ကျုပ်တို့ရဲ့ မျိုးဆက်သွေးတွေအတွက်
အသင်ဟာ မတွေဝေ မတိမ်းစောင်း
ရဲရင့်ခြင်းပေါင်း အထောင်းအသောင်းနဲ့
အမိပြည်အရေး အသွေးအသက်ပေးဆပ်ခဲ့သူ…။
**အလုပ်ကခပ်များများ၊ အခွင့်အရေးခပ်ပါးပါးယူခဲ့
တော်လှန်ရေးဆိုတဲ့အရာထက်၊ ဘာကိုမှ အကျိုးမဖက်ပဲ
ပဉ္စမြောက်မျိုးဆက်သစ်အတွက်
လက်ကျန်ဘ၀လေးကိုပေး သူရဲကောင်းသွေးနဲ့
အနာဂါတ်အတွက်၊ စက်တင်ဘာဆုံးဖြတ်ချက်ကို
ထုဆစ်ခဲ့သူ…။
**ဒါပေမယ့်
ဒါဟာ ခင်ဗျားအတွက်
ဘုန်းတော်ဘွဲ့ကဗျာ တပုဒ်မဟုတ်ဘူး။
အဲဒီထက် ကြီးမြတ်တဲ့၊ သက်ရှိလူသမိုင်းရဲ့
မြေကြီးရော ကောင်းကင်ပါဆန်တဲ့
သမိုင်းရေးဂုဏ်ပုဒ်ကို၊ အသက်ဆိုတဲ့ ကလောင်သွားနဲ့
သွေးဆိုတဲ့ မှင်ရည်တို့လောင်းဖြည့်ထားတဲ့
တော်လှန်စာမျက်နှာပေါ်က
နှင်းဆီနီမော်ကွန်းတပုဒ်ဖြစ်တယ်။
**ရဲဘော်ကြီးရေ…
ခင်ဗျားရဲ့ ငြိမ်းချမ်းခြင်းထာဝရတရားအတွက်
ဘုရားသခင်ဆိုတဲ့သူက
ပြည့်စုံတဲ့နောင်ဘ၀ကိုသာ၊ ဖန်ဆင်းပေးခဲ့ဦးမယ်ဆိုရင်လည်း
ကျနော် ယုံကြည်ပါတယ်
ခင်ဗျား ဘာကိုတောင်းဆိုဦးမလဲဆိုတာကို…။ ။
** ရိုးဆက် **
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
**ကျောင်းသား၊ တော်လှန်ရေး
ကျုပ်တို့ရဲ့ မျိုးဆက်သွေးတွေအတွက်
အသင်ဟာ မတွေဝေ မတိမ်းစောင်း
ရဲရင့်ခြင်းပေါင်း အထောင်းအသောင်းနဲ့
အမိပြည်အရေး အသွေးအသက်ပေးဆပ်ခဲ့သူ…။
**အလုပ်ကခပ်များများ၊ အခွင့်အရေးခပ်ပါးပါးယူခဲ့
တော်လှန်ရေးဆိုတဲ့အရာထက်၊ ဘာကိုမှ အကျိုးမဖက်ပဲ
ပဉ္စမြောက်မျိုးဆက်သစ်အတွက်
လက်ကျန်ဘ၀လေးကိုပေး သူရဲကောင်းသွေးနဲ့
အနာဂါတ်အတွက်၊ စက်တင်ဘာဆုံးဖြတ်ချက်ကို
ထုဆစ်ခဲ့သူ…။
**ဒါပေမယ့်
ဒါဟာ ခင်ဗျားအတွက်
ဘုန်းတော်ဘွဲ့ကဗျာ တပုဒ်မဟုတ်ဘူး။
အဲဒီထက် ကြီးမြတ်တဲ့၊ သက်ရှိလူသမိုင်းရဲ့
မြေကြီးရော ကောင်းကင်ပါဆန်တဲ့
သမိုင်းရေးဂုဏ်ပုဒ်ကို၊ အသက်ဆိုတဲ့ ကလောင်သွားနဲ့
သွေးဆိုတဲ့ မှင်ရည်တို့လောင်းဖြည့်ထားတဲ့
တော်လှန်စာမျက်နှာပေါ်က
နှင်းဆီနီမော်ကွန်းတပုဒ်ဖြစ်တယ်။
**ရဲဘော်ကြီးရေ…
ခင်ဗျားရဲ့ ငြိမ်းချမ်းခြင်းထာဝရတရားအတွက်
ဘုရားသခင်ဆိုတဲ့သူက
ပြည့်စုံတဲ့နောင်ဘ၀ကိုသာ၊ ဖန်ဆင်းပေးခဲ့ဦးမယ်ဆိုရင်လည်း
ကျနော် ယုံကြည်ပါတယ်
ခင်ဗျား ဘာကိုတောင်းဆိုဦးမလဲဆိုတာကို…။ ။
** ရိုးဆက် **
(ကိုထက်မိုး၏ ပြန်ကျမိုးများ)


No comments:
Post a Comment