အသင်းပြောင်းဖို့ ဟန်ပြင်နေသည့် ချဲလ်ဆီးအသင်းသား ဂျိုကိုးလ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက် နည်းပြ အန်ဆလော့တီနှင့် တာဝန်ရှိသူတွေက ညှိနှိုင်းနေကြသည်။
`ဂျိုကိုးလ်ရာ… မင်းကိုငါတို့အသင်းမှာ ဆက်ကစားစေချင်ပါတယ်။ လစာဘယ်လောက်ရမှ မင်းကဆက်က စားဖို့ စဉ်းစားထားလို့လဲ´
`တစ်ပတ်ကို … တစ်သိန်းခွဲ လောက်လစာရရင်ပေါ့´

`ဟုတ်ပြီလေ… ဒီလစာအပြင် အားလပ်ရက် ၃-လ၊ လစာအပြည့်ပေးမယ်။ ခွင့် ၂-လပေးမယ်။ မင်းစီးနေ တဲ့ကားကို ၆-လတစ်ခါအသစ်လဲပေးမယ့်အပြင် ကစားသမားဘ၀ကအနားယူရင် မင်းလစာရဲ့ ၅၀-ရာခိုင် နှုန်းကို ပင်စင်လစာသဘောမျိုးပေးဦးမယ်။ ဘုတ်အဖွဲ့မှာလည်း ထည့်ပေးဦးမယ်´
`တယ်ဟုတ်ပါလား… ခင်ဗျားနောက်ပြောင်နေတာလား´
`စပြီးနောက်ပြောင်တာက မင်းလေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment