ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 31, 2010

လူသတ်မှုကျူးလွန်ပြီးတိမ်းရှောင်နေသည့်မြန်မာအိမ်ဖေါ်အလုပ်သမအားဖမ်းမိ


**(သြဂုတ် ၃၁၊၂၀၁၀၊ဘာသာပြန် ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)**
အသက် ၇၀ကျော်အရွယ်ထိုင်းအိမ်ရှင်အဖွားအိုအားသတ်ဖြတ်ပြီးထွက်ပြေးတိမ်းရှောင်နေသော မြန်မာအိမ်ဖေါ်
အလုပ်သမ မရီအား၊ထိုင်းမြန်မာနယ်စပ်ကန်ချနဘူရလီခရိုင်တွင်၊သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးမိပြီးဖြစ်ကြောင်းထိုင်းသတင်းစာများတွင်ရေးသားဖေါ်ပြထားသည်။
ဘန်ကောက်မြို့ဖနခေါနယ်မြေ၊ဘူဖာအဖိလုမ်းရပ်ကွက်၊ ကျလွန်ကုန်လမ်း၊၃ထပ်၊အိမ်အမှတ် ၂၁ /၄တွင် နေထိုင်သည့်အသက် ၇၂ နှစ်အရွယ် မာလီ ဆိုသည့်ထိုင်းအဖွားကြီးအားခြေလက်တို့ ကိုကြိုးတုတ်ပြီး အသက်ရှုမွန်းကြပ်မှုဖြင့်သေဆုံးခဲ့သည်။ မြန်မာအိမ်ဖေါ်အလုပ်သမ မရီ၏လက်ချက်ကြောင့်ဖြစ်နိုင်ကြောင်း သြဂုတ်လ၂၂ရက်နေ့ ထုတ်၊ထိုင်းသတင်းစာများကရေးသားထားခဲ့သည်။
အသက်၂၃နှစ်အရွယ်ရှိ မရီသည်ထိုင်းမြန်မာနယ်စပ်ကန်ချနဘူခရိုင် ဆိုင်ယိုမြို့ ထာ့စောင်ကျေးရွာ ချောင့်ခဲ့ရပ်
ကွက် အိမ်အမှတ် ၁၂၂ မူ ၁ တွင်ပုန်းအောင်နေထိုင်စဉ် ထိုင်းရဲနှင့်လူဝင်မှုကြီးကြပ်ရေးဌာနတို့ ကဖမ်းဆီးမိ
ခဲ့ခြင်းဖြစ်သည်။

မရီသည်သေဆုံးသွားသောထိုင်းအမျိုးသမီးကြီးအိမ်တွင် ၁၁လကြာလုပ်ကိုင်ခဲ့ပြီးခင်ပွန်းဖြစ်သူ အသက် ၂၈နှစ်အရွယ် မောင်သောင်းနှင့်အတူ ဘန်ကောက်မြို့ပြင်ဖက် ကီလိုမီတာ ၁၀၀ခန့် အကွာရှိလရှ်ဘူလီမြို့အသားလုံးစက်ရုံတွင်လုပ်ကိုင်နေခဲ့သည်။
လင်မယား၂ဦးအလုပ်အတူတူလုပ်ကိုင်၍အဆင်မပြေခဲ့သဖြင့် ခင်ပွန်းဖြစ်သူမောင်သောင်း မြန်မာပြည်နေရပ်ရင်းသို့ပြန်သွားခဲ့ကြောင်း၊မရီလုပ်ဖူးသောအိမ်တွင်တလလျင်လုပ်အားခငွေ(၄၅၀၀)ရာဖြင့် 
့်ပြန်လုပ်ခဲ့ရာ ၄-ရက်မျှသာလုပ်ပြီးနောက်လူသတ်မှုဖြစ်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။
သေဆုံးသူထိုင်းအမျိုးသမီးကြီးမှာနေ.စဉ်အိပ်ဆေး၂လုံးအမြဲစားရကြောင်း၎င်းနောက်မရီဟာအိပ်မောကျနေစဉ်
ခြေလက်များကြိုးနှင့်တုပ်၍ ရွေဆွဲကြိုး-၁-ကျပ်သား ရွှေဘုရားရုပ်အသေးစားတစ်ဆူ ကျောက်လက်စွပ်-၂-ကွင်း ကျောက်နားကပ်၁စုံရွေလက်ကောက်တစ်ကွင်းနှင့်ဘတ်ငွေ၁၀၄၅၀ပစ္စည်းအားလုံးကာလတန်ဘိုးမှာတစ်သိန်း
ခန့်ရှိကြောင်း ကြီးကြပ်ရေးရဲဌာနချုပ်မှရဲဗိုလ်ချုပ် စထန်ချိုင်ယားနွန်းကပြောသည်။ယ္ခုလူသတ်မှုမှာ
ရွေပြောင်းအလုပ်သမားရဲ.ပထမဆုံးအကြိမ်မဟုတ်ကြောင်းခဏခဏကြုံတွေ.ရကြောင်းယ္ခုလူသတ်မှုမှာမိန်း
ခလေးတစ်ယောက်ထဲမဖြစ်နိုင်ကြောင်းယောင်္ကျားဖြစ်သူကိုမင်္သကာ၍(လဝက)မှစုံစမ်းရာမြန်မာပြည်ထဲသို.
ရောက်သွားပြီဖြစ်ကြောင်း ယမန်နေ့ ထုတ်ဒေလီနယူးနှင့်ခေါင်စွတ်သတင်းစာတွင်ဖေါ်ပြသွားသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမ များအိမ်ဖေါ်လုပ်ငန်းအတွင်းသိန်းချီလုပ်ကိုင်လျှက်ရှိကြသည်။
ထိုင်းအိမ်ရှင်အချို့ကအိမ်ဖေါ်အလုပ်သမငယ်များအားသေနတ်ဖြင့်ပစ်သတ်ခြင်း၊လည်ပင်းညှစ်သတ်ခြင်း၊
အဆိပ်ခပ်သတ်ခြင်း၊မီးရှို့သတ်ဖြတ်ခြင်း၊လုပ်အားခမပေးပဲထားခြင်းနှင့်အဓ္ဓမပြုကျင့်ခြင်းများရှိကြသည်။
အလားတူ၊အချို့အိမ်ဖေါ်အလုပ်သမများလည်း၊အိမ်ရှင်၏ပစ္စည်းများကိုလုယက်ခိုးယူထွက်ပြေးခြင်း၊သတ်ဖြတ်
ပြီးထွက်ပြေးခြင်းမျိုးလည်းရှိတတ်သည်။



Read More...

သားကဖော်ကောင်



**(ယောင်္ကျားတို့လောက ဟာသများ)**
သားငယ်သည် မိခင်ဖြစ်သူ၏ ဆံထုံးကိုဖြေချကာ သဲကြီးမဲကြီး ရှာဖွေနေသဖြင့် မိခင်က…
“ဟဲ့ကောင်လေး… ဘာလုပ်တာလဲ၊ မေမေ့ခေါင်းမှာ သန်းမရှိပါဘူး”
“ဟာ… မေမေကလည်း၊ သားသန်းမရှာပါဘူး၊ မျက်လုံး လိုက်ရှာနေတာပါ”
“သားရယ်… ဘယ်လို၊ ဘာလို့ ခေါင်းနောက်မှာ မျက်စိရှိရမှာလဲ”ဟု မေးလိုက်ရာ သားဖြစ်သူက ပြန်ဖြေလိုက်သည်မှာကား…
“ဟာ… မေမေကလည်း ဖေဖေက အိမ်ဖော်မိအေးကို ပြောနေတယ်။ နင့်အစ်မနောက်စေ့မှာ မျက်လုံးပါတယ်။ သတိထား၊ လူလစ်ပြီး သေချာမှ ငါ့အခန်းထဲလာခဲ့လို့ ပြောလို့  ဗျ.”ဟူ၏။

** စိန်ငှက်ရိုး **
(ယောင်္ကျားတို့လောက ဟာသများမှ)

Read More...

ဟဟ… လိုချင်တယ်နော်.....ပိုက်ဆံကိုပြောတာ(ပိုက်ဆံ ဖက်ရှင်)




တန်ဖိုးကြီးကြီး သတို့သမီး ဝတ်စုံများကို မကြာခဏ ဆိုသလို ဖက်ရှင် ဒီဇိုင်နာတို့က ပြသ တတ်ကြလေသည်။ ယခု ဖော်ပြထားသော သတို့သမီး ဝတ်စုံကတော့ အမှန်ပင် ပိုက်ဆံတွေ အများကြီးကုန်မည့် ဝတ်စုံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ဝတ်စုံ တစ်ခုလုံးကို ငွေစက္ကူများဖြင့် ပြုလုပ် ဖန်တီး ထားသောကြောင့်ပင်
ဖြစ်သည်။

**khun aung nge khun aung nge**

Read More...

လွမ်းရိပ်…

**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
လူ့သော့သွမ်းရဲ့ ခေတ်ညံ့ကြီးက
လူငယ်ဘ၀ကို ညှစ်ယူသွားတယ်။
ထောင်ထွက်တယောက်ရဲ့ အပြန်လမ်း
လွမ်းစရာတွေကလည်း တနင့်တထမ်း။
တဆယ့်ငါးနှစ် သတင်းစာတွေထဲမှာ
အဆောက်အုံတွေက မိုးတိုးမတ်တတ်
ဘ၀တွေကလည်း မိုးတိုးမတ်တတ်။

**ပန်းပွင့်တာ၊ အသက်ရှုတာ
တွေ့ဆုံဆွေးနွေးအဖြေရှာတာ…
အခြေအနေတွေကလည်း မိုးတိုးမတ်တတ်။

**ငါတို့ရဲ့ လမ်းတွေကို
ကိုယ်ပိုင်မျက်လုံးတွေနဲ့
ရေဆံးမြေဆုံး ကြည့်ဖြစ်ကြအုံးတော့မယ်။
တို့တတွေ… အရွယ်ကောင်းကောင်းနဲ့
အသက်တွေသာ တိုးများသွားတာပါ။


**ထက်မိုး**
သူငယ်ချင်း ဒေါက်တာဇော်မင်း၊ ကိုဌေးသိန်းနှင့် ထောင်ထွက် ရဲဘော်များသို့…
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)

Read More...

