အသက်ကို ကယ်တင်
ကရုဏာရှင် မျက်လုံးနဲ့
ချိုပြုံးနေတဲ့ ဆရာဝန်ရဲ့
နှလုံးသား မွန်ပါ။
**ဆင်းရဲသူမရဲ့ ချွေးခံအိတ်ထဲက
စုတ်ပြဲနေတဲ့ အသပြာကို မရှာ
မေတ္တာစိတ် ရှေ့ပြေးနဲ့
ငြိမ်းအေးတဲ့ မျက်နှာ။
**လူသားရဲ့ တန်ဖိုး
မြတ်နိုးတတ်တဲ့ စေတနာ
မြတ်တရားရဲ့ တမန်တော်ပမာ
မြင့်မြတ်တဲ့ ဆရာဝန်ရဲ့ အမူအရာ။
**လူ့ရွာမှာ
ကရုဏာနဲ့ စိုက်ပျိုးမှ
မျိုးစေ့မှန် အပင်သန်
အသီးအနှံကောင်းတွေ ဝေဆာပြီး
ဒီကမ္ဘာ တခုလုံး
အလှဆုံးကမ္ဘာ ဖြစ်မှာမုချပါ…။ ။
(မြောက်ဥက္ကလာပ ဆေးရုံကြီးမှ ဆရာဝန်များသို့)
*** တင်မိုး ***
(၂၂၊ မေလ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)
**ကြင်နာယုယတဲ့ လက်နဲ့
အသက်ကို ကယ်တင်
ကရုဏာရှင် မျက်လုံးနဲ့
ချိုပြုံးနေတဲ့ ဆရာဝန်ရဲ့
နှလုံးသား မွန်ပါ။
**ဆင်းရဲသူမရဲ့ ချွေးခံအိတ်ထဲက
စုတ်ပြဲနေတဲ့ အသပြာကို မရှာ
မေတ္တာစိတ် ရှေ့ပြေးနဲ့
ငြိမ်းအေးတဲ့ မျက်နှာ။
**လူသားရဲ့ တန်ဖိုး
မြတ်နိုးတတ်တဲ့ စေတနာ
မြတ်တရားရဲ့ တမန်တော်ပမာ
မြင့်မြတ်တဲ့ ဆရာဝန်ရဲ့ အမူအရာ။
**လူ့ရွာမှာ
ကရုဏာနဲ့ စိုက်ပျိုးမှ
မျိုးစေ့မှန် အပင်သန်
အသီးအနှံကောင်းတွေ ဝေဆာပြီး
ဒီကမ္ဘာ တခုလုံး
အလှဆုံးကမ္ဘာ ဖြစ်မှာမုချပါ…။ ။
(မြောက်ဥက္ကလာပ ဆေးရုံကြီးမှ ဆရာဝန်များသို့)
*** တင်မိုး ***
(၂၂၊ မေလ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)


No comments:
Post a Comment