မန်ချက်စတာ စီးတီးအသင်းမှဝိန်းဘရစ်ခ်ျနှင့် တီဗက်ဇ်တို့အရက်ဘားတွင် ရှိနေကြသည်။ ၀ိန်းဘရစ်ခ်ျမှာ ခါတိုင်းနှင့်မတူ၊ အရက်တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်။ တီဗက်ဇ်က `ဟေ့ကောင်… ဘာဖြစ်လို့ ဒီလောက်အများကြီး သောက်နေရတာတုန်းကွ´
`မင်းမတွေ့ဘူးလား။ ငါ့ချစ်သူဟောင်းနဲ့ တယ်ရီတို့သတင်းတွေအပြင်မှာ ပျံ့နေတာလေ´
`သြော်… ဒါကြောင့်လား။ စိတ်မကောင်းမဖြစ်ပါနဲ့ကွာ… မင်းဘေးမှာ ငါ့လိုသူငယ်ချင်းကောင်းတစ်ယောက်လုံးရှိပါတယ်ကွ´
`ဘာ… လာပြန်ပြီလား… နောက်တစ်ယောက်´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment