**(ဧပြီ ၁၆၊၂၀၁၀)**
်ထိုင်း-မလေးရှားနယ်စပ် ဆုံခါမြို့ နယ်၊ကျနတိုက်နယ်၊ဘန်ဒန်ရွာရှိ ငါးသေတ္တာရုံတွင်း ဧပြီ၁၄ ရက်နေ့ ၊သင်္ကြန်ပျော်ပွဲရွှင်ပွဲ၌ ကမ္ဘောဒီယားအလုပ်သမားများနှင့် မြန်မာအလုပ်သမားများရိုက်ကြသဖြင့် ၂ဘက်ပေါင်းလူ၃၀ခန့် ထိခိုက်ဒါဏ်ရာရရှိသွားကြကြောင်းသိရှိရသည်။အလုပ်သမား၅ဦးခန့့် အားမေးမြန်းချက်အရခမိန်အလုပ်သမားတစ်ဦးသေဆုံးကြောင်းကြားမိကြသော်လည်းအတိအကျမျက်မြင်
်မရှိပေ။
ယခုသတင်းရေးချိန်ထိအတွင်းလူနာအဖြစ် ဆေး၇ုံတင်ထားရသူများမှာ၊အသက်၂၇နှစ်အရွယ် ကိုအောင်ကြီး မွန်ပြည်နယ်၊ဘလူးကျွန်း၊ချောင်းဆုံမြို့ နယ်။အသက်၂၄နှစ်အရွယ်၊ကိုထွန်းသိန်း၊ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ နယ်၊အပေါက်ဝကျေးရွာ၊မှဖြစ်သည်။သူတို့ မှာကြော၊လည်ပင်းနှင့်ရင်ဘတ်တို့ တွင်ဒဏ်၇ာပြင်:ထန်သည်။အသက်၅၀အရွယ်၊ဦးစိုးလွင်ထားဝယ်ခရိုင်၊ချောင်းဆုံမြို့ နယ်၊မှာလည်ပင်းကွဲသွားခဲ့ပြီးဒဏ်ရာအပြင်:ဆုံးဖြစ်သည်။မျက်ခုံးတွင် ၈ချက်ချုပ်ရပြီးဆေးရုံတွင်၃ရက်နေထိုင်ခဲ့ရပြီး
ယနေ့ ဆေးရုံမှဆင်းလာခဲ့သူကိုဇေါ်ဇေါ် ကပြောပြသည်။
“၁၃ရက်နေ့ ကကျနော်တို့ အဲဒီနေ၇ာမှာ သက်ကြီးပူဇေါ်ပွဲ၊၆ကြိမ်မြောက် ရခိုင်းရိုးရာကျင်ကိုင်ပွဲနဲ့ ရခိုင်မုန့် တီ
အလှူလုပ်ပြီးပြီ။၁၄ ရက်နေ့ ညနေမှာ မြန်မာအလုပ်သမားအားလုံး စုပေါင်းပြီး ကာရာအိုကေဆိုကြတယ်၊ညနေ ၈နာရီလောက်မှာ အိမ်သာကထွက်လာတဲ့ မွန်ပြည်နယ်၊အပေါင်မြို့ နယ်၊အစဉ်ရွာက အသက်၃၀ ၀န်းကျင် အိမ်ထောင်ရှင်အမျိုးသမီး မခင်မျိုးအေး ကိုခမိန်(ကမ္ဘောဒီးယား)တယောက်က ပါးကိုလက်တို့ တယ်၊မခင်မျိုးအေးကလည်း အချင်းချင်းလို့ ထင်ပြီးဘာမှမပြောဘူး၊နောက်တစ်ယောက်က ဆံပင်ကိုဆောင့်ပြီးလိုက်ဆွဲတယ်၊ အဲဒီတော့ မြန်မာအလုပ်သမားအချင်းချင်းမဟုတ်မှန်းသိတော့ စကားများကြတာပေါ့၊ အနီးအနားမှာရှိတဲ့မြန်မာအလုပ်သမားတွေကအစောင့်ကိုသွားပြောတော့အစောင့်တွေက အဲဒီခမိန် ၂ ယောက်ကိုလက်ထိပ်ခတ်ထားလိုက်တယ်”ဟုပြောသည်။
ခမိန်အလုပ်သမားများ အုပ်စုဖွဲ့ ရောက်ရှိလာပြီ ၄င်းတို့ လူ၂ဦးအား ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ရာ စက်ရုံလုံခြုံ