ဆယ်ရက်တဲ့…

**(အရက်သမားလောက ဟာသများ)**
စိန်ငှက်ရိုးတစ်ယောက် အရက်ဆိုင်ထဲသို့ ၀င်လာခဲ့၏။ ထောင့်ကျကျ စားပွဲတစ်လုံးတွင် ရေချိန်လွန်ပြီး ခေါင်းငိုက်စိုက်ကျကာ ရှိုက်ကြီးတငင်ငိုသော မိတ်ဆွေတစ်ဦးကို တွေ့လိုက်ရသဖြင့် ငိုရခြင်းအကျိုးအကြောင်းကို မေးမြန်းလိုက်ရာ ထိုသူက…
“ဒီနေ့ ကျနော် ဆရာဝန်ဆီ ရောက်ခဲ့တယ်ဗျာ၊ ဆေးလုံးတွေသောက်ဖို့ ပေးလိုက်တယ်။ ကျနော် သေတဲ့နေ့ အထိ နေ့တိုင်းသောက်ပါတဲ့ဗျာ။”

“ဟာ… ဒါများ အဆန်းလုပ်လို့ ဘ၀သက်တမ်းကုန်တဲ့အထိ တောက်လျှောက်ဆေးသောက်နေကြရတဲ့လူတွေ တစ်ပုံကြီးပါ”ဟု ပြောလိုက်သဖြင့် ထိုသူက ပြန်ပြောလိုက်သည်မှာကား…
“အဲဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဆရာဝန်က ကျနော့်ကို သောက်ဆေးပေးလိုက်တာက ဆယ်လုံးထဲဗျ”ဟူ၏။


** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)

Read More...

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

** ဥရောပစူပါဖလား အက်သလက်တီကိုဆွတ်ခူး **
(မက်ဒရစ်၊ သြဂုတ်လ ၂၉-ရက်)
ယူရိုပါလိဂ်ချန်ပီယံ အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့် အင်တာမီလန်အသင်းတို့ သြဂုတ်လ ၂၇-ရကနေ့က ဥရောပစူပါဖလားလုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရာတွင် အက်သလက်တီကိုမက်ဒရစ်အသင်းက နှစ်ဂိုး- ဂိုးမရှိဖြင့်နိုင်ပြီး ဖလားဆွတ်ခူးသွားသည်။ (အင်တာနက်)

** တိုက်စစ်မှူး အီဘရာဟင်မိုဗစ် အေစီမီလန်သို့ ပြောင်းရွှေ့ **
(မက်ဒရစ်၊ သြဂုတ်လ ၂၉-ရက်)
ဘာစီလိုနာတိုက်စစ်မှူး အီဘရာဟင်မိုဗစ် အီတလီစီးရီးအေကလပ် အေစီမီလန်သို့ သြဂုတ်လ ၂၈-ရက်နေ့ ညပိုင်းက ပြောင်းရွှေ့သွားပြီဖြစ်သည်။ (အင်တာနက်)

** ကွင်းလယ်ကစားသမား ဘက်ခမ်း အင်္ဂလန်အသင်းတွင် ပါဝင်ကစားနိုင်မည်လော **
(လန်ဒန်၊ သြဂုတ်လ ၂၉-ရက်)
အင်္ဂလန်ကွင်းလယ်ကစားသမား ဒေးဗစ်ဘက်ခမ်းသည် ယခုလစောစောပိုင်းက ယူရို ၂၀၁၂ ခြေစစ်ပွဲတွင် အင်္ဂလန်အသင်းအတွက် ပါဝင်ကစားနိုင်တော့မည်မဟုတ်ကြောင်း၊ ယင်းအတွက် စဉ်းစားစရာမလိုတော့ကြောင်း ၄င်းက ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)


** တယ်ရီနှင့် လမ်းပတ် ယူရိုခြေစစ်ပွဲနှင့် လွဲချော်နိုင် **
(လန်ဒန်၊ သြဂုတ်လ ၂၉-ရက်)
ချဲလ်ဆီး ကစားသမားများဖြစ်သည့် လမ်းပတ်နှင့် ဂျွန်တယ်ရီတို့သည် စတုတ်အသင်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒဏ်ရာများ အသီးသီးရခဲ့သဖြင့် ယူရို ၂၀၁၂ ပြိုင်ပွဲ အဖွင့်ပွဲစဉ်များနှင့် လွဲချော်နိုင်ကြောင်း ၄င်းကလပ်က ပြောကြားသည်။ (အင်တာနက်)


** ဒိန်းမတ်တင်းနစ်မယ် ၀င်နီယာစကီ သုံးနှစ်ဆက်တိုက်ဖလားဆွတ်ခူး **
(နယူးဟာဗင် (ဒိန်းမတ်) သြဂုတ်လ ၂၉-ရက်)
ဒိန်းမတ်တင်းနစ်မယ် ၀င်နီစကီသည် နယူးဟာဗင်၌ ကျင်းပသော ပိုက်လော့ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲတွင် ပီထရိုဗာအား အနိုင်ရပြီး သုံးနှစ်ဆက်တိုက် ဖလားဆွတ်ခူးနိုင်ခဲ့သည်။ (အင်တာနက်)


** စုစည်းဘာသာပြန်-ကောင်းမြတ်သူ **

Read More...

31 Aug, 10// သြဂုတ်လ အတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

** ကမ္ဘာကျော်ဟောလိဝုဒ်သရုပ်ဆောင် ပဲရစ်ဟီလ်တန် မူးယစ်ဆေးဝါးလက်ဝယ်ရှိမှုဖြင့်
အဖမ်းခံရ **

(နယူးယောက်၊ သြဂုတ်လ ၂၉-ရက်)
ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီးပဲရစ်ဟီလ်တန်ကို အမေရိကန်ရဲများက မူးယစ်ဆေးဝါးလက်ဝယ်ရှိမှုနဲ့ သြဂုတ်လ ၂၈-ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ရဲအဖွဲ့က ပြောကြားသည်။ (အင်တာနက်)

** နယူးဇီလန်၌ လေယာဉ်ပြန်ပေးဆွဲရန် ကြိုးပမ်းမှုဖြင့် ဆိုမာလီအမျိုးသမီး ထောင်ဒဏ်
ချမှတ်ခံရ **

(၀ယ်လင်တန်၊ သြဂုတ်လ ၂၉-ရက်)
နယူးဇီလန်နိုင်ငံတွင် လေယာဉ်အပိုင်စီးရန် ကြိုးပမ်းသည့် ဆိုမာလီအမျိုးသမီးအား သြဂုတ်လ ၂၈-ရက်နေ့က ထောင်ဒဏ် ကိုးနှစ် ပြစ်ဒဏ်စီရင်လိုက်သည်။ နယူးဇီလန်နိုင်ငံတွင် လေယာဉ်ပြန်ပေးဆွဲရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်ချမှတ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ (ဆင်ဟွာ)

** ဂါဇာကမ်းမြောင်မှ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲရှိ **
(ဂါဇာ၊ သြဂုတ်လ ၂၉-ရက်)
ဂါဇာကမ်းမြောင်မှ ရာပေါင်းများစွာသော ဖျားနာလူနာများမှာ ဂါဇာကမ်းမြောင်ကို အစ္စရေးတို့ပိတ်ဆို့ထားမှုကြောင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးရန် အခက်အခဲရှိနေသည်ဟု အင်တာနက်သတင်းတွင် ဖော်ပြပါရှိသည်။ (အင်တာနက်)

** ဆူမတြားကျွန်းပေါ်ရှိ စီနာဘတ်မီးတောင်ပေါက်ကွဲထောင်ပေါင်းများစွာသော
ပြည်သူများ ထွက်ပြေးကြရ **
(ဂျကာတာ၊ သြဂုတ်လ ၂၉-ရက်)
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း၌ သြဂုတ်လ ၂၉-ရက်နေ့က နှစ်ပေါင်း ၄၀၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မီးတောင်ပေါက်ကွဲခဲ့ရာ ထောင်ပေါင်းများစွာသော ပြည်သူများထွက်ပြေးကြရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)


** ဦးနှောက်အမြှေးရောင်ရောဂါကြောင့် လူ ၂၀၀-ကျော် သေဆုံး **
(နယူးဒေလီ၊ သြဂုတ်လ ၂၉-ရက်)
အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းပြည်နယ်အချို့တွင် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားခဲ့ရာ လူ ၂၀၀-ကျော် သေဆုံးခဲ့ကြောင်း အိန္ဒိယသတင်းဌာနက သြဂုတ်လ ၂၈-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ရောဂါမိုးမှာ ပြည်နယ်များသို့ ပျံ့နှံ့နေပြီး ပြီးခဲ့သည့် နှစ်ပတ်အတွင်း ငါးဦးသေဆုံးခဲ့ကြောင်း၊ လူနာ ၁၆၅ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီး ၆၀-မှာ ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ (ဆင်ဟွာ)

** တရုတ်အနောက်တောင်ပိုင်း ငလျင်လှုပ်၊ နေအိမ်အလုံး ၄၀၀-ထိခိုက်ပျက်စီးခဲ့ **
(ပေကျင်း၊ သြဂုတ်လ ၂၉-ရက်)
တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် သြဂုတ်လ ၂၉-ရက်နေ့က မြေငလျင်လှုပ်ခဲ့ရာ လူ ၁၄-ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါငလျင်သည် ရစ်ခ်ျတာစကေး ၅ ဒသမ ၀ အဆင့်ရှိပြီး ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၃ မိနစ်က လှုပ်ခဲ့ခြင်းဖြစ်ကြောင်း နေအိမ်ရာပေါင်းများစွာ ပျက်စီးသွားကြောင်း၊ သို့ရာတွင် ထိခိုက်သေဆုံးမှုသတင်းမသိရသေးကြောင်း တာဝန်ရှိသူများက ဆက်လက်ပြောကြားသည်။ (ဆင်ဟွာ)


** စုစည်းဘာသာပြန်-အာကာကျော် **

Read More...

