**(၉.၈.၁၀၊ဘာသာပြန်- ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)**
ဘန်ကောက်မြို့အနီးမဟာချိုင်နယ်မြေရှိ ကစီခွန်ဘဏ်kaskorn Bank များတွင် ငွေအထုတ်အသွင်းလုပ်ငန်းစဉ်များ
အတွက် မြန်မာဘာသာများဖြင့် လုပ်ဆောင်နိုင်ရန်ပြင်ဆင်ထားကြောင်း ယမန်နေ့ ထုတ်ထိုင်းရပ်သတင်းစာ
တွင်ရေးသားထားသည်။
မဟာချိုင်ဒေသခံများက သတင်းမီဒီယာများကိုအကြောင်းကြားသဖြင့် ယခုကဲ့သို့ သိရှိလာရခြင်းဖြစ်ပြီး မြန်မာအများစုရှိနေခြင်းကြောင့် အဆိုပါဘဏ်က လွယ်ကူချောမွေ့စေရန်ဝန်ဆောင်မှုပေးထားကြောင်းကောက်ချက်
ချပြောဆိုထားသည်။
မဟာချိုင်ဘဏ်တစ်ခုအနီးနေထိုင်သူ ဦးမောင်နီအား ၄င်းတွင်ရှိသည့် အဆိုပါဘဏ်ကဒ်ဖြင့် ငွေအသွင်းအထုတ်တစ်ခုလုပ်ကြည့်ရာဦးစွာကြိုဆိုပါ၏ဆိုပြီး အင်္ဂလိပ်ဘာသာဖြင့်ထွက်ပေါ်လာသည်။ ထို့ နောက်လျှို့ဝှက်ကဏန်းအားနှိပ်လိုက်ရာထိုင်းဘာသာနှင့်မြန်မာဘာသာပေါ်လာလာသည်။ငွေထုတ်မည်ဆိုလျှင်
ဘာလုပ်၊ငွေသွင်းမည်ဆိုလျှင်ဘာကိုနှိပ်အစရှိသဖြင့်အခြားလုပ်စရာများအားလုံးတို့ အားဓါတ်ပုံပါအတိုင်းမြန်မာစာဖြင့်
တွေ့ ရှိရကြောင်းသတင်းတွင်ေ၇းသားထားသည်။
မဟာချိုင်နယ်မြေ ထတ်ကျင်မြို့အရပ်လူကြီးတစ်ဦးက ၄င်းတို့ နယ်မြေအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့်မြန်မာအလုပ်သမားများမှာ အလုပ်လုပ်ကိုင်ခြင်းကိုစိတ်ချလက်ချလုပ်ကိုင်နေထိုင်
ကြရသည်။
သို့ ရာတွင်နေထိုင်ခွင့်စာရွက်စာတမ်းမရှိသည့် မြန်မာအလုပ်သမားများမှာ ခိုးချောင်ခိုးဝှက်လုပ်ကိုင်နေကြရသည်။ ထိုင်းပုလိပ်များငွေညှစ်ခြင်းကိုခံကြရသည်။ ထိုအလုပ်သမားများမှာ နေထိုင်မကောင်းဖြစ်၍ ကျမ္မာရေးစောင့်ရှောက်မှုခံယူရာတွင်အထူးအခက်အခဲကြုံနေကြရကြောင်းပြောသည်။ထိုအခက်အခ
ဲများကို အစိုးရအနေဖြင့်တရားဝင်နေထိုင်ခွင့်လုပ်ပေးပါက အလုပ်သမားများလည်းစိတ်ချမ်းသာ၊တိုင်းပြည်အတွက်လည်းဝင်ငွေတိုးလာနိုင်
ကြောင့် ယခုအတိုင်းတရားမ၀င်လုပ်ကိုင်နေရခြင်းမှာ အလုပ်သမားများအတွက်လည်းမကောင်းသလိုတိုင်းပြ
အတွက်လည်းနစ်နာကြောင်း၊ရဲဝန်ထမ်းများအားခြစားမှုကိုအားပေးသလိုရောက်နေကြောင်းထောက်ပြပြောဆို
