ငါ့တာဝန်ကျေပြီးရောဆိုပြီး ပြီးစလွယ် လုပ်တတ်ကြပါတယ်။ဒါကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသူ
နိုင်ငံသားတိုင်းအတွက် အကျိုးမများနိုင်ပါဘူး။ အကျိုးများချင်ရင်တော့  ကျနော်တို့ တစ်ဦးချင်း
က တာဝန်သိစိတ် ကိုယ်စီမွေးမြူပြီး ဒီမိုကရေစီ ခရီးရှည်ကြီးကို လျှောက်လှမ်းသွားကြ ရမှာပါ။
စစ်အာဏာရှင် စနစ်ဆိုးကြီးကို နိုင်ငံသားတိုင်း ခံစာနေကြရသည်မှာ အားလုံးအသိပဲဖြစ်ပါတယ် ။စနစ်ဆိုးနဲ့ ပါတ်သက်ပြီးပြောချင်တာကတော့  လူတစ်ဦး၊ အဖွဲ့ တစ်ဖွဲ့ ၊ ပါတီ တစ်ခု စသည်တို့ ဟာ စနစ်ဆိုး တစ်ခုကို ကျင့်သုံးတယ်ဆိုပါစို့ ၊ ဒီလိုစတင် ကျင့်သုံးတဲ့ သူ သို့ မဟုတ် အဖွဲ့  သို့ မဟုတ် ပါတီ ဟာ အဲဒီစနစ်ဆိုး ရဲ့ ပထမဆုံး ဓါးစာခံ ပဲ ဆိုတာကို သိစေချင်ပါတယ် ။နောက်မှသာ ၄င်းနဲ့ ပါတ်သက်ဆက်နွယ်သူတွေကို ရိုက်ခတ်တာပါပဲ ။ ကျနော်တို့ ဟာ စနစ်ဆိုးကို မကြိုက်ဘူးဆိုရင် ကျနော်တို့ ကိုယ်တိုင် အဲလို စနစ်ဆိုးမျိုးကို မကျင့်သုံးဘို့ နဲ့ စနစ်ဆိုးကို ပျောက်ပျက်သွားအောင် ကျနော်တို့ အားလုံး တာဝန်သိစိတ်ဓါတ်နဲ့ ကြိုးစားရုန်းကန်သွားကြရမှာပါ။
ကျနော်တို့ ကြွေးကြော်နေတဲ့  ဒီမိုကရေစီကို လိုချင်ရင် ရချင်ရင်တော့ ဒီမိုကရေစီစိတ်ဓါတ်ကို သေချာပိုင်ဆိုင်ထားဘို့ လိုပါတယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာ ကျင့်စဉ်တစ်ခု ဆိုတာကို ကျနော်တို့ မမေ့အပ်ဘူး။အထူးသဖြင့်  ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအနေဖြင့် ဒီမိုကရေစီစိတ်ဓါတ်သည် အထူးကိုလိုအပ်ပါတယ်။ ဒီတက်ကြွသူလှုပ်ရှားသူတွေက သူတို့ မှာ ပထမဆုံး 3 Knows ကို သိဘို့ အရေးကြီးပါတယ် ။ 3 Knows က ဘာတွေလဲဆိုတော့  Know yourself , Know your people and Know your subjects တွေပဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် သိဘို့ ၊ကိုယ်ရဲ့ နိုင်ငံသားတွေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ အကြောင်း စတဲ့ လူတွေရဲ့ အကြောင်းကို သိဘို့ နဲ့ ကိုယ့် ရဲ့ ဘာသာဗေဒ ကိုသိဘို့ ၊ ဆိုလိုတာက ကိုယ်က နိုင်ငံရေးလုပ်မယ်ဆို ရင် နိုင်ငံရေးရဲ့ သဘောသဘာဝ ကို သိဘို့ ပါပဲ ။ ဒီ 3 Knows ကို မိမိက သေချာ သိပြီဆိုရင်တော့ ဒီမိုကရေစီအရေးမှာ မိမိကိုယ်မိမိ မှန်ကန်စွာနေရာချနိုင်ပြီလို့ ပြောရမှာပါ။ ဒါမှသာ လူမှန်နေရာမှန် ကို မိမိကိုယ်တိုင် က ပြဌာန်းနိုင်တာလဲ ဖြစ်ပါတယ်။
အဲဒီလို မိမိကိုယ်မိမိ နေရာချထားပြီးတော့ ဆက်လက်လုပ်ဆောင်ကြရမှာ ကတော့  ဒီမိုကရေစီစိတ်ဓါတ်ကို ပိုင်ပိုင်နိုင်နိုင် မွေးမြူကျင့်ကြံနိုင်ဘို့ ပါ။ ဒီမိုကရေစီစိတ်ဓါတ်ဆိုတာ အင်မတန်သိမ်မွေ့ ပါတယ် ။ ခက်ခဲနက်နဲ ပါတယ် ။ ဒါက ဘာတွေလဲဆိုတော့ 3 M,s ပဲဖြစ်ပါတယ် ။ ဆိုလိုတာက Mutual Recognition ,Mutual Respect and Mutual Understanding တို့ပဲဖြစ်ပါတယ်။ အပြန်အလှန် အသိအမှတ်ပြုမူ၊ အပြန်အလှန် လေးစားမူနဲ့  အပြန်အလှန် နားလည်မူတို့ ပါပဲ ။ နံပါတ် ၁။ ဖြစ်တဲ့  အပြန်အလှန် အသိအမှတ်ပြုတာက စပြီး အင်မတန်သိမ်မွေ့ ခက်ခဲတာကို နားလည်နိုင်ပါလိမ့် မယ်။ ဒါကို ကျင့်ကြံအကောင်အ
ထည်ဖေါ်နိုင်ဘို့ အရှိတရား ကို သေချာကြည့်တတ်မြင်တတ်ဖို့ အရေးကြီးပါတယ် ။ ဒါက လူတစ်ဦးချင်းစီ ၊တစ်ဖွဲ့ ချင်းစီ ၊ တစ်ပါတီချင်းစီ စသဖြင့် တစ်ခုချင်းစီရဲ့  လက်ရှိ ဖြစ်တည်မူ အရှိတရားကို မှန်ကန်စွာ လက်ခံအသိအမှတ်ပြုနိုင်ရန်ဖြစ်ပါတယ် ။ တစ်ခုချင်းစီမှာ အပေါင်းသဘောတွေရှိသလို အနုတ်သဘောတွေလဲ ရှိကြတာချည်းပါပဲ။ နှစ်မျိုးလုံးကို လက်ခံအသိအမှတ်ပြုရမှာပါ ။ ဒီအသိအမှတ်ပြုတာက အရေးအကြီးဆုံးအဆင့် ပဲ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန်အသိအမှတ်ပြုနိုင်ရင် ဆက်လက်ပြီးတော့ အပြန်အလှန် လေးစားဘို့ ပါပဲ ။
ကျနော်တို့ လျှောက်လှမ်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်ကနေ အားလုံးကို အပြန်အလှန်အသိအမှတ်ပြု ပြီးလေးစားမူတွေကို အပြန်အလှန်ပေးရင်း တစ်ဦးချင်း စီကနေတစ်ဆင့်  ပိုမိုကျယ်ပြန့် တဲ့ လူ့ အဖွဲ့ အစည်းဆီကို ဒီအကျင့်ကောင်းတွေကို သယ်ဆောင်သွားကြမယ်ဆိုရင် ကျနော်တို့ ခရီးက မှန်းထားသလောက် မကြာရှည်ပဲ နောက်မျိုးဆက်တို့ အတွက် အကောင်းဆုံးအမွေကို ကျနော်တို့ ထားနိုင်ခဲ့ မှာပါ။ ဘာကြောင့်လဲဆိုတော့ တစ်ဦးချင်းစီ တစ်ဖွဲ့ ချင်းစီ တစ်ပါတီချင်းစီ ထံမှာ ကိုယ်ပိုင် အလှတရားနဲ့ ကိုယ်ပိုင် တန်ဘိုးတွေကိုယ်စီရှိနေကြလို့ ပါပဲ။ သူများက မိမိကို လေးစားစေချင်ရင် မိမိ က သူတပါးကို လေးစားရမယ့် အသိရှိနေဘို့ ပါ။ အသိအမှတ်ပြုမူဆိုတာကလည်းဒီလိုပါပဲ ။ လူတိုင်းက မိမိ ကို အသိအမှတ်ပြုခံလိုကြတာချည်းပါပဲ။ ကိုယ်က အသိအမှတ်ပြုဘို့ ကို မေ့နေတတ်ပါတယ်။ အဲဒီအပြန်အလှန်အသိအမှတ်ပြုတာနဲ့ အပြန်အလှန်လေးစားမူတို့ ကို လုပ်နိုင်ပြီဆိုရင်တော့ အပြန်အလှန်နားလည်မူကိုကောင်းမွန် မှန်ကန်စွာ လုပ်ဆောင်နိုင်မှာပါ။အပြန်အလှန်နားလည်မူတွေကို တည်ဆောက်နိုင်ရင် သာယာတဲ့ လူ့ အဖွဲ့အစည်းကို ကျနော်တို့ တည်ဆောက်
