**(မေ ၉၊၂၀၁၀)**
ထိုင်းသဘာဝပတ်ကျင်ထိန်းသိမ်းရေးအဖွဲ့ TEI ။ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ဖွံ့ဖြိုးရေးအဖွဲ့ GHRE ။ထိုင်းရွာ
လူကြီးများအဖွဲ့ နှင့်ထိုင်းကျောင်းသားများအဖွဲ့ တို့ စုပေါင်းအင်အား ၈၀ခန့် တို့ ကပြီးခဲ့သည့်မေလ ၅ရက်
နေ့ တွင်ကျရောက်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်
နေ့ လည်၁၂နာရီမှ ညနေ၄ နာရီအထိ ထိုင်းတောင်ပိုင်း ကော့ခေါ့ခေါင်ကျွန်း ကမ်းရိုးတန်းတွင်ပျိုးထားသည့်
လမုပင်အပါအ၀င်အခြားဒီရေရောက်သစ်ပင် စုစုပေါင်း ၃၀၀၀ စိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။
ဤလှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်သူတစ်ဦးဖြစ်သည့်FED မှကိုသောမတ်စ်က“သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနည်း
ပါးအောင်၊ပြီးတော့ ဒေသခံလူထုတွေပိုင်ဆိုင်တဲ့ သစ်တော့ဧရိယာများအောင်ပြီးတော့ ။ငါးပုဇွန်တွေ
ခိုအော င်လာနိုင်တဲ့အတွက်ေ၇ထွက်ကုန်ပစ္စည်းထုတ်လုပ်မှုတိုးတက်လာအောင် ဆိုတဲ့ရည်ရွယ်ချက်တွေ
နဲ့ စိုက်ပျိုးကြတာဖြစ်ပါတယ်။
ထိုသို့ သစ်ပင်များစိုက်ပျိုးခြင်းသည် ရေရှည်တွင်အကျိုးထူးများခံစားရမည်ဖြစ်ပြီး ရေတိုက်စားသည့်အန္တ
ရာယ်များကိုပါကာကွယ်ပေးသည်။ကုန်မြေနှင့်ဒီရေရောက်သစ်တော့တို့ ၏ခြားနားမှုသိသာထင်ရှားစေပြီး
ထိုင်းလူမျိုးများအနေဖြင့် ယခုကဲ့ သို့ လုပ်ငန်းစဉ်များနှင့်အထူးရင်းနှီးကျွမ်းဝင်နေပြီးဖြစ်သည်။
“ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဒီလိုစိုက်ပျိုးမှုတွေကို စတင်ပြီးလုပ်သင့်ပါပြီ၊ပျက်စီးမှလုပ်ကိုင်တာထက်
ရှိတာကိုမပျက်အောင်၊ရှိတာထက်ပိုရှိလာအောင် လုပ်သင့်တယ်လို့ ယူဆပါတယ်”ဟုပြောသည်။
ထိုင်းနိုင်ငံတွင်လူထုအခြေပြုလူ့အဖွဲ့ အစည်းများအတိုင်းအတာတစ်ခုအထိ လှုပ်ရှားလည်ပတ်မှုရှိနေသဖြင့်
အများနှင့်သက်ဆိုင်သည့်လုပ်ငန်းရပ်များကိုအကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင်အခက်အခဲအထူး
နည်းပါးကြောင်းသိရှိရသည်။
*** သတင်း- ကိုကျော်သောင်း (ဘန်ကောက်)***

No comments:
Post a Comment