ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 4, 2010

4 Nov, 10// ကန္တာရပင်များ အနာဂတ်

> **အပူပိုင်းအပင် ဥယျာဉ်တဲ့
ပင်လယ်ကမ်းခြေ မြေထဲပင်လယ်မှာ
တင့်တယ်စွာ စံမြန်းလို့
တခမ်းတနား ဖြစ်နေပါရော့လား။

**မြန်မာနိုင်ငံ အပူပိုင်းဒေသ
ငါတို့ဘ၀ ငါတို့ရွာမှာ
သူတို့ခမျာ ငါတို့ရဲ့ ကစားဖော်
မခေါ်ဘဲ မနေနိုင်တဲ့ ငယ်သူငယ်ချင်း
လည်ပင်းဖက် ကြီးခဲ့ကြတယ်။

**ဟိုနေရာ၊ ပဒုမ္မာ၊ ဒီနေရာ ကျားလျှာဆူး
နွားခွာတောင် စူးနိုင်တဲ့ မထူးတဲ့သရုပ်
ပြုတ်ထနေတဲ့ ကျောက်စရစ်ခဲ
ရင်ကိုခွဲလို့ အပင်ပေါက်
အင်ကြင်းကျောက် ရှားတော
မောလွန်းလို့ နွားလျှာထွက်
နွားလျှာကြီး ရွက်တဖားဖား
လက်ဝါးလို ရှားစောင်းလက်ဖက်
စကားတောင် မစပ်နဲ့
မတရားငတ်တဲ့ တို့ရပ်ရွာက
တို့သဟာတို့ ငယ်ပေါင်းတွေ
ဆိတ်ကျောင်း နွားစား
တဗြုတ်ဗြုတ် ၀ါးနေကျ
ခါးသည်ပဲ ချိုသည်ပဲ
ငါတို့လဲ မသိ။

**ဆီးချုံနဲ့ ခံပင်တွေ
ရွာပြန်ရင် တွေ့နေကျ
အမေ့ရွာ အဖေ့ရွာက
မန်းကျည်း တမာ ထနောင်းတော
ထန်းပင်တွေလဲ ပေါပါရဲ့။

**ဟော… အခုတော့ သူငယ်ချင်းတွေ
ပင်လယ်ပြာ စပိန်ကမ်းခြေမှာ
မြေဥယျာဉ် သီးသန့်ပေး
အရေးစိုက် ပြုစုထားလို့
ကောင်းစားနေကြပါရောလား။

**ငါတို့ဆီမှာတုန်းက ရေငတ်မိုးငတ်
ဇရပ်ကတုံးကလေးရဲ့ နဘေးမှာ
မှိန်မှိန်မှေးမှေး သေးသေးသိမ်သိမ်
တပိန်ပိန် တလိမ်လိမ်
ခုချိန်မှာ တသွေးတမွေး
မြင်သူတိုင်း ငေးလောက်ကဲ့။

**တလေးတစား တခမ်းတနား
ကမ္ဘာလှည့်ခရီးသည်များကတောင်
လက်ဖျားခါရလောက်အောင် လှပတဲ့
သဘာဝ ကန္တာရသစ်ပင်တွေ… တဲ့။

**တို့နိုင်ငံ တခေတ်ကောင်းရင်လဲ
ဆင်တဲဝ သံချောင်းမှာ
မင်းတို့လဲ ဘ၀ပြောင်းမှာပါ။
ပုပ္ပားစောင်းမှာ ဥယျာဉ်တွေပျိုးလို့
တမိုးကောင်းကို ကြိုစို့ကွာ။ ။


**တင်မိုး**
(ကဗျာပေါင်းချုပ်၊ ၃ နိုဝင်ဘာလ ၁၉၉၉၊ ဗုဒဟူးနေ့ နံနက်ခင်း)

**အပူပိုင်းအပင် ဥယျာဉ်တဲ့
ပင်လယ်ကမ်းခြေ မြေထဲပင်လယ်မှာ
တင့်တယ်စွာ စံမြန်းလို့
တခမ်းတနား ဖြစ်နေပါရော့လား။

**မြန်မာနိုင်ငံ အပူပိုင်းဒေသ
ငါတို့ဘ၀ ငါတို့ရွာမှာ
သူတို့ခမျာ ငါတို့ရဲ့ ကစားဖော်
မခေါ်ဘဲ မနေနိုင်တဲ့ ငယ်သူငယ်ချင်း
လည်ပင်းဖက် ကြီးခဲ့ကြတယ်။

**ဟိုနေရာ၊ ပဒုမ္မာ၊ ဒီနေရာ ကျားလျှာဆူး
နွားခွာတောင် စူးနိုင်တဲ့ မထူးတဲ့သရုပ်
ပြုတ်ထနေတဲ့ ကျောက်စရစ်ခဲ
ရင်ကိုခွဲလို့ အပင်ပေါက်
အင်ကြင်းကျောက် ရှားတော
မောလွန်းလို့ နွားလျှာထွက်
နွားလျှာကြီး ရွက်တဖားဖား
လက်ဝါးလို ရှားစောင်းလက်ဖက်
စကားတောင် မစပ်နဲ့
မတရားငတ်တဲ့ တို့ရပ်ရွာက
တို့သဟာတို့ ငယ်ပေါင်းတွေ
ဆိတ်ကျောင်း နွားစား
တဗြုတ်ဗြုတ် ၀ါးနေကျ
ခါးသည်ပဲ ချိုသည်ပဲ
ငါတို့လဲ မသိ။

**ဆီးချုံနဲ့ ခံပင်တွေ
ရွာပြန်ရင် တွေ့နေကျ
အမေ့ရွာ အဖေ့ရွာက
မန်းကျည်း တမာ ထနောင်းတော
ထန်းပင်တွေလဲ ပေါပါရဲ့။

**ဟော… အခုတော့ သူငယ်ချင်းတွေ
ပင်လယ်ပြာ စပိန်ကမ်းခြေမှာ
မြေဥယျာဉ် သီးသန့်ပေး
အရေးစိုက် ပြုစုထားလို့
ကောင်းစားနေကြပါရောလား။

**ငါတို့ဆီမှာတုန်းက ရေငတ်မိုးငတ်
ဇရပ်ကတုံးကလေးရဲ့ နဘေးမှာ
မှိန်မှိန်မှေးမှေး သေးသေးသိမ်သိမ်
တပိန်ပိန် တလိမ်လိမ်
ခုချိန်မှာ တသွေးတမွေး
မြင်သူတိုင်း ငေးလောက်ကဲ့။

**တလေးတစား တခမ်းတနား
ကမ္ဘာလှည့်ခရီးသည်များကတောင်
လက်ဖျားခါရလောက်အောင် လှပတဲ့
သဘာဝ ကန္တာရသစ်ပင်တွေ… တဲ့။

**တို့နိုင်ငံ တခေတ်ကောင်းရင်လဲ
ဆင်တဲဝ သံချောင်းမှာ
မင်းတို့လဲ ဘ၀ပြောင်းမှာပါ။
ပုပ္ပားစောင်းမှာ ဥယျာဉ်တွေပျိုးလို့
တမိုးကောင်းကို ကြိုစို့ကွာ။ ။


**တင်မိုး**
(ကဗျာပေါင်းချုပ်၊ ၃ နိုဝင်ဘာလ ၁၉၉၉၊ ဗုဒဟူးနေ့ နံနက်ခင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)