ဘို့ အတွက် ကျနော်တို့ မှာ အဆင်သင့်ဖြစ်နေပြီပေါ့။ ဒီ3 M ကို ကျနော်တို့ မှန်ကန်စွာနဲ့  တည်
ဆောက်အောင်မြင်ခဲ့ပြီဆိုရင် ကျနောတို့ ရှေ့ ခရီး ကို 2 Co s နဲ့  သွားကြရုံပါပဲ ။ ဒါတွေက
တော့ Co-ordination and Co-operation ဆိုတဲ့  အတူညှိနှိင်းဆောင်ရွက်တာနဲ့ အတူ ပူးပေါင်းဆောင်ရွက်တာပါပဲ ။
ကျနော်အထက်ကတင်ပြခဲ့တဲ့  Responsible Minded and Dutiful Minded ရယ်၊ Three Knows ရယ် ၊ Mutual Recognition ,Mutual Respect and Mutual Understanding ( Three M s ) ၊ Two Co,s ( Co-ordination and Co-operation ) တို့ နဲ့ ကျနော်တို့ တစ်ဦးချင်းစီက နိုင်ငံတော်နဲ့ နိုင်ငံသားများကို သာ အမြဲ ဗဟိုပြု စဉ်းစားလုပ်ကိုင်ကြမယ်ဆို ရင် ကျနော်တို့ လိုချင်နေတဲ့ သာယာတဲ့ ၊အာမခံချက်ရှိတဲ့ ၊မျတတဲ့  ဒီမိုကရေစီလူ့ ဘောင် ဆိုတဲ့ ဝန်းကျင်သစ်ကို ကျနော်တို့ကိုယ်တိုင်တည်ဆောက်ရတာလောက် လောကမှာ ကျေနပ်စရာ မရှိနိုင်ဘူးလို ထင်ပါတယ်။ ဒါဆိုရင် ကျနော်တို့ ဟာ မိမိကိုယ်ကိုယ်အားကိုးပြီး
နောင်လာနောက်သားတွေကို အကောင်းဆုံးအမွေကို ပေးနိုင်တဲ့ နိုင်ငံသားကောင်းများဖြစ်ကြ
မယ်ဆိုတာကို အလေးအနက်သိထားစေလိုပါတယ်။
ကျနော်တို့ ရဲ့ အနာဂါတ်ကို ကျနော်တို့ ကိုယ်တိုင် ထုဆစ်ကြပါစို့ ။
ငါသည် ငါ့နိုင်ငံတော်ဖြစ်သည်။ ငါ့နိုင်ငံတော်က င့ါကို အလိုရှိနေသည်။
တရားမျှတမူကို လိုလားသူတိုင်း မတရားမူမှန်သမျှကို တွန်းလှန်ရန် ထိုသူတို့ ရဲ့ ပုခုံးထက်တွင်
သမိုင်းပေးတာဝန်တစ်ရပ်သည် အဆင်သင့် ရှိနေသည်။ သင်သတိချပ်သင့်သည်။
** ကြယ်ဖြူ**
မြန်မာနှစ်ဆန်း တစ်ရက်နေ့  ၊ ၁၃၇၂ မြန်မာနှစ်
၁၇ ရက် ဧပြီလ ၊ ၂၀၁၀ ခရစ်နှစ် ။
မြန်မာနိုင်ငံ နှင့်  မြန်မာနိုင်ငံသူနိုင်ငံသားများ ဟာ လွတ်လပ်ခြင်း ဒီမိုကရေစီ စနစ်ကို အထူးလိုလားတောင့် တ နေကြသည် မှာ အငြင်းပွားဖွယ် မရှိပါဘူး။ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ကြိုးစားလုပ်ဆောင်နေကြသည် လူ၊့ပါတီ၊ အဖွဲ့ အစည်းများစွာ ရှိကြပါတယ်။ ဒီမိုကရေစီကို တကယ်တမ်းရဘို့ ကတော့ နိုင်ငံသူနိုင်ငံသားအားလုံးမှာ တာဝန်ရှိတာပါ။ ဒီနေရာမှာ တာဝန် ဆိုတဲ့ စကားရပ် နဲ့ စပ်လျဉ်းပြီး ပြောလိုတာက တာဝန်သိစိတ် (Responsible minded) နှင့်တာဝန်ကျေစိတ် (Dutiful minded) ဆို ပြီး မတူကွဲပြားတာကိုပြောလိုပါတယ်။တာဝန်သိစိတ်သည်သာမှန်ကန်သောလုပ်ဆောင်ခြင်းဖြစ်ပြီး မြင့်မြတ်သောစိတ်ဓါတ်ဖြစ်ပါ တယ်။ တာဝန်ကျေစိတ်မှာကား ကျွန်စိတ်သဖွယ် နိမ့်ကျပြီး
ငါ့တာဝန်ကျေပြီးရောဆိုပြီး ပြီးစလွယ် လုပ်တတ်ကြပါတယ်။ဒါကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသူ
နိုင်ငံသားတိုင်းအတွက် အကျိုးမများနိုင်ပါဘူး။ အကျိုးများချင်ရင်တော့  ကျနော်တို့ တစ်ဦးချင်း
က တာဝန်သိစိတ် ကိုယ်စီမွေးမြူပြီး ဒီမိုကရေစီ ခရီးရှည်ကြီးကို လျှောက်လှမ်းသွားကြ ရမှာပါ။
စစ်အာဏာရှင် စနစ်ဆိုးကြီးကို နိုင်ငံသားတိုင်း ခံစာနေကြရသည်မှာ အားလုံးအသိပဲဖြစ်ပါတယ် ။စနစ်ဆိုးနဲ့ ပါတ်သက်ပြီးပြောချင်တာကတော့  လူတစ်ဦး၊ အဖွဲ့ တစ်ဖွဲ့ ၊ ပါတီ တစ်ခု စသည်တို့ ဟာ စနစ်ဆိုး တစ်ခုကို ကျင့်သုံးတယ်ဆိုပါစို့ ၊ ဒီလိုစတင် ကျင့်သုံးတဲ့ သူ သို့ မဟုတ် အဖွဲ့  သို့ မဟုတ် ပါတီ ဟာ အဲဒီစနစ်ဆိုး ရဲ့ ပထမဆုံး ဓါးစာခံ ပဲ ဆိုတာကို သိစေချင်ပါတယ် ။နောက်မှသာ ၄င်းနဲ့ ပါတ်သက်ဆက်နွယ်သူတွေကို ရိုက်ခတ်တာပါပဲ ။ ကျနော်တို့ ဟာ စနစ်ဆိုးကို မကြိုက်ဘူးဆိုရင် ကျနော်တို့ ကိုယ်တိုင် အဲလို စနစ်ဆိုးမျိုးကို မကျင့်သုံးဘို့ နဲ့ စနစ်ဆိုးကို ပျောက်ပျက်သွားအောင် ကျနော်တို့ အားလုံး တာဝန်သိစိတ်ဓါတ်နဲ့ ကြိုးစားရုန်းကန်သွားကြရမှာပါ။
ကျနော်တို့ ကြွေးကြော်နေတဲ့  ဒီမိုကရေစီကို လိုချင်ရင် ရချင်ရင်တော့ ဒီမိုကရေစီစိတ်ဓါတ်ကို သေချာပိုင်ဆိုင်ထားဘို့ လိုပါတယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာ ကျင့်စဉ်တစ်ခု ဆိုတာကို ကျနော်တို့ မမေ့အပ်ဘူး။အထူးသဖြင့်  ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအနေဖြင့် ဒီမိုကရေစီစိတ်ဓါတ်သည် အထူးကိုလိုအပ်ပါတယ်။ ဒီတက်ကြွသူလှုပ်ရှားသူတွေက သူတို့ မှာ ပထမဆုံး 3 Knows ကို သိဘို့ အရေးကြီးပါတယ် ။ 3 Knows က ဘာတွေလဲဆိုတော့  Know yourself , Know your people and Know your subjects တွေပဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် သိဘို့ ၊ကိုယ်ရဲ့ နိုင်ငံသားတွေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ အကြောင်း စတဲ့ လူတွေရဲ့ အကြောင်းကို သိဘို့ နဲ့ ကိုယ့် ရဲ့ ဘာသာဗေဒ ကိုသိဘို့ ၊ ဆိုလိုတာက ကိုယ်က နိုင်ငံရေးလုပ်မယ်ဆို ရင် နိုင်ငံရေးရဲ့ သဘောသဘာဝ ကို သိဘို့ ပါပဲ ။ ဒီ 3 Knows ကို မိမိက သေချာ သိပြီဆိုရင်တော့ ဒီမိုကရေစီအရေးမှာ မိမိကိုယ်မိမိ မှန်ကန်စွာနေရာချနိုင်ပြီလို့ ပြောရမှာပါ။ ဒါမှသာ လူမှန်နေရာမှန် ကို မိမိကိုယ်တိုင် က ပြဌာန်းနိုင်တာလဲ ဖြစ်ပါတယ်။
အဲဒီလို မိမိကိုယ်မိမိ နေရာချထားပြီးတော့ ဆက်လက်လုပ်ဆောင်ကြရမှာ ကတော့  ဒီမိုကရေစီစိတ်ဓါတ်ကို ပိုင်ပိုင်နိုင်နိုင် မွေးမြူကျင့်ကြံနိုင်ဘို့ ပါ။ ဒီမိုကရေစီစိတ်ဓါတ်ဆိုတာ အင်မတန်သိမ်မွေ့ ပါတယ် ။ ခက်ခဲနက်နဲ ပါတယ် ။ ဒါက ဘာတွေလဲဆိုတော့ 3 M,s ပဲဖြစ်ပါတယ် ။ ဆိုလိုတာက Mutual Recognition ,Mutual Respect and Mutual Understanding တို့ပဲဖြစ်ပါတယ်။ အပြန်အလှန် အသိအမှတ်ပြုမူ၊ အပြန်အလှန် လေးစားမူနဲ့  အပြန်အလှန် နားလည်မူတို့ ပါပဲ ။ နံပါတ် ၁။ ဖြစ်တဲ့  အပြန်အလှန် အသိအမှတ်ပြုတာက စပြီး အင်မတန်သိမ်မွေ့ ခက်ခဲတာကို နားလည်နိုင်ပါလိမ့် မယ်။ ဒါကို ကျင့်ကြံအကောင်အ
ထည်ဖေါ်နိုင်ဘို့ အရှိတရား ကို သေချာကြည့်တတ်မြင်တတ်ဖို့ အရေးကြီးပါတယ် ။ ဒါက လူတစ်ဦးချင်းစီ ၊တစ်ဖွဲ့ ချင်းစီ ၊ တစ်ပါတီချင်းစီ စသဖြင့် တစ်ခုချင်းစီရဲ့  လက်ရှိ ဖြစ်တည်မူ အရှိတရားကို မှန်ကန်စွာ လက်ခံအသိအမှတ်ပြုနိုင်ရန်ဖြစ်ပါတယ် ။ တစ်ခုချင်းစီမှာ အပေါင်းသဘောတွေရှိသလို အနုတ်သဘောတွေလဲ ရှိကြတာချည်းပါပဲ။ နှစ်မျိုးလုံးကို လက်ခံအသိအမှတ်ပြုရမှာပါ ။ ဒီအသိအမှတ်ပြုတာက အရေးအကြီးဆုံးအဆင့် ပဲ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန်အသိအမှတ်ပြုနိုင်ရင် ဆက်လက်ပြီးတော့ အပြန်အလှန် လေးစားဘို့ ပါပဲ ။
ကျနော်တို့ လျှောက်လှမ်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်ကနေ အားလုံးကို အပြန်အလှန်အသိအမှတ်ပြု ပြီးလေးစားမူတွေကို အပြန်အလှန်ပေးရင်း တစ်ဦးချင်း စီကနေတစ်ဆင့်  ပိုမိုကျယ်ပြန့် တဲ့ လူ့ အဖွဲ့ အစည်းဆီကို ဒီအကျင့်ကောင်းတွေကို သယ်ဆောင်သွားကြမယ်ဆိုရင် ကျနော်တို့ ခရီးက မှန်းထားသလောက် မကြာရှည်ပဲ နောက်မျိုးဆက်တို့ အတွက် အကောင်းဆုံးအမွေကို ကျနော်တို့ ထားနိုင်ခဲ့ မှာပါ။ ဘာကြောင့်လဲဆိုတော့ တစ်ဦးချင်းစီ တစ်ဖွဲ့ ချင်းစီ တစ်ပါတီချင်းစီ ထံမှာ ကိုယ်ပိုင် အလှတရားနဲ့ ကိုယ်ပိုင် တန်ဘိုးတွေကိုယ်စီရှိနေကြလို့ ပါပဲ။ သူများက မိမိကို လေးစားစေချင်ရင် မိမိ က သူတပါးကို လေးစားရမယ့် အသိရှိနေဘို့ ပါ။ အသိအမှတ်ပြုမူဆိုတာကလည်းဒီလိုပါပဲ ။ လူတိုင်းက မိမိ ကို အသိအမှတ်ပြုခံလိုကြတာချည်းပါပဲ။ ကိုယ်က အသိအမှတ်ပြုဘို့ ကို မေ့နေတတ်ပါတယ်။ အဲဒီအပြန်အလှန်အသိအမှတ်ပြုတာနဲ့ အပြန်အလှန်လေးစားမူတို့ ကို လုပ်နိုင်ပြီဆိုရင်တော့ အပြန်အလှန်နားလည်မူကိုကောင်းမွန် မှန်ကန်စွာ လုပ်ဆောင်နိုင်မှာပါ။အပြန်အလှန်နားလည်မူတွေကို တည်ဆောက်နိုင်ရင် သာယာတဲ့ လူ့ အဖွဲ့အစည်းကို ကျနော်တို့ တည်ဆောက်
ဘို့ အတွက် ကျနော်တို့ မှာ အဆင်သင့်ဖြစ်နေပြီပေါ့။ ဒီ3 M ကို ကျနော်တို့ မှန်ကန်စွာနဲ့  တည်
ဆောက်အောင်မြင်ခဲ့ပြီဆိုရင် ကျနောတို့ ရှေ့ ခရီး ကို 2 Co s နဲ့  သွားကြရုံပါပဲ ။ ဒါတွေက
တော့ Co-ordination and Co-operation ဆိုတဲ့  အတူညှိနှိင်းဆောင်ရွက်တာနဲ့ အတူ ပူးပေါင်းဆောင်ရွက်တာပါပဲ ။
ကျနော်အထက်ကတင်ပြခဲ့တဲ့  Responsible Minded and Dutiful Minded ရယ်၊ Three Knows ရယ် ၊ Mutual Recognition ,Mutual Respect and Mutual Understanding ( Three M s ) ၊ Two Co,s ( Co-ordination and Co-operation ) တို့ နဲ့ ကျနော်တို့ တစ်ဦးချင်းစီက နိုင်ငံတော်နဲ့ နိုင်ငံသားများကို သာ အမြဲ ဗဟိုပြု စဉ်းစားလုပ်ကိုင်ကြမယ်ဆို ရင် ကျနော်တို့ လိုချင်နေတဲ့ သာယာတဲ့ ၊အာမခံချက်ရှိတဲ့ ၊မျတတဲ့  ဒီမိုကရေစီလူ့ ဘောင် ဆိုတဲ့ ဝန်းကျင်သစ်ကို ကျနော်တို့ကိုယ်တိုင်တည်ဆောက်ရတာလောက် လောကမှာ ကျေနပ်စရာ မရှိနိုင်ဘူးလို ထင်ပါတယ်။ ဒါဆိုရင် ကျနော်တို့ ဟာ မိမိကိုယ်ကိုယ်အားကိုးပြီး
နောင်လာနောက်သားတွေကို အကောင်းဆုံးအမွေကို ပေးနိုင်တဲ့ နိုင်ငံသားကောင်းများဖြစ်ကြ
မယ်ဆိုတာကို အလေးအနက်သိထားစေလိုပါတယ်။
ကျနော်တို့ ရဲ့ အနာဂါတ်ကို ကျနော်တို့ ကိုယ်တိုင် ထုဆစ်ကြပါစို့ ။
ငါသည် ငါ့နိုင်ငံတော်ဖြစ်သည်။ ငါ့နိုင်ငံတော်က င့ါကို အလိုရှိနေသည်။
တရားမျှတမူကို လိုလားသူတိုင်း မတရားမူမှန်သမျှကို တွန်းလှန်ရန် ထိုသူတို့ ရဲ့ ပုခုံးထက်တွင်
သမိုင်းပေးတာဝန်တစ်ရပ်သည် အဆင်သင့် ရှိနေသည်။ သင်သတိချပ်သင့်သည်။
** ကြယ်ဖြူ**
မြန်မာနှစ်ဆန်း တစ်ရက်နေ့  ၊ ၁၃၇၂ မြန်မာနှစ်
၁၇ ရက် ဧပြီလ ၊ ၂၀၁၀ ခရစ်နှစ် ။
No comments:
Post a Comment