သည်။
မဟာချိုင် ရဲတပ်ဖွဲ့မြို့နယ်မှူး ယုချိုင်း က မဟာချိုင်မြို့နယ်အတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်မှတ်ပုံတင်၏
လုပ်ထားသူပေါင်း ၁၂၄,၄၅၄ ဦးရှိသည်။ထိုအထဲမှ ယာယီပတ်စပို့ လုပ်ကိုင်နေသူ ၉၀၀၁ဦးရှိသဖြင့်စုစုပေါင်း
၁၃၃,၄၅၅ ဦးရှိသည်။မှတ်ပုံတင်လုံးဝမရှိသူပေါင်းတစ်သောင်းကျော်ခန့် ရှိသဖြင့်ထိုလူများ လာရောက်လုပ်ကြစေလိုကြောင်း၊ပြောဆိုသည်။
မဟာချိုင်နယ်မြေအတွင်းရွေ့ပြောင်းအလုပ်သမားများလုပ်ကိုင်ရန်သတ်မှတ်ထားသည့် အလုပ်အကိုင် ၁၁
မျိုးရှိကြောင်း(ငါးဖမ်းအလုပ်သမား၊ပန်းရံ၊ကုန်တင်ကုန်ချ၊မာလီ၊အုတ်လုပ်ငန်း၊ရေခဲစက်ရုံ၊ဆန်စက်၊…စသည်)။
မြို့နယ်မှူးကဆက်လက်ပြောဆိုရာတွင် စမုတ်စာခွန်ခရိုင်၊မဟာချိုင်နယ်မြေအတွင်း တရားအ၀င်အလုပ်သမား
များမှာ နေ့ စဉ်ရှာဖွေဖမ်းဆီးနေသော်လည်း ဖမ်းဆီး၍မကုန်လောက်အောင်ဖြစ်နေကြောင်း၊ဖမ်းဆီးပြန်ပို့ ပြီးပြန်
လည်ဝင်ရောက်လာနေကြကြောင်း၊ဖမ်းလိုက်၊ပို့လိုက်၊ပြန်လာလိုက်ဖြစ်နေကြောင်း။ထို့ကြောင့်အစိုးရအနေဖြင့်
နေထိုင်အလုပ်လုပ်ကိုင်ခွင့်လုပ်ပေးခြင်းဖြင့် ဖြေရှင်းသင့်ကြောင်းပြောဆိုသည်။
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၃၀ခန့် အကွာတွင်ရှိသည့် စမုစာခွန်၊မဟာချိုင်နယ်မြေသည် ၈၇၂ စတုရန်းကီလိုမီတာရှိသည်။စမုတ်စာခွန်ခရိုင်အဟာချိုင်နယ်မြေတစ်ခုတည်းတည်းတွင် စက်ရုံအလုပ်ရုံနှင့်ကုမ္ပဏီပေါင်း
၆၃၂၀ ရှိသည်။
မဟာချိုင်၂၆ရပ်ကွက်တစ်ခုတည်းတွင်အနည်းဆုံးမြန်မာတစ်ထောင်မှတစ်သောင်းအထိနေထိုင်နေကြပြီးမဟာ
ချိုင်ရှိအချို့ရပ်ကွက်များတွင်လည်းမြန်မာများထောင်သောင်းချီပြီးနေထိုင်အလုပ်လုပ်ကိုင်နေကြကြောင်းသတင်း
စာတွင်ရေးသားထားသည်။
မဟာချိုင်မှ မြန်မာအလုပ်သမားအချို့တို့ အားမေးကြည့်ရာ မဟာချိုင်တွင်မြန်မာဘာသာဖြင့် အဆိုပါဘဏ်မှ
သုံးရလွယ်ကူအောင်ပြင်ဆင်ပေးထားသည်မှာ ၆လခန့် ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်းပြောပြကြသည်။

No comments:
Post a Comment