Monday, August 30, 2010

မဲဆောက်မြို့တရုတ်ဘုံကျောင်း၏ ဆန်လှူပွဲ၊ မြန်မာပြည်သားများနှင့် ခြိမ့်ခြိမ့်သဲသဲ…


ဟုတ်ကဲ့ပါ ခင်ဗျာ။ ကြည့်ရက်စရာ မြင်ကွင်းတစ်ခုတော့ မဟုတ်ပါဘူး။ ထိုင်း-မြန်မာနယ်စပ် ၊ မဲဆောက်မြို့မှာ `မုနိထိ´တရုတ်ဘုံကျောင်း ဆိုတာ ရှိပါတယ်။ မဲဆောက်မြို့နယ် ရဲစခန်းအနီးမှာပါ။ အဲဒီဘုံကျောင်းဟာ `ဆန်လှူပွဲ´ ဆိုပြီး နှစ်စဉ်ကျင်းပလာတာ အခုဆိုရင် (၄၁)ကြိမ်တောင် ရှိသွားပါပြီ။ အခုနှစ်ထူးခြားချက်ကတော့ မနက်ပိုင်းမှာ အရင်နှစ်လို နေပူကြဲတဲမဟုတ်ပဲ မိုးတဖွဲဖွဲရွာနေတဲ့ ကြားထဲက ပထမအဆင့် ခြေလှမ်းဖြစ်တဲ့ `အစိမ်းရောင် လက်မထိပ်တံဆိပ်ရိုက်နှိပ်ခြင်းနဲ့ အ၀ါရောင် ကတ်ပြား´ ထုတ်ယူခြင်းကို တန်းစီးပြီး တိုးဝှေ့ရယူရခြင်းပါပဲ


ဒီပထမအဆင့်မှာတင် အရင်ကလို မဲဆောက်မြို့ တဖက်ကမ်းက မြ၀တီမြို့ဘက်က ဆန်လာအလှူခံမယ့် သူတွေဟာ ဒီနှစ်မှာတော့ `နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား´(မဲဆောက်- မြ၀တီ)တံတားပိတ်ထားတာမို့ ကုတို့ဆိပ်(ခေါ်)အောက်လှေဂိတ် တွေကနေ သိပ်များများကြီး ကူးမလာနိုင်ကြပါဘူး။


ကူတို့ဆိပ်ပေါင်း (၁၉)ဂိတ်ရှိပေမယ့် (၄၊ ၅)ဂိတ်လောက်ကပဲ ခိုးကူးလာနိုင်ကြတာမို့ မြ၀တီဘက်က လာကြသူတွေ အလွန်နည်းပါးတာကို တွေ့ရပါတယ်။ (ဘာပဲဖြစ်ဖြစ် ဒီကနေ့မှာ မဲဆောက်ရဲစခန်းက တစ်နေ့တာ လွတ်လပ်ရေးပေးထားသလိုမျိုး´လွတ်လပ်စွာ သွားလာ၊ လှုပ်ရှား၊ ပြန်ရောင်းစား လုပ်နေကြတာကို စိတ်မသက်သာစွာနဲ့ပဲ မွန်းလွဲပိုင်း နေပူထဲမှာ ဘ၀နေပူပူထဲက ဆင်းရဲနွမ်းပါးလှသူတွေကို ဒီအတိုင်း ကြည့်နေရပါတော့မယ်။


ဟုတ်တယ်လေ…။ ရဲစခန်းဝင်းထဲမှာတောင် စက်ဘီးတွေ၊ ဆိုက္ကားဆိုက်တွဲတွေရပ်ထားလို့၊ ၀င်အိပ်သူက အိပ်လို့နဲ့ သာမာန်အခြေအနေမှာ ဒီလို ဘယ်လုပ်ရဲပါ့မလဲ။ တစ်နေ့တာလွတ်လပ်ရေးရကြတုန်း ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာပြည်သားတွေ သွားချင်ရာသွား၊ စားချင်ရာစားကြဦးပေါ့လေ…။


** သတင်းမှတ်တမ်း- မြန်မာပြည်သား
...

Read More...

သြဂုတ်လအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

** ဆိုမာလီပင်လယ်ဓားပြများအား တရားစွဲတော့မည် ကုလအတွင်းရေးမှူးချုပ်၏ အကြံပေးခန့်အပ် **
(ဂျီနီဗာ၊ သြဂုတ်လ ၂၈-ရက်)

ဆိုမာလီကမ်းလွန်ဒေသ၌ ကျူးလွန်သည့် ပင်လယ်ဓားပြများအား တရားစွဲရေးတွင် အကူအညီပေးရန် ပြင်သစ် နိုင်ငံသား ဂျက်လန်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးအရာရှိအဖြစ် ခန့်အပ်လိုက် ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာလီက သတင်းထောက်များအား သြဂုတ်လ ၂၇-ရက်နေ့၌ ပြောကြားသည်။ နိုင်ငံများအား ကူညီပေးရန်နှင့် ဖမ်းမိသော ဆိုမာလီပင်လယ် ဓားပြများအား အရေးယူရန်အတွက် ဂျက်လန်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရွေးချယ် လိုက်ခြင်းဖြစ်ကြောင်း ဆင်ဟွာ သတင်း၌ ဖော်ပြပါရှိသည်။ (ဆင်ဟွာ)

** ဟာရီကိန်းမုန်တိုင်း ဒန်နယ်လီဆက်လက် အားကောင်းလာနိုင် **
(မီယာမီ၊ သြဂုတ်လ ၂၈-ရက်)
ဟာရီကိန်း ဒန်နယ်လီသည် သြဂုတ်လ ၂၇-ရက်နေ့က မုန်တိုင်းအဆင့် ၄ သို့ရောက်ရှိကာ အားကောင်းလာလျက်ရှိသည်။ ယခုနှစ်ရာသီအတွက် အတ္တလန္တစ်သမုဒ္ဒရာမှ ကုန်းတွင်းပိုင်းဝင်ရောက်သည့် မုန်တိုင်းများအနက် ကြီးမားသော ဟာရီကိန်းအဖြစ် ရောက်ရှိလာနိုင်ကြောင်း အမေရိကန် ဟာရီကိန်းဌာနက ပြောကြားသည်။ (ရိုက်တာ)

** ချီလီမိုင်းလုပ်သားအချို့ စိတ်ကျဝေဒနာ ခံစားနေရ **
(ဆန်တီယာဂို၊ သြဂုတ်လ ၂၈-ရက်)
ကြေးနီနှင့် ရွှေတူးဖော်ရေး မိုင်းတွင်း ပြိုကျမှုကြောင့် မြေအောက်အနက် ပေ ၂၃၀၀ ခန့်တွင် အသက်ရှင်လျက် ပိတ်မိနေဆဲဖြစ်သော ချီလီမိုင်းလုပ်သား ၃၃-ဦးအနက် ငါးဦးတွင် စိတ်ကျရောဂါဝေဒနာ ခံစားနေရသော လက္ခဏာများကို တွေ့ရှိရကြောင်း သြဂုတ်လ ၂၈-ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (ရိုက်တာ)

** တစ္ဆေရထား စောင့်ကြည်သူများ ရထားတိုက်ခံရ၍ တစ်ဦးသေဆုံး **
(စတိတ်ဗေးလ်၊ သြဂုတ်လ ၂၈-ရက်)
၁၈၉၁ ခုနှစ် သြဂုတ်လ ၂၇-ရက်တွင် အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ် စတိတ်ဗေးလ်မြို့အနီးရှိ တံတားတစ်စင်းကို ဖြတ်သန်းမောင်နှင်ခဲ့သော ရထားတစ်စီးသည်လမ်းချော်၍ တံတားအောက်သို့ထိုးကျခဲ့ရာ လိုက်ပါလာသော ခရီးသည် ၃၀-ဦးခန့် သေဆုံးခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရထားမတော်တဆမှုဖြစ်ပွားခဲ့သော သြဂုတ်လ ၂၇-ရက်နေ့ကျရောက်တိုင်း ယင်းရထား၏ ဘီးသံများနှင့် ခရီးသည်များ၏ အော်ဟစ်သံများကို ကြားနိုင်ကြောင်း ဒေသခံများက ယုံတမ်းပုံပြင်တစ်ပုဒ်သဖွယ်ပြောကြားခဲ့သည်။ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၇-ရက်နေ့တွင် အဆိုပါသဘာဝလွန်ဖြစ်ရပ်ဆန်းအမှန် ဟုတ်မဟုတ် လေ့လာလိုသူ ၁၂-ဦးခန့်သည် ရထားမတော်တဆမှု ဖြစ်ပွားခဲ့ရာ ရထားလမ်းပေါ်သို့ စုရုံးရောက်ရှိနေစဉ် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ ထိ အရှိန်ဖြင့် မောင်းနှင်လာသော တကယ့်ရထားတစ်စင်း ၀င်တိုက်မှုကြောင့် တစ္ဆေရထား စောင့်ကြည့်သူတစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **

Read More...

မိကျောင်းနဲ့လူ - ဒီလိုကြည်ဖြူစွာ…



khun aung nge khun aung nge

Read More...

သန်းရွှေခေတ်ကုန်သွားပြီ

သန်းရွှေ ခေတ်ကုန်သွားပြီ။ နိင်ငံရေးကစားကွက်သစ်ဖြစ်သွားပါပြီ။ သူကံကြမ္မာကိုသူကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါပြီ။ ခေါင်းဆောင်တွေအစုလိုက်အပြုံလိုက်ထွက်တာဟာ နိင်ငံရေးမှာ ပြင်လို့ မရတဲ့အမှားတွေ ဆင်ကန်းတောတိုး လုပ်ရပ်တွေဖြစ်တယ်။ ဒီလုပ်ရပ်က ၁၉၈၈ ခုနစ်မှာ ဇူလှိုင် ၂၃ ရက်နေ့ မှာဦးနေ၀င်းကမဆလပါတီကသူနဲ့ထိပ်တန်းခေါင်းဆောင်တွေထွက်လိုက်ပြီလိုကြေညာလိုက်ရာကနေ၀င်း
ခေတ်ကုန်ဆုံးသွားခဲ့သလိုပါပဲ။သန်းရွှေခေတ်ဟာလည်းအဆုံးသတ်ခဲ့ရ ပါပြီ။ ၁၉၅၈ ခုနစ်တုံးက ဦးနုက ဗိုလ်ချုပ် နေ၀င်းကို ခန အာဏာလွဲပေးမိခဲ့တဲ့အမှားမျိုးပါပဲ။ ဗိုလ်ချုပ်နေ၀င်းကို သူလူလို့ တွက်မိတာကိုး။ ၁၉၆၂ ခုနစ်အာဏာသိမ်းတော့ဦးနုက ဗိုလ်နေ၀င်းမှာလွတ်ရဲ့ လားလို့  တောင် စိတ်ပူမိသေးကြောင်း တာတေစနေသားမှာဖတ်ကြည့်နိင်ပါတယ်။

မီဒီယာသမားတွေဆိုရင် ဗိုလ်ချုပ်နေ၀င်းကို သူရဲကောင်းလို ရေးခဲ့ကြပါသေးတယ်။ ဒုတိယကက်စထရိုလို့ တင်စားခဲ့တဲ့ မီဒီယာ သမား ပေါက်လို့ ပဲစားတွေတပ်ပုံကြီးရှိခဲ့ဘူးတယ်။ နိင်ငံရေးဆိုတာကိုနားမှမလည်တာကိုး။

