လူသားရဲ့ လုံးလ
သေခါမှ လျှော့လိုတဲ့
ဦးမော့နေတဲ့ ဇွဲသတ္တိကြောင့်ပါ…။
တကယ်မဖြစ်တော့လဲ
ရယ်ပစ်နိုင်ပါတယ်…။
တကယ် မရတော့လဲ
တဲအိုပျက်မှာ နေရ နေရ…။
စိတ်ဓာတ်မကျ အလံမလှဲစတမ်း
ရောင့်ရဲ တင်းတိမ်
ဘ၀မှာ ခံတွင်း မြိန်တတ်ပါတယ်…။
လူသားတို့ ရွာကို
လက်ချည်းလာခဲ့တဲ့ ငါဟာ
ဘာကိုများ မက်မောလို့
လက်ပံတောကို တမ်းတနေရဦးမှာလဲ…။
နေလဲပျော်ပျော်၊ သေလဲ ပျော်ပျော်
ငါ့အဖော်တွေ တပုံကြီးပါကွယ်….။ ။
*** တင်မိုး ***
၃၀၊ ဇန္န၀ါရီ၊ ၁၉၉၉ စနေနေ့ နံနက်ခင်း
လောဘကြီးလို့ မဟုတ်
လူသားရဲ့ လုံးလ
သေခါမှ လျှော့လိုတဲ့
ဦးမော့နေတဲ့ ဇွဲသတ္တိကြောင့်ပါ…။
တကယ်မဖြစ်တော့လဲ
ရယ်ပစ်နိုင်ပါတယ်…။
တကယ် မရတော့လဲ
တဲအိုပျက်မှာ နေရ နေရ…။
စိတ်ဓာတ်မကျ အလံမလှဲစတမ်း
ရောင့်ရဲ တင်းတိမ်
ဘ၀မှာ ခံတွင်း မြိန်တတ်ပါတယ်…။
လူသားတို့ ရွာကို
လက်ချည်းလာခဲ့တဲ့ ငါဟာ
ဘာကိုများ မက်မောလို့
လက်ပံတောကို တမ်းတနေရဦးမှာလဲ…။
နေလဲပျော်ပျော်၊ သေလဲ ပျော်ပျော်
ငါ့အဖော်တွေ တပုံကြီးပါကွယ်….။ ။
*** တင်မိုး ***
၃၀၊ ဇန္န၀ါရီ၊ ၁၉၉၉ စနေနေ့ နံနက်ခင်း
No comments:
Post a Comment