တောင်အာဖရိကနိုင်ငံသို့ ရောက်ရှိနေသော အင်္ဂလန်ဘောလုံးအသင်းမှ တယ်ရီ၊ လမ်းပတ်၊ အက်ရှ်လေကိုး၊ ဒေးဗစ်ဂျိမ်းစ်နှင့် ဘယ်ရီတို့သည် အပူချိန်မြင့်မားနေမှုကြောင့် ဇွန်လ ၈-ရက်နေ့က လေ့ကျင့်ကွင်း မဆင်းနိုင်ခဲ့ကြောင်း အင်္ဂလန်အသင်းမှ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ဒဏ်ရာကြောင့် ရော်ဘင် ပွဲချိန်ပြည့် မကစားနိုင် ***
ဟန်ဂေရီနှင့်ပွဲတွင် ၀ဲဘက်ခြေထောက် တံကောက်ကြောဒဏ်ရာ ဆိုးရွားစွာရရှိခဲ့သည့် နယ်သာလန် တောင်ပံကစားသမား ရော်ဘင်၏ ဒဏ်ရာ မသက်သာသဖြင့် အချိန်ပိုင်းသာ ပါဝင်ကစားနိုင်မည့် အနေအထားရှိကြောင်း နယ်သာလန်အသင်းက ဇွန်လ ၈-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** နောက်ခံလူ အက်ရှ်လေကိုး ဒဏ်ရာ မသက်သာ ***
ဒူးဒဏ်ရာရရှိပြီးနောက် ပြန်လည်ကစားနိုင်သဖြင့် အင်္ဂလန်အသင်းတွင် ရွေးချယ်ခေါ်ယူခဲ့သော နောက်ခံလူ အက်ရှ်လေကိုး၏ ဒူးဒဏ်ရာမှာ နာကျင်မှုဝေဒနာ ပြန်လည်ခံစားနေရသဖြင့် ဆရာဝန်နှင့် ကုသမှုခံယူနေရကြောင်း နည်းပြ ကာပယ်လိုက အတည်ပြုပြောကြားသည်။ (အင်တာနက်)
*** ဒဏ်ရာကြောင့် ဒရော့ဘာ ကစားနိုင်ရေး မသေချာ ***
ဂျပန်အသင်းနှင့် ခြေစမ်းပွဲကစားစဉ် လက်ဖျံရိုးကျိုးခဲ့သည့် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာ၏ ဒဏ်ရာမှာ မသက်သာသဖြင့် ပွဲစဉ်အများအပြား၌ ပါဝင်ကစားနိုင်ရေးမှာ မသေချာကြောင်း၊ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း အိုင်ဗရီကို့စ်အသင်း တာဝန်ရှိသူများက ဇွန်လ ၈-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** တောင်အာဖရိကသို့ အမေရိကန်ပရိသတ်များ စတင်ရောက်ရှိ ***
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြည့်ရှုရန် လက်မှတ်ပေါင်း ၁၃၀၀၀၀-ကို ၀ယ်ယူထားသော အမေရိကန်ဘောလုံးပရိသတ်များသည် တောင်အာဖရိကနိုင်ငံ ကိတ်ဗ်တောင်းမြို့သို့ ဇွန်လ ၈-ရက်နေ့က စတင်ရောက်ရှိလာနေကြကြောင်း တောင်အာဖရိကအားကစားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ဒီဂိုဖော်လန် ဒူးဒဏ်ရာရရှိ ***
တောင်အာဖရိကနိုင်ငံသို့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် ရောက်ရှိနေသော ဥရုဂွေးအသင်းသည် ဇွန်လ ၈-ရက်နေ့က စတင်ရောက်ရှိလာနေကြကြောင်း၊်တိုက်စစ်မှူး ဒီဂိုဖော်လန် ဒူးဒဏ်ရာရရှိ ကြောင်း၊ တောင်အာဖရိက
အားကစားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ပေါ်တူဂီခံစစ်မှူး ပီပီ ပါဝင်ကစားနိုင်မည် ***
ပေါ်တူဂီခံစစ်မှူး ပီပီသည် ဒူးဒဏ်ရာကြောင့် လေ့ကျင့်မှုများသာ ပြုလုပ်နေခဲ့သော်လည်း ဇွန်လ ၈-ရက်နေ့၌ မိုဇစ်ဘစ်အသင်းနှင့် ခြေစမ်းပွဲကစားရာတွင် ပါဝင်ကစားနိုင်ခဲ့သဖြင့် ကမ္ဘာ့ဖလားပွဲစဉ်များ၌ ပွဲချိန်ပြည့် ထည့်သွင်းကစားစေမည်ဖြစ်ကြောင်း နည်းပြ ကွီရော့ဇ်က ဇွန်လ ၈-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ဂျိုဟန်နစ္စဘတ်မြို့ ဘောလုံးကွင်း၌ ခိုက်ရန်ဖြစ်ပွား ***
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့ ဘောလုံးကွင်း၌ နိုင်ဂျီးရီးယားနှင့် မြောက်ကိုရီးယားအသင်းတို့ ခြေစမ်းပွဲကစားရာ ဘောလုံးကွင်းအပြင်ဘက်၌ ပရိသတ်များအချင်းချင်း ခိုက်ရန်ဖြစ်ပွားသဖြင့် ပရိသတ် ၁၆-ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂-ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပရေး ကော်မတီက ဇွန်လ ၈-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- ချစ်စိုးနိုင် ***
*** အင်္ဂလန်ဘောလုံးသမား ငါးဦး မလေ့ကျင့်နိုင် ***

No comments:
Post a Comment