သူရမြင့်အောင်က သန်းရွှေရဲ့ လူရင်းလို့ မီဒီယာသမားတွေ အ ကဲခတ်တွေက ပေါက်ပန်းသေး၊တတ်ယောင်ကားသုံးသပ်နေကြတာဖြစ်တယ်။ သူတို့ ဟာ အာဏာအကြောင်းကို ကောင်းကောင်းမသိသူတွေဖြစ်တယ်။

ဘာဖြစ်လို့ လည်းဆိုတော့ အာဏာ နိင်ငံရေးမှာ လူရင်းဆိုတာမရှိဘူး။ မင်းမှာအမျိုးမရှိလို့ တောင် ဆိုရိုးစကားရှိတယ်။ ဒါဟာ အာဏာရှင်စနစ်ချိန်တဲ့ နိင်ငံရေးမှာ တကယ်ဖြစ်ရပ်မှာဖြစ်တယ်။ သူရမြင့်အောင်ဟာ
အာဏာ အကြောင်းကို တစတစသိလာမယ်။သိလာတာနဲ့ အမျှ သန်းရွှေခေတ်ဟာလည်း ကုန်သွားမယ်။
အထူးသဖြင့် ၇၇ ခုနစ်ဆိုတဲ့အသက်ဟာသန်းရွှေ ကို နေစဉ်နဲ့ အမျှ ကျဆုံးစေနေတယ်။
၁၉၉၄-၉၅ ၀န်းကျင်လောက်အထိ လူတွေအတော်များများ ကဦးနေ၀င်းမှာ အာဏာ ရှိနေတုံးလို့ ယူဆခဲ့ကြတယ်။ အာဏာပိုင်ရှင်သစ်ဖြစ်လာတာကိုမသိကြဘူး။ ကျနော်တို့ လည်းပါခဲ့ပါတယ်။ ၂၀၀၂ ခုနစ်မှာ ဗိုလ်ချုပ်ခင်ညွန် လူတွေနဲ့ ကျနော်တို့ လျို့ ဝှက်ဆွေးနွေးနေရတဲ့ကာလပါ။

ဆွေးနွေးပွဲတခုမှာ ခင်ညွန့်  လူတယောက်က ဦးနေ၀င်းမြေးတွေကိုအရေးယူမယ်ဆိုရင်ခင်ဗျားတို့ ဘယ်လို သဘောထားမလဲ လို့ ကျနော်ကို မေးေဲတာ့ မှာ ကျနော် အကဲခတ်မိတယ်။ဦးနေ၀င်းမှာ တကယ် အာဏာမရှိတော့ဘူးဆိုတာကို။ နောက်တော့ သူတို့  ဦးနေ၀င်းမြေးတွေကို တကယ်ဖမ်းတော့တာပဲ။

အခုအလှည့်ပြောင်းကို ကျနော်က မြင်တာကတော့ သန်းရွှေ ရဲ့  နောက်ဆုံးနေ့ များ ထဲကို စတင်ဝင်ရောက်လာပြီလို့ ပြောချင်တယ်။ သန်းရွေအာဏာရှိကောင်းရှိဦးမှာပါ။ ဒါပေမဲ့ ကျဆုံးမှုခြေလှမ်းပါ။
ကျဆုံးတဲ့အလှည့်အပြောင်းပါပဲ။

သူရမြင့်အောင်အတွက် အခွင့်အလန်းတွေ တိုးတက်လာစေနိင်တယ်။ ဒါပေမဲ့ သူရမြင့်အောင်ဟာ
နေ၀င်း၊စောမောင်၊သန်းရွှေတို့ လို အမှားမျိုး မကျူးလွန်ဖို့ လိုတယ်။

တပ်မတော်ခေါင်းဆောင်သစ် ပြောင်းသွားပြီ။ သူရမြင့်အောင်ဖြစ်လာပြီ။ ဗိုလ်ချုပ်မှုးကြီး သူရ မြင့်အောင်လုပ်ရမဲ့ တာဝန်က တခုပဲရှိတယ်။ ဒါကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ပဲ။ဒေါ်အောင်ဆန်းစုကြည်နဲ့ပူးပေါင်းရမယ်။တိုင်းရင်းသားတွေနဲ့  ညှိနိင်းရ မယ်။ သန်းရွှေခေတ်ကိုလွမ်းမနေကြနဲ့ တော့။ ရှေ့ ကိုဆက်ကြတော့လို့  တိုက်တွန်းခြင်တယ်။

**မိုးသီးဇွန်**

Read More...

သူ့အလိုလို ပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ (ရဲဘော် ဖိုးသံချောင်း)

နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲဖြတ်ချက်တွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲတွေကနေပြီး ဘာအဓိပ္ပာယ်ဆောင်သလဲ၊ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာတွေကိုလည်း ပြောဆိုကြပါတယ်။ အတိုက်အခံတွေ အနေနဲ့ကတော့ နအဖထဲမှာ ရာထူးအာဏာကြောင့်မို့ ကွဲလွဲမှုတွေ ဖြစ်လာမလား၊ ဂိုဏ်းဂဏတိုက်ပွဲတွေ ပြင်ထန်လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ကိစ္စလို့ ဆိုရင် မမှားပါဘူး။

အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက်မိဖို့ပါပဲ။

ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာ အာဏာကို ကိုယ်အသက်ရှင်နေတုန်းမှာ လွှဲပြောင်းပေးတယ်ဆိုတာဟာ မရှိသလောက်အဖြစ်အပျက်ပါ။ ဗိုလ်နေဝင်းဟာ အသက် ၉၀ နားနီးအထိ အာဏာကို ဆုပ်ကိုင်ထားပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးက ဆောင့်တိုက်လိုက်တော့မှသာ တရားဝင် အာဏာကို စွန့်လွှတ်လိုက်တာ ဖြစ်ပါတယ်။ စွန့်လွှတ်တယ်ဆိုတာလည်း နောက်အာဏာရှင် တယောက်လက်ကို လွှဲခဲ့တာသာဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ နောက်ကွယ်ကနေ ကာလတခု ချုပ်ကိုင်နေခဲ့ပါသေးတယ်။

အခုလည်းပဲ နအဖရဲ့ ဒီခြေလှမ်းဟာ တိုင်းပြည်အာဏာကို လက်လွှတ်ဖို့၊ ဒါမှမဟုတ် လက်ဆုပ်ကလေး နည်းနည်းဖြည်ပေးဖို့ လုပ်တာလို့တွက်ရင် မှားတယ်လို့ ထင်ပါတယ်။ ဗိုလ်သန်းရွှေဟာ အဖက်ဖက် သေချာအောင်၊ ပိုင်အောင်လုပ်ပြီး သေချာမှ ဒီလို ခြေလှမ်းမျိုးကို လှမ်းတာဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ပြောရရင် သူတို့အနေနဲ့ သူတို့ကို အာဏာပလ္လင်ပေါ်က ပြုတ်ကျစေမှာမျိုးဆိုရင် ဘာမှ မလုပ်ပါဘူး။

ဒီရွေးကောက်ပွဲကို မလုပ်လို့လည်း သူတို့မှာ ဘာမှမဖြစ်ပါဘူး။ ဒီတော့ ထိုင်နေအကောင်းသား ထသွားမှ အကျိုးမှန်းသိတယ် ဆိုတာမျိုးဖြစ်မယ့် ရွေးကောက်ပွဲမျိုးကို နအဖ ဗိုလ်ချုပ်တွေ မလုပ်တာ သေချာပါတယ်။

ဒါတင်မက နအဖ လုပ်နေပုံဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ခွင့်ရှိတဲ့ အမတ်နေရာ ၂၀ % ကိုပါ လက်ထဲက မလွတ်အောင် လုပ်နေတဲ့ပုံ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ်လို့ ခါးတောင်းကျိုက်ထား သူကြီးတွေ တယောက်ပြီးတယောက် ဘေးထိုင်သွားအောင် လုပ်နေတာကြည့်ရင် ဒါကို အလွယ်နဲ့ သဘောပေါက်နိုင်ပါတယ်။

အခုနောက်ဆုံးမှာတော့ ကိုယ့်ပြိုင်ဖက်လို့ ယူဆရသူတွေကို လောက်လေးခွနဲ့ တမင်ပစ်တဲ့အဆင့်ကိုတောင် ရောက်နေပါပြီ။ ဖဆပလခေတ်က ပြူစောထီး ပြန်လာနေပါပေါ့လား။

အလားတူပဲ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာဖြစ်တဲ့ အခုစစ်တပ်ထိပ်ပိုင်း ကုလားဖန်ထိုးပွဲလည်း ဗိုလ်သန်းရွှေအနေနဲ့ မီးမသေရင် မလုပ်ပါဘူး။ အကုန် သူ့လက်သူ့ခြေ ပြင်ဆင်ပြီးမှ လှမ်းတဲ့ခြေလှမ်းဖြစ်မှာပါ။

စစ်အုပ်စု၊ စစ်အာဏာရှင်လောကရဲ့ ထုံးစံအတိုင်း နံပါတ်တူးမထားတဲ့ နံပါတ်ဝမ်းရဲ့ စိတ်တိုင်းကျ စီမံချက် ဖြစ်ပါတယ်။ အဲတော့ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်းအနေနဲ့ အဲဒီငန်းနေရာ ငစွေနေရာယူတဲ့ ကိစ္စမျိုးထဲမှာ မျောပါသွားလို့ မဖြစ်ပါဘူး။

ဒီလောက်ရှင်းနေတဲ့ကိစ္စမှာ နအဖ စစ်အစိုးရကို ကြံဖန်အမှတ်ပေးချင်တဲ့ အရင် အမေရိကန် သံအရာရှိဟောင်း ဆိုတဲ့ လူမျိုးကသာ ‘အကောင်းမြင်ဝါဒ’ နဲ့ ကြည့်တာ၊ ပြောတာကို ကြားရ။ ဖတ်ရပါတယ်။ ဦးတင်ဦးလိုပုဂ္ဂိုလ် ပြောတာကို သတိထား နားထောင်ကြည့်ပါ။ စစ်အာဏာရှင်အကြောင်းကို နေကျေနေတယ်လို့ ဆိုလောက်တဲ့ သူက ဒါမျိုးတွေဟာ ဘာမှ မဆန်းဘူး၊ ဘာမှတွက်မနေကြနဲ့လို့ ပြောသွားတာဟာ မှတ်သားစရာ ကောင်းလှပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖ ဗိုလ်ချုပ်တွေအားလုံး ဒီအစီအမံကို ကျေနပ်သဘောကျတယ်လို့တော့ အလွယ်ပြောလို့ မရပါဘူး။ မုချပဲ မကျေနပ်တာ၊ နာလိုခံခက်ဖြစ်တာတွေ ရှိမှာပါ။ ဒီတကွေ့မှာ နအဖ စစ်အုပ်စုတခုလုံး အဖို့ကတော့ မနိုင်လည်း နိုင်၊ နိုင်လည်း နိုင် ဖြစ်မှာပါ။ ဒါပေမယ့် ဒီထဲက တချို့သော ဗိုလ်ချုပ်တွေတဦးချင်း အဖို့တော့ သူဌေးဖြစ် ခွေးဖြစ် ပုံအောရတာမျိုး ဖြစ်သွားနိုင်ပါတယ်။

ဒီတော့ ကံမှောက်မှားလို့ ရွေးကောက်ပွဲမှာ မတော်တဆ ရှုံးသွားတဲ့ စစ်တပ် ထိပ်ပိုင်းတွေဟာ ဒီအရှုံးကို လက်သင့်ခံနိုင်ပါ့မလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ အမှန်ပါပဲ၊ အာဏာရဲ့အရသာကို မြိန်မြိန်ယှက်ယှက်ကြီး မှီဝဲထားကြသူတွေဖြစ်တဲ့အတိုင်း သူတို့ဟာ အာဏာဆိုရင် တိုးလို့သာ ရချင်မယ်၊ ရပြီးသားကို လက်မလွှတ်ချင်တာကတော့ အထူးပြောစရာမလိုပါဘူး။

သူတို့ဟာ ဦးပုည ရေးသလိုပဲ အာဏာကလေးတရွေးလောက်ရှိရင် ‘အင်မတိ အင်မတန်၊ စံချင်တိုင်း စံရတယ်’ ဆိုတာကို ကောင်းကောင်းသိနေကြတယ် ဆိုတာကို ဗိုလ်သန်းရွှေ အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေအနေနဲ့ သူ့လူတွေအတွက် ခြေမမြဲ လက်မြဲအောင် စီမံပေးထားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဒါတွေကြောင့် လက်ရှိအခြေအနေမှာ ဒင်းတို့တွင်း ပဋိပက္ခတွေဟာ ပြင်းထန် သည်းသန်လာပေမယ့် ပေါက်ကွဲထွက်လာမယ့် အနေအထားမျိုးတော့ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။

တကယ်လို့ နအဖ ဗိုလ်ချုပ်တွေအတွင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေ ကြောင့် ကွဲကြတယ်ဆိုရင် ပြည်သူလူထုအတွက် အကျိုးရှိဖွယ်ရာ သိပ်မမြင်ပါဘူး။ (ဒီလိုအဖြစ်ဟာ တချိန်မှာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး) အဲဒီလို သူတို့ချင်း စစ်တပ်ကြီးတွေနဲ့ တိုက်ကြတယ်ဆိုရင် ဒါဟာ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းရေးအတွက်ပဲ ဖြစ်မှာပါ။ ပြည်သူလူထုဟာ မြေဇာပင်အခန်းလောက်ပဲ ပါရမှာပါ။

ဖိနှိပ်တဲ့အုပ်စိုးသူရဲ့ စစ်တပ်ပြိုကွဲတယ်ဆိုတာမှာ အကြောင်းရင်းတွေက အမျိုးမျိုးဖြစ်နိုင်ကြောင်း သမိုင်းအတွေ့အကြုံတွေ အရ သိရပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုအတွက် အကျိုးအရှိနိုင်ဆုံးဟာ လူထုလှုပ်ရှားမှုရဲ့ ဖိအားကြောင့် ကွဲထွက်ခြင်းမျိုးသာ ဖြစ်ပါတယ်။

ဒါကို ဗိုလ်နေဝင်းက အစ ဗမာပြည်က စစ်အုပ်စု ထိပ်သီးတွေဟာလည်း ကောင်းကောင်း နားလည်ရုံမက အစိုးရိမ်ဆုံးလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံးတုန်းက ဗိုလ်နေဝင်းက ဗိုလ်စောမောင်ကို အာဏာသိမ်းခိုင်းလိုက် တာဟာ သူတို့စစ်တပ်ထဲကတချို့ လူထုတိုက်ပွဲထဲကို ပါဝင်လာတာ စပြီးတွေ့ရလာလို့ ဖြစ်ပါတယ်။ ဒါကိုတော့ သူတို့ လုံးဝ လက်ပိုက် ကြည့်မနေပါဘူး။ အမြန်ဆုံး ဖြေရှင်းပစ်ကြပါတယ်။

အမှန်ကတော့ နအဖရဲ့ တပ်မတော်ထဲမှာ အောက်ခြေတပ်မှူးတပ်သား အများစုကြီးဟာ သူတို့ရဲ့ ထိပ်သီးတွေလုပ်နေတာ တွေကို ကျေနပ်ကြတာ မဟုတ်ပါဘူး။ ကိုယ်က အနာခံပြီး သူတို့က အသာစံနေကြလို့ မကျေနပ်တာမျိုးရှိသလို နိုင်ငံရေးအရ လေးလေးနက်နက် သဘောပေါက်ပြီး တနေ့မှာ သမိုင်းတရားခံဖြစ်မှာကို မလိုလားသူတွေလည်း ရှိကြပါတယ်။

ဒါပေမယ့် တကယ်လို့သာ အခုအချိန်မှာ တပ်မတော်ထဲက ကွဲထွက်လာတယ်ဆိုရင် သူတို့ဟာ ဘယ်သူတွေနဲ့ ပေါင်းရမှာလဲ။ ရှစ်လေးလုံးတုန်းကတော့ လမ်းမပေါ်မှာ လူထုတွေထဲဝင်ပေါင်းလို့ ရပါရဲ့၊ အခုတော့ ဘာမှ မရှိဘူးဖြစ်နေပါတယ်။ အဲဒီလို လက်တွဲစရာမမြင်ဘဲနဲ့တော့ ဗိုလ်သန်းရွှေတို့လက်အောက်ကနေ အုံနဲ့ကျင်းနဲ့ ခွာထွက်လာဖို့ဆိုတာ မလွယ်သေးပါဘူး။

ပြန်ချုပ်လိုက်ရင် အတိုက်အခံတွေအဖို့ ဘောလုံးဟာ ကိုယ့်ကွင်းဖက်မှာပဲ ရှိနေပါတယ်။ ကိုယ်က ဘာမှမလုပ်ပဲ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ပြိုပျက်သွားမှာ မဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်အိမ်ရှေ့က အမှိုက်ပုံကြီး ဟာ တယောက်ယောက်က မဖယ်ရှားရင် ပျောက်မသွားဘူး ဆိုတာလိုပါပဲ။ ။

Read More...

ဘ၀ရဲ့ အဓိပ္ပါယ်


ဘ၀ရဲ့ အဓိပ္ပါယ် ဆိုတာဘာလဲ.....ဘာဖြစ်လို့ ဒီဘ၀ ဆိုတာကြီး ထဲကို ရောက်လာကြသလဲ...ဘာ ရည်ရွယ် ဦးတည်ချက်တွေ ကြောင့်လဲ...

`ဘ၀ရဲ့အဓိပ္ပါယ် ဆိုတာ ဘာလဲ...ဟုတ်လား...ခဏ နေစမ်း ပါဦးကွာ....ဒီနေ့ ညစာကို တောင် ငါ ဘယ်လို ဖြေရှင်းရမယ် မသိဘူး´..

တခါတလေ..အိမ်အပြန် လမ်းမှာ..နေ၀င်ဖြိုးဖြ..ကောင်းကင်ကြီးကို ငေးကြည့်ရင်း..`ငါဘာလို့..ဒီနေရာမှာ ရောက်နေတာ ပါလိမ့်လို့´...တွေးမိကောင်း တွေးမိပါ လိမ့်မယ်...ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ...ဘာလို့ ဒီကမ္ဘာကြီး ပေါ်ကနေ ပျောက်ကွယ် မသွားသေး တာလဲ...ဒါတွေဟာ ဘာအဓိပ္ပါယ် တွေပါ လိမ့်...။

`ကြည့်ပါဦးဗျာ..ဒီမေးခွန်းကြီး တွေက..သိပ် ကြီးကျယ် လွန်းတယ်...ကျုပ်လည်း မဖြေတတ်ဘူး...ကျုပ်မှာ တခြား ဖြေစရာ မေးခွန်းတွေ တပုံကြီး...နောက်လအတွက်.. မီတာခ ဘယ်လို ပေးရမလဲ..လုပ်ခ အချိန်မှီ ရအောင် ဘယ်လို လုပ်ရမလဲ...ခုညစာ ၀ယ်ဖို့ ဘယ်လို လုပ်ရမလဲ..ဒီမေးခွန်းတွေက.. ပိုအရေးကြီးနေတယ်ဗျ...´

ဒီလိုနဲ့ပဲ..ဒီမေးခွန်း တွေကို ဘေးဖယ်ခဲ့တာ..တရက်ပြီး တရက်...တပတ်ပြီး တပတ်..တလပြီး တလ..တနှစ်ပြီး တနှစ် ကြာလာလို့..ဟော..ခုပဲ..ဘ၀ရဲ့..တ၀က်ကျိုးလား..သုံးပုံတပုံလား...လေးပုံသုံးပုံ တွေ လား ရောက်နေကြပီ....ခုထက်ထိလည်း...အဲဒီ.. ဘ၀အဓိပ္ပါယ် ဆိုတာဘာလည်း ဆိုတဲ့ မေးခွန်း အတွက်..အဖြေ ကောင်းကောင်း ထွက်မလာ သေးဘူး....
-
ဒါတွေဟာ..ဘ၀ဒသာနကြီး တွေပါပဲလို့....အားလုံး တွေးကြမှာပါပဲ..ဘ၀ရဲ့ အစောပိုင်း သက်တမ်း အနှစ်၂၀ လောက်ဟာလဲ..ဒီ ဒသာနကြီး ထဲမှာပဲ ရှိခဲ့လိမ့်မယ်. ..လူတွေကို ဦးဆောင် လမ်းပြနိုင်မဲ့ ဘ၀ဒသာနတခု..ပြဌါန်းနိုင်ဖို့ကို......ဘယ်နှယ်ယောက်များ.အောင်မြင်လို့..ဘယ်နှစ်ယောက်တောင်..ရှုံးနိမ့်ခဲ့ ကြသလဲနော်...

