ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 9, 2010

ရောင်းစားခံနေရသည့်မြန်မာအလုပ်သမားတစ်ဦးအားရခိုင်လူငယ်တစ်ဦးစွန့်စားကယ်တင်

>
(မေ ၉၊၂၀၁၀)
ထိုင်းနိုင်ငံအလယ်ပိုင်း ခြုံဘူရီအပိုင် အချောင်လှေဆိပ် ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေရသည့် မော င်စိုးမင်းငြိမ်း ဆိုသည့် ရခိုင်အလုပ်သမားလူငယ်တစ်ဦးအား အခြားနေရာတွင်အခြေစိုက်နေထိုင်သည့် ရခိုင်လူငယ်တစ်ဦးက မောင်စိုးမင်းငြိမ်း အစ်ကို ကိုလင်းလင်းနှင့် စွန့် စားကယ်တင်လိုက်သဖြင့် ယမန်နေ့ နံနက်ကလွတ်မြောက်လာခဲ့သည်။
ကယ်တင်ပေးသည့် ကို ဘမောင်က “သူ့ အစ်ကိုကျနော့်ဆီကိုဧပြီလ ၂၆ ရက်ကတည်းကရောက်နေတာပါ။ သူ့အစ်ကိုလည်းပွဲစားနဲ့ တက်လာတာ၊လှေကိုရောင်းစားခံရမယ့်အနေအထားကနေ ကျနော်ပဲရွေးထားတာပါ။ မနေ့ က ကမနက်စောစော ၃နာရီကတည်းက ကျနော်တို့  ဆိုင်ကယ်နဲ့ မောင်းသွားတာ ၃နာရီလောက်ကြာပါတယ်။ကျနော်တို့ က အဲဒီလှေဆိပ်မှာရှိတဲ့ ဈေးဆိုင်တွေနားမှာစောင့်နေပါတယ်။ သူတို့ 
ညီအစ်ကိုအချင်းချင်းမြင်တဲ့ အခါ စကားပြောစရာမလိုပဲ အထာပေါက်တာပေါ့ဗျာ။ နဲနဲလစ်တာနဲ့  ကျနော်
စက်နှိုးထားတဲ့ ဆိုင်ကယ်ပေါ်တင်ပြီး ပြေးလာခဲ့ပါတယ်။ ကယ်တင်ထယ်ဆိုတာထက် ပွဲစားတွေလက်ထဲက
လုယူလာတာလို့ ပြောရမယ်ထင်တယ်”ဟုပြောသည်။

အဆိုပါ ကိုဘမောင်ဆိုသည့် ရခိုင်လူငယ်မှာ ……….နယ်တွင်နေထိုင်သူဖြစ်ပြီး တစ်နှစ်ကျော်အတွင်း
အကူညီတောင်းခံလာသည့် မြန်မာအလုပ်သမားများ စဉ်ဆက်မပြတ် တစ်ကိုယ်တည်းကူညီနေသူဖြစ်
ကြောင်း ပြောပြသည်။ သူ၏ကူညီမှုများကိုဘန်ကောက်အခြေစိုက် အဖွဲ့ အစည်း အချို့ အားအသိပေးလေ့ရှိကြောင်းပြောသည်။ပြီးခဲ့သည့်ဧပြီလအတွင်းက နေမကောင်းသည့် ကလေး
ငယ်တစ်ဦးအား ဆေးရုံတင်ပေးပြီးအပြန် ကော်ဖီထိုင်သောက်နေစဉ် ကိုဘမောင်အား သစ်သားတုတ်
ဖြင့်အသေ၇ိုက်သတ်ခဲ့သည်။ကံကောင်းထောက်မစွာဖြင့် အသက်မသေပဲဆေး၇ုံတက်ရောက်ခဲ့ရသည်။
ဦးခေါင်းဘယ်ဘက်ခြမ်းတွင်၂လက်မကျော်ခန့် ဒဏ်ရာ၂ ချက်ရရှိခဲ့ပြီး ဘယ်လက်သန်းနှင့်
ကျိုးသွားခဲ့သည်။ဘယ်လက်ညှိုးနှင့်လက်ခလယ်အလယ်မှ လက်ဝါးပြင်အလယ်နီးပါးအထိ စုတ်ပြဲခဲ့သည်
ညာခြေသလုံးနှင့်ခြေထောက်တို့ မှာ အရိုးကျိုးခါနီးအထိဒဏ်ရာရရှိခဲ့သည်။ယခုအခါ ရုတ်တရက်ထရလိုက်လျှင်မူးနောက်သည့်ရောဂါကိုခံစားနေရသော်လည်း လူလူချင်းကျွန်ပြုနေမှုတို့ အား တတ်နိုင်သမျှ လုပ်ဆောင်နေဦးမည်ဖြစ်ကြောင်းသူကဆိုသည်။
လွတ်မြောက်လာသည့် မောင်စိုးမင်းငြိမ်းက“ကျနော်တို့ ကိုမဲဆောက်မှာ ပွဲစားခေါ်တုန်းက ဘန်ကောက်က
ကြက်သား၇ုံမှာအလုပ်လုပ်ရမယ်ဆိုလို့ လိုက်လာတာ၊အချောင်ရောက်မှ ရောင်းစားခံရမှန်းသိတော့တယ်။
၂လကျော်ကျော်လုပ်နေခဲ့ရပါတယ်။ နားရတယ်မရှိပါဘူး၊ အလုပ်တစ်ခုခုမှားရင် ပါးစပ်နဲ့ မပြောဘူး၊ပိုက်ဆ
ရာက အနားမှာရှိတာနဲ့ကိုင်ပေါက်ပါတယ်။ ကျနော်တို့ ရှစ်လ လုပ်ဆပ်ရမယ်လို့ ပြောပါတယ်။လွတ်ခါနီးအကို
တစ်ယောက်ကို မဲဆောက်မှာရှိတဲ့ ကျနော့်အစ်ကို ဖုန်းကိုပေးပြီးတော့ ကျနော်ရောင်းစားခံနေရပြီဆိုတာကို
သတင်းပို့ ခိုင်းခဲ့ပါတယ်။ကျနော်ထောင်ကျနေရာကလွတ်သလိုခံစားရပါတယ်။ကယ်တင်ပေးတဲ့ ကိုဘမောင်
နဲ့ ကျနော့်အစ်ကို ကိုအထူးကျေးဇူးတင်ပါတယ်”
အချောင်ပိုက်ဆိပ်တွင် မြန်မာလှေလုပ်သားများအား မွန်ပွဲစားများ၊မွန်ပိုက်ဆရာများ၊က၀ယ်ယူထားလေ့ရှိပြီး
ထိုင်းလူမျိုးများပိုင်ဆိုင်သည့် ငါးဖမ်းလှေများပေါ်တွင်အလုပ်လုပ်စေသည်။
ကိုလင်းလင်းက “ကျနော်လည်း ကျနော့်ညီ ရောင်းစားခံနေရတဲ့သတင်းကိုကြားကြားခြင်း မဲဆောက်ကနေ၊ပွဲစားနဲ့ တက်လာခဲ့တော့တယ်။ဒီရောက်တော့ ကျနော့်ကိုလှေကိုရောင်းစားမယ်လုပ်တယ်။ ကိုဘမောင်ပဲရွေးပေးထားပါတယ်။ကျနော်နဲ့ ကိုဘမောင်နဲ့ လှေဝင်မယ်လိုသတင်းကြားရင်လိုက်သွားကြတယ်၊လွဲသွားတယ်။ဒီလိုနဲ့ ကျနော်ဒီမှာအလုပ်ဝင်လုပ်ရင်းကျနော့်ညီကိုစောင့်နေတာ။မနေ့ ကကျနော့်ညီတို့ လှေပေါ်တက်ခါနီး အချောင်လှေဆိပ် နှစ်ခွတံတားနားက ဈေးဆိုင်မှာဈေးဝယ်နေတာတွေ့ တယ်လေ။ ပွဲစားတွေလည်းကျနော်တို့ ကိုစောင့်ကြည့်နေတာပဲ။ ကျနော်လည်းမထူးဘူး၊သေခါမှသေရော ပွဲစားတွေနဲနဲလစ်တာနဲ့ ညီလေးကိုခေါ်ပြီးပြေးလာခဲ့တော့တယ်”ဟုပြောသည်။
လွတ်မြောက်လာသည့် အသက်၂၅နှစ်အရွယ် မောင်ငယ်(ခေါ်)မောင်စိုးမင်းငြိမ်းမှာ ၇ခိုင်ပြည်နယ်၊တောင်ကုတ်မြို့ နယ်မအီအုပ်စု၊ပြင်ဝန်းအမှတ် ၄ရပ်ကွက်မှဖြစ်သည်။
