(ကင်ဘာရာ၊ ဇွန်လ ၈-ရက်)
လူလိုက်ပါခြင်းမရှိသည့် ဂျပန်အာကာသယာဉ်သည် သြစတြေးလျတောင်ပိုင်းတွင် ရက်သတ္တပတ်အတွင်း ဆင်းသက်ဖွယ်ရှိကြောင်း သြစတြေးလျ မီဒီယာက ဇွန်လ ၆-ရက်နေ့၌ ဖော်ပြသည်။ ဂြိုဟ်မွှားမှ ပစ္စည်းတစ်ခုကို ကမ္ဘာမြေသို့ သယ်ဆောင်လာသည့် ပထမဆုံးသော ယာဉ်ဖြစ်သည်။ (အင်တာနက်)
*** အင်ဒိုနီးရှား၌ ကြိုးတံတားပြတ်ကျ ***
(ဘန်ဒါအာချေး၊ ဇွန်လ ၈-ရက်)
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၌ ဇွန်လ ၇-ရက်နေ့က ကြိုးတံတားပြတ်ကျမှုဖြစ်ပွားရာ ကလေးငယ် ၇-ဦး သေဆုံးပြီး ၅-ဦးပျောက်ဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိကြောင်း ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဇွန်လ ၈-ရက်နေ့တွင် ပြောကြားသည်။ (ဆင်ဟွာ)
*** အီရန်- တူရကီနှင့် ပါကစ္စတန်သုံးနိုင်ငံ ကုန်တင်ရထားပြေးဆွဲမည် ***
(အစ္စတန်ဘူလ်၊ ဇွန်လ ၈-ရက်)
အီရန်၊ တူရကီနှင့် ပါကစ္စတန် အစိုးရတို့အနေဖြင့် ၃-နိုင်ငံအကြား ကုန်တင်ရထားပြေှးဆွဲမှုကို လာမည့်သြဂုတ်လအတွင်း စတင်အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း အင်တာနက်သတင်း၌ ဇွန်လ ၆-ရက်နေ့က ဖော်ပြသည်။ (အင်တာနက်)
*** မူးယစ်မှောင်ခို ၁၂၅-ဦး ဆော်ဒီရဲတပ်ဖွဲ့လက်ရဖမ်းဆီး *** (ရီယာ့ဒ်၊ ဇွန်လ ၈-ရက်)
ဆော်ဒီအာရေဗျနိုင်ငံ အနှံ့အပြား၌ ပြီးခဲ့သည့် နှစ်လအတွင်းက ဆင်နွှဲခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးများအတွင်း မူးယစ်မှောင်ခိုမှုနှင့် ပတ်သက်ဆက်နွယ်သူ ၁၂၅-ဦးကို ဆော်ဒီရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၆-ရက်နေ့၌ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ဂျပန်အာကာသယာဉ် သြစတြေးလျ၌ ဆင်းသက်ရန်စီစဉ် ***

No comments:
Post a Comment