(ဇွန် ၁၆။၂၀၁၀)
အမှုရင်ဆိုင်နေသည့်မဲဆောက်မြို့ မှ မြန်မာအလုပ်သမားများအား တရားရုံးနှင့် ဆ၀ါဒီကန်ရုံး(အလုပ်သ
မားရုံး)တို့ သို့ သွားလာနေရသည့်မြန်မာအလုပ်သမားများအားဖမ်းဆီးခြင်းမပြုရန်၊ထိုင်းအစိုးရအားတောင်း
ဆိုရန်မဲဆောက်အခြေစိုက်အလုပ်သမားအဖွဲ့အချို့ ပြင်ဆင်နေကြောင်းသိရှိရသည်။
ယမန်နေ့ ကပြုလုပ်သည့်ညှိနှိုင်းစည်းအဝေးသို့ ၊မက်ဖေါင်ဒေးရှင်း၊မြန်မာနိုင်ငံေ၇ှ့ နေများကောင်စီ၊
ရောင်ခြည်ဦးအလုပ်သမားအဖွဲ၊ မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်
မတီ(JACBA)၊ ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့၊ပန်းကန့် ကော်အလုပ်သမားအဖွဲ ၊့
အဝေးရောက်ဧရာဝတီအသင်း၊လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့ တက်ရောက်ခဲ့ကြသည်။မဲဆောက်မြို့ မှမြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့်မက်ဖေါင်ဒေးရှင်းနှင့်အခြားအလုပ်သမားအဖွဲ့၇ဖွဲ့တို.့ဖွဲ့တို့စုဝေးပြီးထိုင်းအစိုးရအားတင်ပြရန်အချက်အလက်များညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။
ဦးဆောင်ကျင်းပသည့် မက်ဖေါင်ဒေးရှင်းအဖွဲ့ ၏ မဲဆောက်မြို့ အလုပ်သမားသမားအခွင့်အရေးမန်နေဂျာ ကိုအေးက“အယင်လတုန်းက နေထိုင်မကောင်းလို့ ဆေးကုနေရတဲ့လူတွေကို၊မဖမ်းဆီးဖို့  ကျနော်တို့ 
တောင်းဆိုခဲလို့  ထိုင်းအစိုးရ လိုက်လျှော့ပေးခဲ့တာရှိပါတယ်။ပြီးတော့ မကြာခင်ကမှ ထိုင်းအစိုး၇က ထုတ်ပြန်ခဲ့တာရှိပါတယ်။လူကုန်ကူးခံရသူတွေကိုထိုင်းမှာတရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရအောင်ကူညီပေးမယ်လို့ ။
အဲဒီလိုပဲ ခု အမှုရင်ဆိုင်ရေကြရတဲ့မြန်မာအလုပ်သမားတွေကိုလည်း အမှုရင်ဆိုင်နေစဉ်အ
တွင်းမဖမ်းဆီးဖို့ ပေါ့နှော်။ဖြစ်နိုင်တယ်လို့ တော့ကျနော်ထင်ပါတယ်”ဟုပြောသည်။
မဲဆောက်တွင်ရှိသည့် များစွာသောအလုပ်သမားအရေးဆောင်ရွက်နေသည့်အဖွဲ့ အစည်းများနှင့်အတူ
အလုပ်သမားများမှာ ဆ၀ါဒီကန်ရုံး(အလုပ်အကိုင်ရှာဖွေရေးအလုပ်သမားရုံး)နှင့်တရားရုံးများသို့ သွားလာ
နေစဉ်အတွင်းဖမ်းဆီးမှုများအချို့ ရှိနေသဖြင့် တပူပေါ်နှစ်ပူဆင့်ပြဿနာများရှင်းနေရသဖြင့် ယခုကဲ့သို့ 
ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းပြောသည်။
တာ့ခရိုင်အပါပင် နခဆ၀န် မှစ၍ခရိုင်ဆယ်ခုအတွင်း အမှုရင်ဆိုင်နေရသည့်အလုပ်သမားများအား ဖမ်းဆီး
ခြင်းမပြုလုပ်ရန်ထိုင်းအစိုးရထံသို့ လာမည့်စက်တင်ဘာလတွင်နောက်ဆုံးထားတောင်းဆိုကြမည်ဖြစ်သည်။
“ထိုင်းအစိုးရအနေဖြင့် မြန်မာအလုပ်သမားများအား အသက်သာဆုံးနှင့်အလွယ်ကူဆုံးနည်းလမ်းဖြင့် ယာ
ယီပတ်စပို့ ကိုလုပ်ပေးသင့်ပါတယ်။ပွဲစားမလို ပဲ အလုပ်သမားတွေကိုယ်တိုင်လုပ်နိုင်တဲ့စနစ်မျိုးဖြစ်သင့်ပါ
တယ်၊အစိုးရသတ်မှတ်ထားတဲ့ဈေးနုန်းထက်ပိုပြီးလုံးဝမကုန်အောင်လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။မြန်မာအစိုးရကလည်းအလုပ်သမားတွေကိုမြန်နိုင်သမျှမြန်အောင်၊သက်သာသထက်သက်
သာအောင်စဉ်းစားပြီးလုပ်ပေးစေချင်ပါတယ်၊မဲဆောက်မှာရှိတဲ့မြန်မာအဖွဲ့ အစည်းနေတွေအနေနဲ့ လည်းဥပမာ
ကျမ္မာရေးကိစ္စနဲ့ နာမည်ခံထားတဲ့အဖွဲ့ အစည်းဖြစ်ဖြစ်၊ကလေးသူငယ်နဲ့ မိန်းကလေးတွေကိစ္စနဲ့ နာမည်ခံထားတာပဲဖြစ်ဖြစ်၊မြန်မာအလုပ်သမားတွေရဲ့ ဖြစ်ပျက်လာတဲ့ပြဿနာတွေကိုအခြားအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့တိုင်တိုင်ပင်ပင်နဲ့လုပ်ပေးကြစေချင်ပါတယ်။ပြီးတော့အလုပ်သမားတွေအားလုံးလည်းစည်းစည်း
လုံးလုံးရှိကြစေချင်ပါတယ်။ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ယူကြရမှာဖြစ်ပါတယ်။တစ်ယောက်တစ်ပေါက်မ
လုပ်ဖို့ အရေးကြီးပါတယ်”
ဟု မက်ဖေါင်ဒေးရှင်းမှအလုပ်သမားအခွင့်အေ၇းဆိုင်ရာတာဝန်ခံမန်နေဂျာ ကိုအေးက ထပ်ဆောင်းပြောပြ
သည်။မဲဆောက်မှမြန်မာလုပ်သမားအများစုမှာယာယီပတ်စပို့ ကိုမလုပ်နိုင်ကြပေ။
မဖြစ်မနေလုပ်နေကြသည့် မြန်မာအလုပ်သမားများမှာ မဲဆောက်မြို့ ဝင်ငွေနှင့် မည်သို့ မှမဖြစ်နိုင်ခြင်း
ကြောင့်၎/၅နှစ်အတွင်း လုပ်ကိုင်စုဆောင်းထားသည့် ရွှေစငွေစများကိုရောင်းချပြီးလုပ်ကြရသည်။
အချို့ မှာငွေတိုးဖြင့်ချေးငှါးခြင်း၊နေ၇ပ်ရင်းမိဘများထံသို့ ငွေထပ်မှာခြင်းများဖြင့်လုပ်ကြရသည်။
မဲဆောက်မြို့ မှ ယာယီပတ်စပို့လုပ်ထားသည့်မြန်မာအလုပ်သမားများမှာ ပတ်စပို့ ကိုလုပ်ငန်းရှင်သူဌေးက
