ညောင်တုန်း၊ မအူပင်လိုင်းကားပေါ်မှာ ခရီးသည်အပြည့်နှင့် ကျနော့်ကို ရဲတပ်ကြပ်သောင်းစိန်က လက်ထိပ်နှစ်ကွင်းကို ကြပ်နေအောင်ခတ်ပြီး နိုင်လွန်ကြိုးနဲ့ပါတုတ်ထားတာကို ကားပေါ်မှာပါတဲ့ ခရီးသည်တွေက ၀ိုင်းကြည့်နေကြတာကို ကျနော်မရှက်ခဲ့ပါဘူး။ ကျနော်က ဆိုးခိုးရမ်းကားပြီး တည်ဆဲဥပဒေကိုချိုးဖောက်မိခဲ့လို့ ထောင်ကျရတာမှမဟုတ်တာ။ ပြည်သူလူထုအပေါ်ကို အာဏာအားကိုး၊ လက်နက်အားကိုးနဲ့ မတရားညှင်းပန်းနှိပ်စက်အနိုင်ကျင့်နေတဲ့ သူတွေရဲ့ အပုတ်နဲ့ကို အမှန်တရားဆိုတဲ့ မွှေးရနံ့နဲ့ ဖော်ထုတ်တာကို မတရားပုဒ်မတပ်ပြီး ထောင်ချလိုက်တာကို အာဏာရူးနေတဲ့ လူတစ်စုရဲ့ သိစိတ်ကတွေးမိရင် သူတို့ရှက်နေမယ်ဆိုတာမလွဲဧကန်ပါ။
မအူပင်အကျဉ်းထောင်ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာ ကားရပ်တာနဲ့ အုတ်ရိုးအနီရောင်အမြင့်ကြီးကာရံထားတဲ့ အာဏာရူးလူတစ်စုရဲ့ အမှန်တရား ဖုံးကွယ်ရာလောက ငရဲစခန်းကို ငါရောက်ခဲ့ရပြီဆိုတဲ့ အသိနဲ့အတူ ကားပေါ်မှဆင်းပြီး ထောင်းဗူးလို့ သူတို့ခေါ်တဲ့နေရာမှာ အလုံပိတ်သံတံခါးကြီး နှစ်ချပ်ဖွင့်သွားပြီး ကျနော်ကို လောကငရဲစခန်းကိုတွန်းပို့လိုက်ကြပြီး။ လက်မှခတ်ထားတဲ့ လက်ထိပ်နှစ်ကွင်းနဲ့ နိုင်လွန်ကြိုးကို ရဲတပ်ကြပ်သောင်းစိန်က ဖြုတ်ပေးတော့ တင်းကြပ်စွာခတ်ထားခဲ့တဲ့ ဒဏ်ကြောင့် ကျနော်လက်ကောက်ဝတ်မှာ သွေးတွေထွက်လာတာကိုကြည့်ပြီး ရဲတပ်ကြပ်က တာဝန်အရပါလို့ စကားတစ်ခွန်းပြောလာတာကို ကျနော်ကလည်း အမှန်တရားနဲ့ ယုံကြည်ချက်ကြောင့်ပါလို့ အပြုံးမပျက် ပြန်ပြောတော့ ရဲတပ်ကြပ် သောင်းစိန်ရဲ့ ပျက်သွားသောမျက်နှာကို ကြည့်ပြီး ကျနော်ပိုပြီး ပြုံးမိလိုက်ပါတော့တယ်။
*** ခံစားတင်ပြသူ- မြတ်မင်းအောင် ***
၂၀၀၄-ခုနှစ်မှ ၂၀၀၆-ခုနှစ်အထိ ကျနော် ဧရာဝတီတိုင်း ညောင်တုန်းမြို့လေးမှာ နေခဲ့ပါတယ်။ နေ့စဉ်မပြတ် မြို့နေပြည်သူလူထုထံကနေကြားနေရတာက စည်ပင်သာယာရေးအဖွဲ့က အရာရှိဗိုလ်ကြီး ခင်မောင်မြင့်နဲပ ဦးစီးအရာရှိ ဒေါ်ခင်အေးဝင်းတို့ရဲ့ ဥပဒေမဲ့ ငွေကြေးကောက်ခံမှုနဲ့ စည်ပင်သာယာရေးဥပဒေတွေကို အကြောင်းပြပြီး နည်းမျိုးစုံနဲ့ ငွေတောင်းနေလို့ အခက်အခဲတွေဖြစ်ပြီး ဒုက္ခရောက်နေကြရတယ်ဆိုတဲ့ ပြည်သူတွေရဲ့ ငြိးညူသံ မကျေနပ်လို့ ကျယ်လောင်စွာ မပြောရဲလို့ တီးတိုးပေါက်ကွဲသံတွေပါ။ မြို့နေပြည်သူလူထုရဲ့ နေ့စဉ်ငြီးညူသံတွေကို အရင်ပြုလို့ အမှန်တရား တစ်ရပ်ပေါ်ပေါက်လာစေဘို့ လက်လှမ်းမှီသလောက်လေ့လာပြီး လေ့လာပြီး တိကျခိုင်လုံတဲ့ အချက်အလက်တွေကို စုစည်းပြီး တိုင်းမှူး- ၀န်ကြီးအဆင့်အထိ တိုင်စာရေးလက်မှတ်ထိုးပြီး ငါးကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း စစ်အစိုးရရဲ့ ပုံသေမူတစ်ခုဖြစ်တဲ့ ဆင့်ကဲဆင့်ကဲ လဒ်ပေးမှူတွေရဲ့အောက်မှာ အမှန်တရားတွေ ကွယ်ပျောက်ပြီး နောက်ဆုံးမှာတော့ ကျနော့်ကို နိုင်ငံတော်ဆူပူအုံကြွအောင်ဆောင်ရွက်တယ်ဆိုပြီး ပုဒ်မ `၅၀၅-ခ´နဲ့ မတရားဖမ်းဆီးချုပ်နှောင်ပြီး ၂၄-၃-၂၀၀၆-နေ့မှာ ညောင်တုန်းမြို့နယ် တရားရုံးကနေ ထောင်ဒဏ် (၂)နှစ် အမိန့်ချပြီး ၂၅-၃-၂၀၀၆ နေ့မှာ မအူပင်အကျဉ်းထောင်ကို အပို့ခံလိုက်ရတော့ပါတယ်။
ညောင်တုန်း၊ မအူပင်လိုင်းကားပေါ်မှာ ခရီးသည်အပြည့်နှင့် ကျနော့်ကို ရဲတပ်ကြပ်သောင်းစိန်က လက်ထိပ်နှစ်ကွင်းကို ကြပ်နေအောင်ခတ်ပြီး နိုင်လွန်ကြိုးနဲ့ပါတုတ်ထားတာကို ကားပေါ်မှာပါတဲ့ ခရီးသည်တွေက ၀ိုင်းကြည့်နေကြတာကို ကျနော်မရှက်ခဲ့ပါဘူး။ ကျနော်က ဆိုးခိုးရမ်းကားပြီး တည်ဆဲဥပဒေကိုချိုးဖောက်မိခဲ့လို့ ထောင်ကျရတာမှမဟုတ်တာ။ ပြည်သူလူထုအပေါ်ကို အာဏာအားကိုး၊ လက်နက်အားကိုးနဲ့ မတရားညှင်းပန်းနှိပ်စက်အနိုင်ကျင့်နေတဲ့ သူတွေရဲ့ အပုတ်နဲ့ကို အမှန်တရားဆိုတဲ့ မွှေးရနံ့နဲ့ ဖော်ထုတ်တာကို မတရားပုဒ်မတပ်ပြီး ထောင်ချလိုက်တာကို အာဏာရူးနေတဲ့ လူတစ်စုရဲ့ သိစိတ်ကတွေးမိရင် သူတို့ရှက်နေမယ်ဆိုတာမလွဲဧကန်ပါ။
မအူပင်အကျဉ်းထောင်ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာ ကားရပ်တာနဲ့ အုတ်ရိုးအနီရောင်အမြင့်ကြီးကာရံထားတဲ့ အာဏာရူးလူတစ်စုရဲ့ အမှန်တရား ဖုံးကွယ်ရာလောက ငရဲစခန်းကို ငါရောက်ခဲ့ရပြီဆိုတဲ့ အသိနဲ့အတူ ကားပေါ်မှဆင်းပြီး ထောင်းဗူးလို့ သူတို့ခေါ်တဲ့နေရာမှာ အလုံပိတ်သံတံခါးကြီး နှစ်ချပ်ဖွင့်သွားပြီး ကျနော်ကို လောကငရဲစခန်းကိုတွန်းပို့လိုက်ကြပြီး။ လက်မှခတ်ထားတဲ့ လက်ထိပ်နှစ်ကွင်းနဲ့ နိုင်လွန်ကြိုးကို ရဲတပ်ကြပ်သောင်းစိန်က ဖြုတ်ပေးတော့ တင်းကြပ်စွာခတ်ထားခဲ့တဲ့ ဒဏ်ကြောင့် ကျနော်လက်ကောက်ဝတ်မှာ သွေးတွေထွက်လာတာကိုကြည့်ပြီး ရဲတပ်ကြပ်က တာဝန်အရပါလို့ စကားတစ်ခွန်းပြောလာတာကို ကျနော်ကလည်း အမှန်တရားနဲ့ ယုံကြည်ချက်ကြောင့်ပါလို့ အပြုံးမပျက် ပြန်ပြောတော့ ရဲတပ်ကြပ် သောင်းစိန်ရဲ့ ပျက်သွားသောမျက်နှာကို ကြည့်ပြီး ကျနော်ပိုပြီး ပြုံးမိလိုက်ပါတော့တယ်။
*** ခံစားတင်ပြသူ- မြတ်မင်းအောင် ***
No comments:
Post a Comment