အမေရိကန်တို့က မိမိတို့နိုင်ငံအား ခြိမ်းခြောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့လျှင် ရေနံတင်ပို့မှု ဖြတ်တောက်မည်ဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်က ဇူလိုင်လ ၂၆-ရက်နေ့က သတိပေးပြောကြားလိုက်သည်။ (အင်တာနက်)
** အိန္ဒိယက ဒုံးကျည်စမ်းသပ်ပစ်လွှတ် **
(နယူးဒေလီ၊ ဇူလိုင်လ ၂၆-ရက်)
အိန္ဒိယနိုင်ငံက ကြားဖြတ်တိုက်ခိုက်ရေး ဒုံးကျည်တစ်စင်းကို ဇူလိုင်လ ၂၆-ရက်နေ့က အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်နိုင်ခဲ့ကြောင်း အိန္ဒိယစစ်ဘက်မှ သတင်းထုတ်ပြန်သည်။ အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးစနစ် အစိတ်အပိုင်း တစ်ရပ်အဖြစ် စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ သြရိသပြည်နယ်အရှေ့ပိုင်း ကမ်းလွန်သို့ ပစ်ခတ်စမ်းစပ်ခြင်းဖြစ်သည်။ ယင်းဒုံးကျည်များကို အိန္ဒိယနိုင်ငံ ၀ှီးလာကျွန်းပေါ်၌ ဖြန့်ချထားရန် ရည်ရွယ်ထားကြောင်း၊ အိန္ဒိယနိုင်ငံ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးမှုအဖွဲ့မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၄င်းသတင်း၌ ဖော်ပြသည်။ (အင်တာနက်)
** ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝအန္တရာယ် ကြိုတင်ကာကွယ်ရေး ကမ္ဘာမြေလေ့လာရေးဌာန ထူထောင်မည် **
(လန်ဒန်၊ ဇူလိုင်လ ၂၆-ရက်)
ကမ္ဘာမြေစောင့်ကြည်လေ့လာရေးဌာနတစ်ခုကို ဗြိတိန်နိုင်ငံ အော့ဖို့ဒ်ရှိင်းယားအရပ်၌ ထူထောင်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုနှင့် သဘာဝအန္တရာယ် ကြိုတင်သိရှိနိုင်ရေးကို လေ့လာသုတေသနပြုသွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ သုတေသနပညာရှင်များက ဇူလိုင်လ ၂၅-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ဗီယက်နမ်မြောက်ပိုင်း၌ မုန်တိုင်းတိုက်ခတ် **
မီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသများတွင် ဇူလိုင်လ ၂၆-ရက်နေ့ နံနက်က မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုကြောင့် ဒေသခံ ၁၀-ဦးသေဆုံးခဲ့ကြောင်း၊ နေအိမ် ၁၀၀-ကျော် ပျက်စီးခဲ့ပြီး ကောက်ပဲသီးနှံစိုက်ဧကများစွာလည်း ဆုံးရှုံးပျက်စီးခဲ့ကြောင်း ဗီယက်နမ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းကျဆင်း **
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများကျဆင်းလျက်ရှိရာ တရုတ်နိုင်ငံ ဟောင်ကောင်ဈေးကွက်၌ ဇူလိုင်လ ၂၆-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၉၁ ဒသမ ၂၉ ဒေါ်လာအထိ ကျဆင်းခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** တရုတ်နိုင်ငံ ချန်ဒူလေဆိပ်၌ ခရီးသည်များသောင်တင်နေ **
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ဇူလိုင်လ ၂၆-ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နေသဖြင့် လေယာဉ်ခရီးစဉ်များ ရွှေ့ဆိုင်းထားရာ ချန်ဒူလေဆိပ်၌ ခရီးသည် ၉၀၀၀ ခန့် သောင်တင်လျက်ရှိကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** အမေရိကန်အား ရေနံဖြတ်တောက်မည်ဟု ချာဗက်ဇ်ပြောကြား **

No comments:
Post a Comment