အချောင်လှေဆိပ်တွင်ရောင်းစားခံထားရသည့် မြန်မာနိုင်ငံသားများရာပေါင်းများစွာရှိနေဆဲဖြစ်သည်။ လှေတိုင်းတွင်မြန်မာအလုပ်သမားများရှိသည်။ လှိုင်းမူး၍ဖြစ်စေ၊ပင်ပန်း၍ဖြစ်စေ၊ဖျားနာ၍ဖြစ်စေ မလုပ်မလုပ်လို၍မရကြောင်းထွက်ပြေးလာသူများကပြောသည်။ မြန်မာလှေသမားအချို့ မှာ နှစ်ပေါင်းများစွာလုပ်ကိုင်နေရသော်လည်းလွတ်မြောက်နိုင်သည့်အခွင့်အလမ်းများမရှိသဖြင့် ရေထဲသို့ ခုန်ချပြီးမိမိကိုယ်အသက်ကိုအဆုံးစီရင်သည့်ဖြစ်ရပ်များလည်းရှိသည်။ အချို့ မှာ ပိုက်ဆရာများ ရိုက်နှက်ခြင်း၊သတ်ဖြတ်ခြင်းတို့ ကြောင့်သေဆုံးရမှုများလည်းရှိသည်။
မြန်မာအလုပ်သမားများထွက်ပြေးလျှင် ၀ယ်ယူထားသည့်မွန်ပွဲစားများလိုက်လံဖမ်းဆီးစရာမလိုပဲ အချောင်လှေဆိပ်အတွင်းရှိ ထိုင်း၇ဲများက ထွက်ပြေးသည့်လူများအား လိုက်လံဖမ်းဆီးပြီး မွန်ပွဲစားများထံပြန်လည်အပ်နှံ ပေးပြီး ငွေကြေးရယူကြောင်းလွတ်မြောက်လာသူများကပြောသည်။
နိုင်ငံတကာလူကုန်ကူမှုတိုက်ဖျက်ရေးအဖွဲ့ များနှင့်ထိုင်းအခြေစိုက်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ တို့ မှာ
တစ်နေ့ တခြား တိုးတက်လာနေသည့် ထိုင်းငါးဖမ်းလုပ်ငန်းခွင်အတွင်း တရားမ၀င် လူကုန်ကူးမှုများကို
ထိရောက်စွာအေ၇းယူဆော င်ရွက်နိုင်ခြင်းမရှိဖြစ်နေသည်။အတွေ့ အကြုံရှိသည့်အချို့ အဖွဲ့ အစည်းများက
လည်း အဆိုပါလူကုန်ကူမှုလုပ်ငန်းစဉ်အတွင်း ထိုင်းအာဏာပိုင်များပါဝင်ပါသက်နေသည်ကိုအကြောင်း
ပြလျှက် မိမိတို့ အသင်းအဖွဲ့ ရပ်တည်ရေးထိခိုက်မည်ဟုဆိုကာ လက်ရှောင်နေကြောင်း တစ်ကိုယ်တော်
စွန့် စားကယ်တင်နေသည့် ကိုဘမော င်က ပြောသည်။
ဒေသအခြေစိုက် အင်ဂျီအိုအဖွဲ့ များမှ မိမိတို့ အသက်အန္တရာယ်ကို အထူးစိုးရိမ်သဖြင့် လူကုန်မှုလုပ်ငန်းကို
မသိချင်ယောင်ဆောင်နေရသည်။အလားတူ ဒေသအခြေစိုက် ထိုင်း၇ဲများမှာလည်း လူကုန်ကူးမှုကြောင့်
အထူးဖိအားပေးခံရသည့်အခါ ရှောင်တခင် အဖမ်းပြသော်လည်းထိရောက်သည့်အရေးယူမှုကိုလုပ်ဆောင်
နိုင်ခြင်းမပြုလိုကြကြောင်းဆက်လက်ပြောပြသွားသည်။

*** သတင်း- ကိုကျော်သောင်း (ဘန်ကောက်)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)