ဘောလုံးမင်းသား ဘက်ခမ်း၏ သားငယ်ဖြစ်သူနှင့် တယ်ရီ၏ သားငယ်တို့ မည်သူ၏ ဖခင်ကပိုပြီးကြောက်ရွံ့တတ်သူဖြစ်သည်ဆိုခြင်းနှင့် ပတ်သက်၍ အငြင်းပွားနေကြသည်။ ဘက်ခမ်း၏ သားငယ်က `ငါ့အဖေက ပိုကြောက်တတ်တယ်ကွ။ မိုးခြိမ်းသံကြားတာနဲ့ ငါတို့ရှိတာတောင် ခုတင်အောက်ထဲ ပြေးဝင်ပုန်းတော့တာပဲ´
တယ်ရီ၏ သားငယ်ကမူ `အောင်မယ် ဒါဘာဟုတ်သေးလဲ ငါ့အဖေဆိုရင် ငါ့အမေဆရာဝန် ညဂျူတီကျတဲ့နေ့တွေဆိုရင် တစ်ယောက်တည်းမအိပ်ရဲလို့ ဘေးအိမ်က အန်တီ့ကို ခေါ်အိပ်ရတယ်လေ။´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)**

No comments:
Post a Comment