ဂျာမနီဘွန် ဒက်စ်လီဂါအသင်း စတုဂတ် ကွင်းလယ်ကစားသမား ဆာမီခီဒီယာက ၄င်းအနေဖြင့် ရီးရဲမက်ဒရစ်အသင်းသို့သာ ပြောင်းရွှေ့ကစားလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ၄င်းအား မန်ယူနှင့် ချဲလ်ဆီးတို့က ခေါ်ယူရန် လေ့လာစုံစမ်းလျက်ရှိသည်။ (အင်တာနက်)
** ဟွန်ဒါအား အေစီက စာချုပ်ရေးနီးစပ် **
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျပန်လက်ရွေးစင် အသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့သူ ကီဆူ ကီဟွန်ဒါအား အေစီမီလန်က ပေါင် ၁၂ ဒသမ ၅-သန်းဖြင့် စာချုပ်ချုပ်ဆိုရေး နီးစပ်လာပြီဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** ၂၀၁၀ ပြေးခုန်ပစ်များ၌ အီဆင်ဘာယီက ယှဉ်ပြိုင်မည် **
ပြီးခဲ့သည့် ဇွန်လကကျင်းပခဲ့သော ကမ္ဘာ့အင်ဒိုးချန်ပီယံရှစ်ပြေးခုန်ပစ် ပြိုင်ပွဲတွင် ဆေးစစ်ဆေးမှုမအောင်မြင်ခဲ့သောကြောင့် ပြိုင်ပွဲမှထွက်ခဲ့ရသူ အသက် ၂၈-နှစ် အရွယ်ရှိ အိုလံပစ်တုတ်ထောက်ခုန် နှစ်ထပ်ကွမ်းချန်ပီယံ ယီလီနာအီဆင်ဘာယီက ၄င်းအနေဖြင့် ၂၀၁၁ ခုနှစ် ဆောင်းရာသီပြိုင်ပွဲများတွင် ပြန်လည်ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (အင်တာနက်)
** ပြိုင်ပွဲများ၌ အကောင်းဆုံးပုံစံပြန်ရမည်ဟု ဆန်ဒါယုံကြည် **
ဒဏ်ရာကြောင့် ရာသီတစ်ရာသီခန့် ပြေးခုန်ပစ်ပြိုင်ပွဲများနှင့် လွဲချော်ခဲ့ရပြီး ဥရောပ ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲနှင့်လည်း လွဲချော်ခဲ့ရသူ ဗြိတိသျှ မီတာ ၄၀၀ ပြေးခုန်ပစ်မယ် နီကိုလာဆန်ဒါက လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (အင်တာနက်)
** ဗြိတိသျှ ဘင်တန်ဝိတ်သရဖူ ဟောလ် ကာကွယ် **
ဗြိတိသျှ လက်ဝှေ့သမား စတူးဝပ်ဟောလ်သည် ပြီးခဲ့သည့် ဇွန်လ ၂၃-ရက်နေ့က ဆန်းဒါးလန်းမြို့တွင် ပြိုင်ဘက်လက်ဝှေ့သမား မာတင်ပါဝါအား ၁၀-ချီတွင် အနိုင်ထိုးသတ်ကာ ၄င်း၏ ဗြိတိသျှ ဘင်တန်ဝိတ်သရဖူကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။ (အင်တာနက်)
** ဒိုင်းမွန်းလိဂ် ပြေးခုန်ပစ်၌ အိုလီဗာ ရွှေဆွတ်ခူး **
မိုနာကို၌ကျင်းပသော ဒိုင်းမွန်းလိဂ်ပြေးခုန်ပစ်ပြိုင်ပွဲ မီတာ ၁၁၀ တန်းကျော်ပြေးပွဲတွင် အမေရိကန်တန်းကျော်ပြေးခုန်ပစ် အားကစား ဒေးဗစ်အိုလီဗာသည် ၁၃ ဒသမ ၀၁ စက္ကန့်ဖြင့် ပန်းဝင်ကာ ရွှေတံဆိပ်ဆွတ်ခူးခဲ့ကြောင်း၊ သို့သော်လည်း ဒေရွန်ရော့က်လက်စ်၏ ကမ္ဘာ့စံချိန်ဖြသည့် ၁၂ ဒသမ ၈၇ စက္ကန့်ကိုမူ မချိုးနိုင်ခဲ့ကြောင်း အင်တာနက် သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
** ကနေဒါ ပြေးခုန်ပစ်၌ ရွှေနှစ်ခုရယူရန် ၀ီလျံရည်မှန်း **
ကနေဒါနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဂျူနီယာချန်ပီယံရှစ်ပြေးခုန်ပစ် မီတာ ၂၀၀ အပြေးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ဗြိတိသျှ တာတိုပြေးခုန်ပစ်မယ် ဂျိုဒီဝီလျံသည် ထိပ်ဆုံးမှပန်းဝင်ကာ ၄င်း၏ ၁၅၁ ပွဲ ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့သည်။ ၀ီလျံသည် မီတာ ၁၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးထားပြီဖြစ်ပြီး ရွှေတံဆိပ်နှစ်ခုဆွတ်ခူးရန် ရည်မှန်းထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန် - ချစ်စိုးနိုင် **
** ရီးရဲမက်ဒရစ်သို့ ခီဒီယာ ပြောင်းရွှေ့ ကစားလို **

No comments:
Post a Comment