ရေးတို့ က ကာရာအိုကေစတိတ်ရှိုးပွဲပြီးမှ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်းပြန်ပြောခဲ့သည်။ ခမိန်အလုပ်သမားများကပွဲကိုချက်ခြင်းရပ်တန့် ပေးရန်တောင်းဆိုခဲ့သည်။ ထို့ ကြောင့် ညဥ့်၁၀နာရီခန့် တွင် စတိတ်ရှိုးပွဲကိုရပ်တန့် ခဲ့ကြသည်။
ခမိန်များမှ ပွဲခင်းထဲသို့ ကျောက်ခဲ၊တုတ်ချောင်း၊ဘီယာပုလင်းခွံများဖြင့်ပစ်ပေါက်ခဲ့သဖြင့်မြန်မာများဘက်က
လည်းပြန်လည်ပစ်ပေါက်ခဲ့ကြသည်။သို့ ရာတွင် ခမိန်အလုပ်သမားတစ်ထောင်ကျော်ခန့် မှာ ယောက်ျားအရေ
တွက်များသည်။မြန်မာအလုပ်သမား ၉၀၀ခန့် အနက် အများစုမှာမိန်းကလေးများဖြစ်နေသဖြင့် မြန်မာအလုပ်
သမား ယောက်ျားများမှာ မြန်မာအလုပ်သမ အမျိုးသမီးများကိုကာကွယ်ရင်းဖြင့် အထိနာခဲ့ကြသည်။
သင်္ကြန်မတိုင်ခင်ကတည်းက ဦးအေးမောင်လှ၏ဈေးဆိုင်ရှေ့ တွင် ရခိုင်အမျိုးသမီးတစ်ဦးအခန်းမှ ဉာဏ်
တော်တစ်တောင့်တစ်ထွာခန့် အမြင့်ရှိသည့်ဗုဒ္ဓဆင်းတုတော်တစ်ဆူးအားပင့်ဆောင်ပြီးပူဇေါ်ခံခဲ့သည်။
သင်္ကြန်အကြိုနေ့ ကတည်းက အဆိုပါဘုရားဆင်းတုတော်အား မြန်မာအလုပ်သမားများကေ၇သပ္ပါယ်ခြင်း၊
ဆီမီးပူဇေါ်ခြင်း။ပန်းများဆက်ကပ်ခြင်း၊ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများအပြ င် အလှူငွေများလည်းထည့်ဝင်
ခဲ့ကြသည်။ ပြဿနာဖြစ်စဉ် အတွင်းဘုရားဆင်းတုတော်၏ လက်မောင်းတော်တစ်ဖက်မှာ ပွမ်းပဲ့သွားသဖြင့်
လုပ်ငန်းရှင်ကအထူးစိတ်ထိခိုက်ရကြောင်းပြောဆိုခဲ့သည်။လုပ်ငန်းရှင်မှာ ဗုဒ္ဓဘာသာဝင်ထိုင်းလူမျိုးဖြစ်သည်။
မြန်မာအလုပ်သမားများက ခမိန်အလုပ်သမားများနှင့်အတူတကွ အလုပ်မလုပ်လိုတော့ကြောင်း၊အကယ်၍
ဆက်လက်လုပ်ကိုင်ရပါကလည်း အန္တရာယ်ဖြစ်လာနိုင်ခြင်းကြောင့် မလုပ်လိုတော့ကြကြောင်းလုပ်ငန်းရှင်အား
ဝိုင်းဝန်းတင်ပြ ကြသည်။
သို့ ဖြစ်၍ ကမ္ဘောဒီးယားအလုပ်သမားများမှာ ယမန်နေ့ ကစ၍စတင်ထွက်ခွာနေပြီးဖြစ်သည်။အထိအနာများခဲ့
သောမြန်မာအလုပ်သမားများမှာဆေးရုံတက်ရောက်ရန်မလို အပ်သော်လည်း အခန်းတွင်ဆေးဝါးကုသမှုများခံ
ယူနေရဆဲဖြစ်ကြောင်း အလုပ်သမားများကပြောသည်။
**ကိုကျော်သောင်း (ဘန်ကောက်)**

No comments:
Post a Comment