ရင်သွေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်
ပျို့ယောင် အန်ယောင်ဖြစ်
စိတ်ညစ် အားငယ်ရှာသတဲ့…။
**မိဝေးဖဝေး ဆွေဝေးမျိုးဝေး
သွေးခြားတဲ့ သူ့နိုင်ငံမှာ
ပျို့အန် မူးမော်
ကူဖော်လောင်ဖက် မရှိရှာလို့
မြန်မာပြည်ကို ပြန်လာချင်
သူစိမ်းပြင်ပြင်တွေ ကြားမှာ
မီးဖွားရမှာ အားငယ်ရှာပေလိမ့်မယ်…။
**ဖုန်းဆက်တော့ ဖအေနဲ့တွေ့
မချောမွေ့လိုက်တဲ့ အသံ
လောကဓံကို မခံနိုင်ရကောင်းလားလို့
ကြိမ်းမောင်းတာ ခံရတော့
မျက်ရည် ကျမိရှာတယ်။
**အမေသာ ဆိုရင်
အကြင်နာပိုပြီး
ဆိုမြည်ဖို့ ဝေးစွ
အေးအေးဆေးဆေးနဲ့ ဖျောင်းဖျ
စိတ်ဓာတ်မကျအောင် အားပေး
သားမွေးရတဲ့ အတွေ့အကြုံတွေ သင်
မိခင်စိတ် မိခင်ကရုဏာနဲ့
သာယာတဲ့ အသံနဲ့ ရင်မှာအပ်
နဖူးက ဆံစကလေးကို သပ်ပေးသလို
အပြတ်ချိုသာမှာ အမှန်ပါ။
**အခုတော့
အဖေအသံကို ကြား
ဓားသွားပေါ် တက်နင်းရသလို
ခံစားချက် ပြင်းပါဘိ
ညင်းညင်းညံ့ညံ့
အမေရဲ့ ရနံ့ကလေးကို
ရင်နှင့်မဆန့် လွမ်းမိပါရဲ့။
၆၃ နှစ်ပြည့်တဲ့ အမေ
သမီးကလေးရဲ့ ဖြစ်တွေကို
တနေရာရာက စောင့်ရှောက်နေမှာပါ။
**သမီးလေးလဲ အမေဘဝ
အပိုင်ရတော့မှာမို့
အလှဆုံးမိခင်ဖြစ်ဖို့ ပြင်နေမိတယ်
မိခင်ချိုပြုံး ရှုလှည့်ဦး…။ ။
*** တင်မိုး ***
(၁၈၊ ဇွန်လ၊ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
**“နှင်း” ဆိုတဲ့ သမီးကလေးက
ရင်သွေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်
ပျို့ယောင် အန်ယောင်ဖြစ်
စိတ်ညစ် အားငယ်ရှာသတဲ့…။
**မိဝေးဖဝေး ဆွေဝေးမျိုးဝေး
သွေးခြားတဲ့ သူ့နိုင်ငံမှာ
ပျို့အန် မူးမော်
ကူဖော်လောင်ဖက် မရှိရှာလို့
မြန်မာပြည်ကို ပြန်လာချင်
သူစိမ်းပြင်ပြင်တွေ ကြားမှာ
မီးဖွားရမှာ အားငယ်ရှာပေလိမ့်မယ်…။
**ဖုန်းဆက်တော့ ဖအေနဲ့တွေ့
မချောမွေ့လိုက်တဲ့ အသံ
လောကဓံကို မခံနိုင်ရကောင်းလားလို့
ကြိမ်းမောင်းတာ ခံရတော့
မျက်ရည် ကျမိရှာတယ်။
**အမေသာ ဆိုရင်
အကြင်နာပိုပြီး
ဆိုမြည်ဖို့ ဝေးစွ
အေးအေးဆေးဆေးနဲ့ ဖျောင်းဖျ
စိတ်ဓာတ်မကျအောင် အားပေး
သားမွေးရတဲ့ အတွေ့အကြုံတွေ သင်
မိခင်စိတ် မိခင်ကရုဏာနဲ့
သာယာတဲ့ အသံနဲ့ ရင်မှာအပ်
နဖူးက ဆံစကလေးကို သပ်ပေးသလို
အပြတ်ချိုသာမှာ အမှန်ပါ။
**အခုတော့
အဖေအသံကို ကြား
ဓားသွားပေါ် တက်နင်းရသလို
ခံစားချက် ပြင်းပါဘိ
ညင်းညင်းညံ့ညံ့
အမေရဲ့ ရနံ့ကလေးကို
ရင်နှင့်မဆန့် လွမ်းမိပါရဲ့။
၆၃ နှစ်ပြည့်တဲ့ အမေ
သမီးကလေးရဲ့ ဖြစ်တွေကို
တနေရာရာက စောင့်ရှောက်နေမှာပါ။
**သမီးလေးလဲ အမေဘဝ
အပိုင်ရတော့မှာမို့
အလှဆုံးမိခင်ဖြစ်ဖို့ ပြင်နေမိတယ်
မိခင်ချိုပြုံး ရှုလှည့်ဦး…။ ။
*** တင်မိုး ***
(၁၈၊ ဇွန်လ၊ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
No comments:
Post a Comment