`နေပါဦး ..ဒါ-ဘာများ စိတ်အနှောက်အယှက် ဖြစ်စရာလဲ...ဘ၀ဆိုတာ..ရှင်သန် ရပ်တည်ဖို့ပေါ့..ဘာလို့များ..ဒီဘ၀ ဒသာနမေးခွန်း တွေကို..အချိန်ကုန်ခံ အဖြေထုတ် နေမလည်း.´

ဒီလိုပါ။ ဆိုကြပါစို့...တနေ့မှာ...ခရီးသွားတွေ အပြည့်နဲ့..အဝေးပြေး ဘတ်စကားကြီးတစီး...ခင်ဗျားရဲ့ အိမ်ရှေ့မှာ ထိုးဆိုက်လာပြီး..ခင်ဗျားကို ခေါ်တင် သွားတယ်ပေါ့...ပြီးတော့ လမ်းမကြီးပေါ်တက်..တဆင့်...အဝေးပြေး လမ်းကြီးပေါ် ရောက်ပီး...တနာရီ..၆၅မိုင်နှုံးနဲ့ စပြီး မောင်းနှင် တော့တယ်.... ခဏကြာ တော့..ခင်ဗျား ဟာ..ပတ်ဝန်းကျင်ကို အကဲခတ်ရင်း..ဘေးနားက တယောက်ကို...` ဟေးလူ..ဒီကားကြီးကဘယ်ကို သွားနေတာလဲဗျ...´ လို့မေးလိုက်တယ်..

`အာ...မပူပါနဲ့ဗျာ..ကားနောက်မှာစားစရာတွေမှ..အပြည့်...ကဲ..ပြောနေကြာတယ်..ခုပဲ စားကြ သောက် ကြရအောင်..` လို့..အဲဒီလူက ပြောတယ်...အဲဒါနဲ့.. `အင်း..လူတိုင်းလည်း ဒီလိုပဲ လုပ်နေကြတာပဲ..ငါလည်း လုပ်ပေါ့..´ လို့ တွေးရင်း... သူများတွေ နဲ့ အတူ စားရင်း သောက်ရင်း..ပျော်သွား တာပေါ့....
စားသောက်ပြီး ခဏနေ တော့..လူတွေဟာ..သီချင်းတွေ အော်ဆိုကြပြန်ရော....ခင်ဗျား လည်း ဘယ်နေမလည်း..လိုက်ဆိုတာပေါ့...အတော်လေး ကြာရင်ပဲ..ညနေက စောင်းလာရော...အဲဒီတော့မှ ..ဟိုဒီ အကဲခတ်ရင်း....` တဆိတ်လောက်ဗျာ...ဒီကားကြီးက..ဘယ်ကို သွားနေတာလဲ...ကျွန်တော် တို့ရော.. ဘာလို့ ဒီထဲ ရောက်နေတာလဲ ဗျာ´ လို့...ခုနလူကိုထပ်မေးပြန်တယ်..သူကတော့...ထုံးစံ အတိုင်း..`မပူပါနဲ့ဗျာ...ကဲလာ.. သီချင်း နဲနဲ ထပ်ဆိုကြရအောင်..ပီးရင်..သစ်သီး ဖျော်ရည် ထပ်သောက် ကြတာပေါ့ ´လို့ ပြောတယ်။..ဒီလိုနဲ့ပဲ..ည ရောက်လာတာပေါ့...ခင်ဗျား လည်း.. မောမောနဲ့..ခုံရဲ့ နောက်မှီလေးမှာ မှေးပြီး..အနားယူရင်း.အိပ်ပျော်သွားလိုက်တာ...နောက်တနေ့ မနက်မှပဲ နိုးတော့တယ်... ။
-
ဘတ်စကားကြီး ကတော့..တနာရီ..၆၅မိုင်နှုံးနဲ့...သွားမြဲသွားနေတုံးပဲ...ခဏနေတော့..ရှေ့ကလူဆီကို ကုန်းလိုက်တယ်..ဘေးကလူကတော့..ငါ့မေးခွန်းတွေကို မဖြေနိုင်တော့တာ သေချာတယ်လို့..ခင်ဗျား တွေးမိတယ်လေ...။

`ဟေ့လူ..ဒီမှာ နားထေင်စမ်းပါအုံး...ဒီကားကြီးက ဘယ်ကို သွားနေတာလဲဗျ..ကျွန်တော်တို့ ဘာလို့ ဒီကားထဲ ရောက်နေတာလဲ..´ လို့ မေးလိုက်တယ်..ဒီလူရဲ့ အဖြေကလည်း ဒီ အတိုင်းပဲ...` မပူပါနဲဗျာ..ခင်ဗျားဘေးက..မှန်ပြတင်း တွေကိုသာ..ပြောင်အောင် တိုက်နေပါ..ပျော်ပျော် သာနေ..ကိုယ့်လူရေ..စားမြဲ..အိပ် မြဲသာနေ..ဒါဟာ..ကျွန်တော်တို့ လုပ်ရမဲ့ အလုပ်ပဲ...´

တရက်ပီးတရက်ကြာလာတော့...စိတ်ပျက်-ပျက်လာတယ်...အဲလိုပဲ..တခြား လူတွေလဲ..တဖြည်းဖြည်းနဲ့ စိတ်ပျက် လာကြတာပေါ့...တကယ့်တကယ်မှာ...အနှစ်၂၀လောက် ကြာလာပြီ ဆိုရင်ပဲ..ဒီလို စိုးရိမ် သောကတွေက..သီးမခံနိုင် လောက်အောင် ဖြစ်လာကြတယ်..လူတိုင်း လူတိုင်းဟာ..ကားကြီး ထဲမှာ..အရင်တုံးက..ပျော်ခဲ့တဲ့ အချိန်မျိုးတွေ မရှိတော့ဘူး...တချို့တွေက ..ဖျားနာလာကြတယ်...တချို့တွေက သေဆုံးကုန်လို့..ကားပေါ်ကနေ ပြစ်ချလိုက် ကြတယ်..တချို့လူတွေဆို အချင်းချင်း ရန်သူတွေတောင် ဖြစ်လာကြပီး..တယောက်နဲ့ တယောက် သည်း မခံနိုင်လောက်အောင် ဖြစ်လာ ကြတယ်..အဲဒီထဲက..တချို့တ၀က် ကတော့..ကားရဲ့ထောင့်မှာ သွားစုပြီး...သူတို့ကို တိုက်ခိုက် ရန်ပြုလာရင် ကာကွယ်ဖို့ ပြင်ကြတယ်..တချို့တွေမှာ..စားစရာတွေ ကုန်သွားပြီး..တချို့မှာတော့..တောင်လို ပုံလာတယ်.. ။
-
အဲလိုနဲ့ပဲ...ကားထဲမှာပဲ..သားသမီးတွေလည်း ပေါက်ပွားတဲ့ လူက..ပေါက်ပွားပေါ့...ဒီကလေး တွေကိုလည်း.သူ တို့ မိဘတွေက.. ` ဟေး...ပြတင်းမှန်တွေကို တိုက်ကြနော်..´ လို့ဆုံးမတယ်။ ကလေးတွေက.ကျွန်တော်တို့ ဘယ်ကို သွားနေကြတာလည်း...ဘာအတွက်လည်း လို့ မေးတာတောင်...`ကဲပါ..သီချင်း ဆိုစရာရှိဆို..ပျော်စရာရှိပျော်..ပျော်ပျော်နေ သေခဲ´ လို့ပဲ ပြောကြတယ်...
-
တဖြည်းဖြည်းနဲ့...ဒီမေးခွန်းတွေကို..ဘယ်သူမှ မဖြေနိုင်ဘူးဆိုတာ..သိလာတဲ့ အခါ..အားလုံးဟာ..စိတ်ပူသထက်ပူလာတယ်။ ဘာအကြောင်းပြချက်မှကို မရှိတော့ ဘူးလား...ဘာအဓိပ္ပါယ်မှ မရှိတော့ ဘူးလား...ဒီဘတ်စကားကြီးပေါ်မှာ ရောက်နေတာ..ဘာအတွက်ကြောင့်မှ မဟုတ်ဘူးလား...ဆိုပြီးတော့လည်း..လူတချို့ဟာ.အံ့သြ ထိတ်လန့် လာတယ်...အဲဒီတော့..ဒီကားကြီးပေါ်က ဆင်းနိုင်ဖို့အတွက်..တနည်းပဲ ရှိတော့တယ်..ဆိုတာ..အတော်များများက တွေးလာကြတယ်။...ဒီနည်းလမ်းကို တချို့တွေ တကယ်ပဲ အကောင်အထည်ဖော် သွားတာ...မြင်ရတယ်.။ တကယ်တော့..ဒါဟာ..ကိုယ့်ရဲ့ အသက်နဲ့ ရင်းဖို့ စဉ်းစား လာတာပဲ..ဒီဘတ်စကားကြီးပေါ်က ဆင်းရဖို့ ကလည်း ...အဲလို သေပြီး..စွန့်ပစ်ခံရမှပဲ ဖြစ်နိုင်တာကိုး...

+++++

ဟောဒီကမ္ဘာဂြိုဟ်ကြီးဟာ...အဲဒီ ဘတ်စကားကြီး ပဲပေါ့။ အာကာသဟင်းလင်းပြင် ကြီးထဲမှာ..တနာရီ..မိုင်သောင်းနဲ့ ချီပြီးတော့ကို ရွှေ့လျား လည်ပတ် နေတယ်...တနေရာရာကို သွားနေတာတော့ သေချာတယ်...ဘယ်ကိုလည်း ဆိုတာကိုလည်း တယောက်မှ မသိဘူး...ဒီလမ်းကြောင်းကြီးပေါ်မှာ အမြဲရှိနေမယ် လို့လည်း ဘယ်သူမှ အာမ မခံနိုင်ဘူး...အရေးအကြီးဆုံးက...အဲဒီကမ္ဘာကြီး ဘယ်ကို သွားနေတယ်ဆိုတာကို တယောက်မှ မသိတာပဲ....

ဒီလို မေးခွန်း..ပုံဖော်ချက် တွေဟာ..တခုခုကို သွေးဆောင် ဖြားယောင်နေ သလိုပါပဲ...။ ငါတို့ဖာသာ နေပါရစေ။
-
ဒီအတိုင်းပဲ...ဆက်မျောပါ နေကြပြန်တယ်...ဒါမှမဟုတ်ရင်လဲ..ဒီအကြောင်းအရာ တွေကို မစဉ်းစားဖို့...ကိုယ့် ကို ကိုယ် လှည့်ဖြား ကြမယ်။

တကြိမ် တော့..အမေ က ပြောခဲ့ ပါလိမ့်မယ်...`ဟေး...မင်း- ဒါတွေကို မစဉ်းစားနဲ့..အရမ်း လေးလေးနက်နက် ကြီးတွေ..လျှောက် မတွေးနဲ့...မင်းတွေးချင်သလောက် တွေးလိုရတယ်...အေး..သေချာတာကတော့ မင်း- အများကြီး စဉ်းစားလို့မရဘူး.´ ဆိုတာမျိုးလေ။

အင်္ဂလိပ်ကဗျာဆရာကြီးတယောက်ကတော့..ဒီလိုစပ်ဆိုခဲ့တယ်...သူကတော့ ဟိုတုံးက..နံမယ်ကြီး တက္ကသိုလ်ကြီးတွေမှာ..ဂရိပါမောက္ခကြီးတယောက် အဖြစ်ကျော်ကြားတဲ့.. A. E. Houseman ဆိုတဲ့ကဗျာဆရာကြီး...

