
**နှစ်ဆန်းတစ်ရက်မှာ
တဘက်ကလေး ပခုံးတင်
အမေ့ရုပ်ပုံကို မြင်မိ…။
**“မင်္ဂလာ ရှိအောင်နေ
စိတ်ကြည်ကြည်လင်လင် နေ
ကုသိုလ် ပညာ ဥစ္စာ ရအောင်နေ
အနေကောင်းမှ အသေကောင်းမယ်
ကောင်းမှုနဲ့ မွေ့လျော်လေ…” တဲ့…။
**အမေ့စကား နှစ်စဉ်ကြားမိ
ကြားယောင်မိတိုင်း စိတ်ညွတ်ကိုင်းမိ
တုနှိုင်းမရ မြတ်ဗုဒ္ဓအား
ဦးချလျက်ကို နှစ်သစ်ကြိုမည်
ပင်ပျိုရွယ်သစ် လန်းစေသတည်း…။ ။
*** တင်မိုး ***
(၁၇ ဧပြီ၊ ၁၉၉၉၊ မြန်မာနှစ်ဆန်း (၁)ရက် စနေနေ့ နံနက်ခင်း)Hide all

**နှစ်ဆန်းတစ်ရက်မှာ
တဘက်ကလေး ပခုံးတင်
အမေ့ရုပ်ပုံကို မြင်မိ…။
**“မင်္ဂလာ ရှိအောင်နေ
စိတ်ကြည်ကြည်လင်လင် နေ
ကုသိုလ် ပညာ ဥစ္စာ ရအောင်နေ
အနေကောင်းမှ အသေကောင်းမယ်
ကောင်းမှုနဲ့ မွေ့လျော်လေ…” တဲ့…။
**အမေ့စကား နှစ်စဉ်ကြားမိ
ကြားယောင်မိတိုင်း စိတ်ညွတ်ကိုင်းမိ
တုနှိုင်းမရ မြတ်ဗုဒ္ဓအား
ဦးချလျက်ကို နှစ်သစ်ကြိုမည်
ပင်ပျိုရွယ်သစ် လန်းစေသတည်း…။ ။
*** တင်မိုး ***
(၁၇ ဧပြီ၊ ၁၉၉၉၊ မြန်မာနှစ်ဆန်း (၁)ရက် စနေနေ့ နံနက်ခင်း)Hide all


No comments:
Post a Comment