သိမ်းဆည်းထားသည်။ လုပ်အားခမှာလည်း ယခင်အတိုင်းသာဖြစ်ပြီး ငွေပိုကုန်ခြင်းသာအဖတ်တင်ကြောင်း
မဲဆောက်ဈေးမှ မြန်မာအလုပ်သမားများကပြောသည်။
မဲဆောက်အခြေစိုက် ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့  တာဝန်ခံ ကိုထက်ခေါင်က“နှစ်နိုင်ငံအစိုးရက ကြေ
ညာချက်ထုတ်ပြန်ခဲ့တာက ဗမာဘက်မှာ ကျပ်ငွေ ၃၀၀၀ နဲ့ ထိုင်းဘက်မှာ ဘတ်ငါးရာ၊ ၂နှစ်စာနေထိုင်အ
လုပ်လုပ်ကိုင်ခွင့်ရမယ်လို့ ပြောခဲ့တာ။အလုပ်သမားတွေဝမ်းသာခဲ့ကြတယ်။ ခု တကယ့်ကိုလုပ်လာတဲ့အခါ
ဘတ်တစ်သောင်းခွဲကနေ ဘတ်နှစ်သောင်းလောက်ကုန်နေတယ်။ ဟိုနေရာဒီနေ၇ာလည်းမသွားရဘူး ။
ငွေတောင်းတယ်။work permitလုပ်ရသေးတယ်။အစိုးရ ၂ရပ်လုံးက ပြောခဲ့တဲ့အတိုင်းမဟုတ်ပဲ အလုပ်
သမားတွေကုန်ကျမှုတအားများနေတယ်။ထိုင်းစကားတတ်တဲ့ လူတွေက ထိုင်းလုပ်ငန်းရှင်တွေ၊ထိုင်းအာ
ဏာပိုင်တွေနဲ့ ပေါင်းပြီး အကြီးအကျယ်ပွဲစားလုပ်နေကြတယ်။အရင်တုန်းက (ဘတ်)လုပ်တာ တစ်နှစ
်ကို ဘတ်ငွေ=၃၈၀၀ ၊၂နှစ်စာကို ဘတ်ငွေ=၇၆၀၀ ပဲကုန်မယ်။ ခုဟာက ၂နှစ်စာမှာ ဘတ်နှစ်သောင်း လောက်ကုန်နေတော့ကုန်ကျငွေသုံးဆနီးပါးဖြစ်နေပြီလေ။အလုပ်သမားတွေအတွက်ဝန်ထုတ်ဝန်ပိုးပိုဖြစ်စေပါတယ်”
ဟုပြောသည်။
ယာယီ ပတ်စပို့ လုပ်ငန်းစဉ်အတွင်းမတရားခေါင်းပုံဖြတ်ခံရခြင်း၊အမြတ်ကြီးစားခြင်းတို့ ကြောင့် မြန်မာအလုပ်သမားများမှာယခင်ထက်ပင်အခြေနေဆိုဝါးနေသည်။မြန်မာအလုပ်သမားမှာ အချိန်ကုန်၊ငွေကုန်၊လူပန်းဖြစ်နေကြသည်။ယာယီပတ်စပို့ ရှိသော်လည်း အခွင့်အရေးတ စုံတရာထူးခြား
စွာခံစားရခြင်းမရှိဖြစ်နေသည်များကို နှစ်နိုင်ငံအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးခြင်းများလုပ်ကိုင်ပေးခြင်းနှင့်
အတူ မတရားမှုတို့ အားအရေးယူဆောင်ရွက်ခြင်းတစ်စုံတစ်ခုမရှိသေးသည်မှာ ပွဲစားလူလိမ် ကုမ္ပဏီများ
အနေဖြင့် ထင်တိုင်းကြဲခွင့်ပေးထားသလို ဖြစ်နေကြောင်း။သန်းချီရှိသည့်မြန်မာအလုပ်သမားများမှာ ယခင်ကလည်းအကာအကွယ်မရှိသကဲ့သို့ ခုလည်းအကာအကွယ်မဲ့ဆဲဖြစ်ကြောင်းကိုထက်ခေါင်က
ဆက်လက်ပြောဆိုသွားသည်။
**ကိုကျော်သောင်း **

No comments:
Post a Comment