ဟောဟိုမှာ...မနက်ခင်းတခုပွင့်သစ်လာပြန်တော့....
နေလုံးကြီးနိုးထလာသလို...ငါလဲနိုးထရပေါ့...
ရေမိုးချိုးအ၀တ်အစားလဲဖို့ရယ်...စားသောက်ဖို့ရယ်...
ပီးတော့...မြင်မြင်သမျှအရာတွေကိုကြည့်အုံးမယ်..စကားတွေပြောမယ်..
တွေးအုံး တောအုံးမယ်...အလုပ်လုပ်မယ်ပေါ့....
ဒါတွေဟာ...ဘာကြောင့်လဲဆိုတာတော့ဘုရားမှပဲသိလိမ့်မယ်...

သြော်...တခါတလေတော့လဲ....
ငါရေမိုချိုးအ၀တ်အစားလဲနေခြင်းဟာ...
ငါ့ရဲ့နာကျင်ခံစားရမူတွေကိုသေသေသပ်သပ်ကလေး
ပြရအောင်များလား....
ငါလေ..
အိပ်ယာပေါ်မှာပဲလဲလှောင်းပီးနားနေပါရစေတော့လား....
တောင်သောင်းမက...တတ်နိုင်သမျှ..အကောင်းဆုံးတွေ...
ငါ..လုပ်ခဲ့ပီးပီပဲ....
ပြီးတော့လဲ..ဒါတွေပဲနောက်တခါပေါ့.....

`အို..ဘယ်လို အဆိုးမြင် အယူအဆ ကြီးပါလိမ့်...ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်ပါလိမ့်...´ နော်။

သွားစမ်းပါ ...ဘ၀ဆိုတာ-ဘာလည်း ငါ-မသိဘူး..ဒါပေမဲ့..ခုချိန်မှာ ငါ-သဘောပေါက်တာ ကတော့...သေချာတာ ကတော့..ဒီကမ္ဘာကြီးပေါ်မှာ..လူတိုင်းအတွက်...လုပ်နိုင်တာတွေ ရနိုင်တာတွေ..အများကြီးရှိတယ်...ငါလည်း မြန်မြန်သွားပြီး...ငါနဲ့ ဆိုင်သလောက်..ငါ-ရနိုင်သလောက်..ယူထားတာ ပိုကောင်းမယ်...။

မိဘတွေကလည်း ..ဒီလိုပဲ..ငယ်ငယ်လေးထဲက..သွန်သင်ခဲ့တာပဲ...

`အေး..မင်းတို့ တွေ ကိုယ့် ကို ကိုယ်မှ မစောင့်ရှောက်နိုင်ရင်..ဘယ်သူက လာပြီး မင်းတို့ကို စောင့်ရှောက်မလည်း...´ ဆိုတာမျိုးပေါ့....

လူတွေဟာ..ကိုစားဖို့..ကိုယ်နေဖို့..ကိုယ်ဝတ်ဖို့..ဆိုတဲ့ အခြေခံ လိုအပ်ချက်တွေကို..ကိုဖာသာ ဖြည့်စွမ်းနိုင်ရမယ် ဆိုတဲ့အသိဟာ...ခေါင်းထဲမှာ စွဲမြဲနေအောင်ကို ရိုက်သွင်းခံထားတာပဲ။ ဟိုး-ကျောက်ခေတ် သံခေတ်ထဲ ကလည်း..လူတွေဟာ..အနဲဆုံး တော့...ဒါတွေကိုလုပ် နိုင်ခဲ့ ရတယ်လေ..။ ဒါပဲလေ....အဲဒီလို သဘောပေါက်မူ...တိုက်တွန်း နိုးဆော်မူတွေနဲ့ပဲ..ကြီးပြင်းလာ ကြတာပဲ..ဒီနေရာကို ဘယ်လို အကြောင်း ကြောင့်ပဲ ရောက်လာ ရောက်လာ..ဘ၀ဆိုတာကြီးက..ဘယ်ကိုပဲ ဦးတည်..ဦးတည်..။ ငါတို့တွေ..ပိုကောင်းအောင် လုပ်ရဦးမယ်..ပိုတိုးတက်ရမယ် ဆိုတာက ပဲ..အရေးကြီးခဲ့တာ မဟုတ်လား။ ကိုယ် ကိုတိုင်က လွဲပြီး..ဘယ်သူကမှ လာပြီး မစောင့်ရှောက်နိုင်ဘူးကိုး.။ သင့်တော်တဲ့ ပညာရေး တခု ရအောင်..ကြိုးစားကြရတယ်..အဲတော့မှလဲ..သင့်တော်တဲ့ အလုပ်တခုရမယ်...လိုအပ်တဲ့ ပိုက်ဆံရမယ်..အဲဒါမှ..စားစရာတွေ...၀တ်စရာတွေ..နေစရာတွေ..၀ယ်နိုင် ခြမ်းနိုင်မယ်...ဒါမှလဲ.အသက်ရှင် ရပ်တည် နိုင်မယ်လေ...

အဲဒီလိုနဲ့ပဲ..ဘ၀ ဒသာနတွေ ကနေပီး...တကယ်လက်တွေ့ ကျတဲ့..ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေဆီကိုပဲ.. မြန်မြန်ဆန်ဆန်..ဦးတည်လိုက်ကြတယ်။
-
သိတဲ့ အတိုင်းပဲလေ...ကျောင်းကို စသွားကြတယ်...တတ်နိုင် သလောက်..အကောင်းဆုံးဆိုတဲ့ ပညာရေး တွေယူမယ် ပေါ့....ဒါတွေဟာ..အတွေးတွေကို ဘယ်လောက်တောင် လွှမ်းမိုး လာနေသလဲဆိုရင်.. လူတွေက.ကိုယ့် အစွမ်းအစတွေ ကိုပဲ တွေးတော နေကြတယ်..ငါ့ရဲ့ အနုပညာပါရမီ...ငါ့ရဲ့..အရေးအသား ကျွမ်းကျင်မူ... စက်မူပိုင်းဆိုင်ရာ တတ်ကျွမ်းမူ...စသဖြင့်ပေါ့...လူတိုင်းပဲ.....အသေအချာ တွေးထင်တတ် တာကတော့...ငါတော့..လူသားတွေ အတွက်...တခုခု အကျိုးပြုနိုင်ရမယ်..ဆိုတာမျိုးပေါ့။

တကယ့်တကယ် ခြုံကြည့် လိုက်တဲ့ အခါ...လူတွေ အကုန်လုံးကို လွှမ်းမိုး လာနေတဲ့ အတွေးကတော့...`ငါ...နောက်ထပ် တလုပ်စားဖို့ အတွက်..ဘယ်လို လုပ်ရမလဲ...´ ဆိုတာပဲ..ဟုတ်တယ် မဟုတ်လား...ဒီအတွေးအခေါ်က..ဟိုး..ကျောင်းသား အရွယ် လေးထဲက လွှမ်းမိုး လာတာလေ..
-
ကျောင်းကို သွားတယ်.....တက္ကသိုလ်တွေတက်..ဒါမှမဟုတ်..သိပ္ပံကောလိပ် တွေသွား..ဘွဲ့တွေယူ..နောက်ဆုံး.. ခုပြောနေတဲ့..တကယ့် ဘ၀ဆိုတာကြီးက ရောက်လာရော...သိပ် မကြာခင်မှာကို..ဒီကြီးမား ကျယ်ပြန့်တဲ့ လောက ကမ္ဘာကြီးထဲကို.ထွက်လာရရော။ ဒီအတိုင်း ပါပဲလေ....ပြီးရင် လုပ်ငန်းခွင်ထဲကို ၀င်ရမယ်....ဒီလို ဘွဲ့ တွေ..ပညာ အရည်အချင်း တွေရ ဖို့ ..ပြီးရင်ကောင်း ပေ့ ဆိုတဲ့ အလုပ်တွေ ရ ဖို့ ..ဘယ်လောက်တောင် ရင်ဆိုင် ယှဉ်ပြိုင်ရတယ် ဆိုတာ..ပြီးတော့လည်း..ဒီ -ရထားတဲ့ အလုပ်ကလေး မှာ တည်မြဲဖို့ ကြိုးစားရအုံးမယ်..အဲဒီ အရည်အချင်းတွေကိုလည်း အမြဲ တိုးတက်အောင် အသုံးဝင် အောင်ကြိုးစား နေရတယ်...

`ဟေး..မင်းတို့ ဘာလို့ အသက်ရှင် နေတာလဲ´ လို့ များ မေးခံရရင်...`ငါတို့ အသက်ရှင် နေတာ..အသက်ရှင် ရပ်တည်နိုင်ဖို့ပေါ့´ လို့ပဲ... ဖြေရမှာပဲ။...ဒါမှမဟုတ်..`ဟေး..မင်းတို့..ဘာလို့ ပညာတွေ သင်နေတာလည်းလို့ ´..မေးရင်...`ငါတို့..ပညာသင်တာ...ပညာတွေ တတ်အောင် လို့ပေါ့...ဒါမှ..အလုပ် ကောင်းကောင်းရမယ်...အလုပ် ကောင်းကောင်း ရှိမှ...စားနိုင် သောက်နိုင်..ရှင်သန် ရပ်တည်နိုင်မယ်..အဲတော့မှ..သားသမီးတွေကို ကောင်းကောင်း ကျွေးမွေး ပြုစုနိုင်မယ်..ပညာရေး ကောင်းကောင်း ပေးနိုင်မယ်..သူတို့တွေ လည်း အလုပ်အကိုင် ကောင်း ကောင်း ရမယ်..စားနိုင် သောက်နိုင်မယ်..သားတွေ သမီးတွေ..ပြုစု ပျိုးထောင်နိုင်မယ်..ဒီကလေးတွေကလည်း..ပညာတွေ ရှာဦးမယ်.ဒါပဲ ပေါ့´ ..ဒီလိုနဲ့ပဲ.ဒါဟာ.ဘယ်တော့မှ..ဆုံးနိုင်မှာ မဟုတ်တော့ဘူး....

ရပ်တည်နေထိုင်ဖို့အတွက်များ...ဒီလိုအသက်ရှင်နေရတာလား...ဆိုတာ...တွေးတောစရာပါပဲ.

