ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ဖြစ်သော ဘာစီလိုနာနှင့် အင်တာမီလန် တို့၏ ပွဲစဉ်အပြီးတွင် ဘာစီလိုနာ၏ အမာခံပရိသတ်တစ်ဦးဖြစ်သူ ဂျိုးဇက်သည် မိန်းလမ်းမအတိုင်း ဖြည်းညင်းစွာလမ်းလျှောက်လာသည်။ သူ၏ မျက်နှာမှာလည်း အလွန်တင်းမာလျက်ရှိပြီး အရာရာတိုင်းကို စိတ်ဆိုးစိတ်တိုနေပုံရသည်။ ထိုစဉ် မျက်နှာချင်းဆိုင်မှ ဂျိုးဇက်၏ အိမ်နီးချင်းဖြစ်သူ ပီတာလမ်းလျှောက်လာလေသည်။ နှစ်ဦးသား မျက်နှာချင်းဆိုင်ဆုံတွေ့သောအခါ-
ပီတာ။ ။ ဟေ့… ဂျိုးဇက်… ခင်ဗျား မျက်နှာက တင်းလှချည်လား…။
ဂျိုးဇက်။ ။ အေးဗျာ… ကျုပ်အရမ်းဒေါသထွက်နေတယ်…။
ပီတာ။ ။ ဘာလဲ… ကျုပ်တို့ ဘာစီလိုနာပြိုင်ပွဲက ထွက်လိုက်ရလို့လား…။
ဂျိုးဇက်။ ။ ဒါဒီလောက်မဟုတ်ပါဘူး။ ဒီဖလားက ကျုပ်တို့မနှစ်ကလည်း ရဖူးပြီးသားပဲ…။
ပီတာ။ ။ သြော်… ဒါဆို အင်တာနည်းပြမော်ရင်ဟို အောင်ပွဲခံတဲ့ပုံစံကို ကြည့်ပြီး တင်းနေတာထင်တယ်…။
ဂျိုးဇက်။ ။ ဒါလဲမဟုတ်ပါဘူးဗျာ… သူနိုင်လို့ အောင်ပွဲခံတာခံပါစေပေါ့…။
ပီတာ။ ။ ဟင်… ဒါဆိုဘာကြောင့်လဲ…။
ဂျိုးဇက်။ ။ ခင်ဗျားပဲစဉ်းစားကြည့်ဗျာ… ဘောုံးသမားက (၂၂)ယောက်၊ ဒိုလူကြီးက (၃)ယောက်၊ အရန်ကစားသမားက (၁၂)ယောက်၊ သတင်းထောက်က အယောက် (၅၀)ကျော်၊ ပရိသတ်က (၈)သောင်းကျော် အဲဒီထဲမှာမှ ငှက်စုတ်ငှက်နာက ကျုပ်ခေါင်းပေါ်တည့်တည့် မစင်စွန့်သတဲ့ဗျာ… တောက်…။
မှတ်ချက်။ ။ ဖော်အဲဗားဂျာနယ်ပါ ဟာသတစ်ပုဒ်မှ…။
**(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)**

No comments:
Post a Comment