန်နေဆဲ….။
**ကော်ဖီတစ်ခွက်၊ စီးကရက်တစ်လိပ်နှင့်
စိတ်ကူး မယဉ်နိုင်ရှာတော့ချေ….။ ။
*** တင်မိုး ***
၂၈၊ ဇန္န၀ါရီ၊ ၁၉၉၉
**ကော်ဖီတစ်ခွက်၊ စီးကရက်တစ်လိပ်
စိတ်ကူးတစ်ခုနဲ့
ခပ်နုနု ခပ်ယဉ်ယဉ် ကဗျာဆရာ…။
**၁၉၈၈
ခေတ်မုန်တိုင်းအတိုက်၊ ခေတ်ရေလှိုင်းအရိုက်မှာ
အငိုက်တွေပြေကျ၊ အိပ်ရာမှ နိုးထသကဲ့သို့
သွေးကြွတဲ့ စိတ်ကူးနဲ့
ရေရူးအမြောက်၊ လှေလူးလို့ မှောက်ပစေ
လူထုနောက် တကောက်ကောက်လိုက်
တိုက်ပွဲတွေမှာ ပါဝင်
သွေးစင်တဲ့လက်နဲ့ ကဗျာစပ်
လွတ်လပ်မှု ဆာလောင်တဲ့ ဗိုက်နဲ့
ကလောင်ပိုက်ကာ လိုက်ခဲ့တယ်…။
**တိုက်ပွဲက ပြင်းထန်တော့
ပက်လက် လန်သူလန်
နံရံလေးဘက်ထဲ ရောက်သူရောက်
ပျောက်သူ သေသူတွေလဲ အများအပြား
တရားမျှတ လွတ်လပ်ခြင်းရအောင်လို့
ဘ၀တွေနဲ့ ရင်းနှီး
တန်ဖိုးကြီးကြီး ပေးခဲ့ကြရတယ်…။
**သစ်ရွက်တွေ ကြွေလျှောလို့
နွေဥသြ တွန်ခါနီးပြန်ပြီ
ဤခရီး မဆုံးသေး…။
ကဗျာဆရာမှာလဲ၊ ဒဏ်ရာတွေရ
ကလောင်ထက်မှာ သွေးစက်တွေကျခဲ့ပြီ…။
**နွေတန်ခူးမှာ
လေရူးကလေးနဲ့ ပလိုက်အား၊
အင်းယားကန် ရေပြင်ရိပ်မှာ
အတိတ်ကို မလွမ်းအား…။
**ကလောင်တစ်ချောင်းနဲ့
အောင်မောင်းမောင်စည်သံ မျှော်ရင်း
ရဲဘော်အများနဲ့ အတူ
ကလောင်ဖျား ချွန်နေဆဲ….။
**ကော်ဖီတစ်ခွက်၊ စီးကရက်တစ်လိပ်နှင့်
စိတ်ကူး မယဉ်နိုင်ရှာတော့ချေ….။ ။
*** တင်မိုး ***
၂၈၊ ဇန္န၀ါရီ၊ ၁၉၉၉
No comments:
Post a Comment