ဆင်ခြေ ပေးနိုင်ပါတယ်..ဒါတွေ ဒါတွေ..ဘာလို့ လုပ်နေရသလဲဆိုတော့...လိုအပ်မူတွေ ရှိနေလို့ပေါ့...တိရိစ္ဆာန်တွေ လိုပဲလေ..ကိုယ့် ဖာသာ ရှာဖွေ စားသောက်ရမယ် ဆိုတဲ့ သဘာဝ အသိတရားက ရှိနေတာကိုး...လူဆိုတာ...တိရိစ္ဆာန်ထက် ပိုမြင့်ရမယ် ဆိုတာတော့ ကောင်းကောင်းသိတယ်..ဒါပေမဲ့လဲ.....ကိုယ့် ကိုကိုယ် ကာကွယ် စောင့်ရှောက်ရင်း တိရိစ္ဆာန်တွေလိုပဲ ဖြစ်နေကြတယ်...ဒါပေမဲ့..အဲဒီ တိရိစ္ဆာန်တွေနဲ့ မတူတာက..ငါတို့မှာ...တခြား လုံခြုံစိတ်ချမူ တခု ရှိနေသေးတယ် ဆိုတဲ့..ထူးဆန်းတဲ့ မျှော်လင့်ချက်တခု...နှလုံးသားထဲမှာ ရှိနေတာပဲ... အမှန်တကယ်တော့..အဲဒီထက် ပိုတဲ့..နက်ရှိုင်းတဲ့..ခံစားမူလို့..ပြောရလိမ့်မယ်.....ငါတို့တွေမှာ..ဒီဘ၀.ဒီအသက်ထက် ပိုပီး.. တခုခုတော့ ရှိမှာပဲလို့.တွေးမိ တတ် ကြတာပါပဲ..

+++++
သိပ်မတွေး နေပါနဲ့လေ။ ငါ့ ရဲ့ ပတ်ဝန်းကျင် မှာလဲ..သန်းပေါင်း များစွာသော..လူတွေ..ဒီလိုပဲ..အသက်ရှင်ရင်း...သူတို့ကို သူတို့ ..လောကကြီးမှာ အရေးပါဖို့...အဓိပ္ပါယ်ရှိဖို့ ကြိုးစားနေကြတယ်...ငါတို့လည်း..ဒီလိုပဲ ကြိုးစားနေရတာပဲ မဟုတ်လား....ယင်ကောင် အုပ်ကြီးထဲမှာ...ကိုဟာလဲ..ယင်ကောင်လေး တကောင်ပါပဲ...ဘာလို့ အသက်ရှင်နေသလဲတော့ မသိတာ အမှန်ပဲ..ဒါပေမဲ့...ကို့ဖာသာကို အရေးပါတယ်လို့တော့..ထင်နေမိတယ်.....ငါဟာသူများနဲ့မတူ..တမူထူးခြားနေတယ်လို့ထင်မိတယ်။

`ငါ့မှာ..ထူးထူးခြားခြား..ပါရမီ တခုတော့ ရှိနေတယ်...ငါဟာ..သူများထက် အရမ်းပိုတော် ပိုတတ် နေတာတော့ မဟုတ်ပါဘူး...ငါသိတယ်..ဒါပေမဲ့...ငါဟာ..သာမန်လူ တယောက် သက်သက်တော့ မဟုတ်နေဘူးကွာ..တနည်းနည်းနဲ့တော့.ငါဟာ. အကျိုးရှိရှိ အသက်ရှင်ပီး..







--
---------
Never give up all friends.
--------------
Please never say good bye.





**khun aung nge khun aung nge**


Read More...

မသိဘဲနဲ့…

**(ယောင်္ကျားတို့ လောက ဟာသများ)**

သူငယ်ချင်းနှစ်ယောက် သူတို့မိတ်ဆွေသစ်တစ်ဦး အကြောင်းကို ဤသို့…
ပ- လူ။ ။ မောင်နီဆိုတဲ့ကောင် သူ့မိန်းမ အိမ်ပေါ်ကဆင်းသွားတာ ပြန်လိုက်မခေါ်ဘူးလား၊ တော်တော် အကြင်နာတရား မရှိဘူး။ ကိုယ်ချစ်လို့ယူထားတာပဲကွာ…။
ဒု- လူ။ ။ ဟေ့ကောင်… မင်းမသိဘဲနဲ့ အရမ်းအပြစ်မတင်နေနဲ့ ။ငါလည်း သူများတွေကို မေးကြည့်လို့သိထားတာ မကြာသေးဘူး။ အဲဒီ မိန်းမ အိမ်ပေါ်ကဆင်းသွားတာ အကြိမ်ပေါင်း ရာချီနေပြီတဲ့ကွ.. ဟူ၏။

** စိန်ငှက်ရိုး **
(ယောင်္ကျားတို့ လောက ဟာသများမှ)

Read More...

Sunday, August 29, 2010

ဟုတ်ချင်လဲဟုတ်မှာပေါ့ နော်

၁။ ချစ်သူဘ၀ ။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏။
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏။

၂။ ချစ်သူဘ၀ ။ ။ အလကားနေရင်း ချစ်သူကိုတမ်းတ၏။
အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏။

၃။ ချစ်သူဘ၀ ။ ။ ကလေးကိုဘယ်နှစ်ယောက်ယူလိုက်မလဲလို့စိတ်ကူး၏။
အိမ်ထောင်သည်ဘ၀။ ။ စိတ်ကူးတဲ့အတိုင်းကလေးမယူဖြစ်ခဲ့ရင် အကောင်းသားလို့ တွေး၏။

၎။ ချစ်သူဘ၀ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ ချစ်သူအားပေးလို၏။
အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏။

၅။ ချစ်သူဘ၀ ။ ။ မွန်နေသော်လည်း ကိစ္စမရှိဟုဆို၏။
အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွန်၏။

၆။ ချစ်သူဘ၀ ။ ။ တစ်ယောက်နှင့်တစ်ယောက်ဖုန်းပြောပါက တိုးတိုးလေးပြော၏။
အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှာအော်လိုက်ရသည်ကိုပင် အားမရ။

၇။ ချစ်သူဘ၀ ။ ။ ချစ်သူအကြောင်းကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘ၀။ ။ ကဗျာရေးသူ ငစနူ။

၈။ ချစ်သူဘ၀ ။ ။ သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘ၀။ ။ သူငိုလျှင် Tv အစီအစဉ်တွေ ကောင်းပြီ။

၉။ ချစ်သူဘ၀ ။ ။ သူ့မွေးနေ့ကို အလွတ်ရ၏။
အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ။

၁၀။ ချစ်သူဘ၀ ။ ။ လူတောထဲတွင် လက်ချင်းချိတ်ပြီး၊ သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းခြင်းချိတ်ပြီး၊ သွားလေ့ရှိ၏။

၁၁။ ချစ်သူဘ၀ ။ ။ အစားစားလျှင် ခွံ့ကျွေးမှ ကြိုက်၏။
အိမ်ထောင်သည်ဘ၀။ ။ အစားစားလျှင် ဇွန်းကိုင်လိုက်မှာကြောက်၏။

၁၂။ ချစ်သူဘ၀ ။ ။ အချစ်သီချင်းများသာ နားထောင်၏။
အိမ်ထောင်သည်ဘ၀။ ။ ကက်ဆက်အကြောင်းသာ ပြော၏။

၁၃။ ချစ်သူဘ၀ ။ ။ ချစ်သူအကြောင်းသာပြော၏။
အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွှတ်မြောက်ရာအကြောင်းသာတွေး၏။

၁၄။ ချစ်သူဘ၀ ။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည် အတွက် ရင်ထုမနာဖြစ်၏။




**khun aung nge khun aung nge**

Read More...

ဒီကနေ့မှာ ပရီးမီးယားလိဂ်နဲ့ လန်းဦးမလား…

** ပရီးမီးယားလိဂ်ပွဲစဉ်များ **
06:30 Pm ဘော်လ်တန်- ဘာမင်ဂမ်
08:30 Pm လိ ဗာ ပူ- ၀က်စ်ဘရွန်း
09:15 Pm အက်စတွန်ဗီလာ- အဲဗာတန်
11:30 Pm ဆန်းဒါးလန်း- မန်စီးတီး
မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။

Read More...

သင်သိသင့်သော တီထွင်သူများ

**ကင်မရာ**

တီထွင်သူ ....၀ီလျံတောလ်ဘော့စ် ၊ လူးဝစ်စ် ဒက်ဂူရီ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၃၅ ၊ ၁၈၃၉ ။
ရည်ရွယ်ချက်.....အမြဲစွဲထင်မယ့် ပုံရိပ်များဖန်တီးရေး ။
တိုးတက်မှူရလဒ်......ယနေ့ခေတ် ကင်မရာများ ။

**ကွန်ပျုတာ**

တီထွင်သူ ....ချားလ်စ် ဘက်ဘေ့ခ်ျ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၂၃ ။
ရည်ရွယ်ချက်.....ရှည်လျားစွာတွက်ချက်စစ်ဆင်နိုင်ရေး ။
တိုးတက်မှူရလဒ်......အသိပညာ နှင့် အီလက်ထရောနစ်ကွန်ပျုတာများ ။

**ခဲတံ**

တီထွင်သူ ....ဖက်ဘာမိသားစု ၊ အဲန်ဂျေကွန်တီ ။
လူမျိုး ..........ဂျာမန် ။
ခုနှစ်............၁၇၆၀ ၊ ၁၇၉၅ ။
ရည်ရွယ်ချက်.....စာရေးရန် ။
တိုးတက်မှူရလဒ်......ဖန် ၊ အ၀တ် ၊ ပလတ်စတစ်မှာရေးတဲ့ ခဲတံများ ။

**အက်တမ်**

တီထွင်သူ ....ဂျွန်ဒေါ်လန်တန် ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၀၃ ။
ရည်ရွယ်ချက်.....ရုပ်ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာလေ့လာရေး ။
တိုးတက်မှူရလဒ်......အက်တမ်သီအိုရီ ၊ အက်တမ်စွမ်းအင် ၊ အဏုမြုဓာတ်ပေါင်းဖို ။

**ခြေတု လက်တုများ**

တီထြင္သူ ...အမ္ဘေရာ္စီ ပါရီ ။
လူမျိုး........ပြင်သစ် ။
ခုနှစ် ........၁၆ ရာစုအတွင်း ။
ရည်ရွယ်ချက် ....ခြေတု လက်တုများတပ်ဆင်ပေးရေး ။
တိုးတက်မှုရလဒ်....အခြားကိုယ်ခန္ဓာ အစိတ်ပိုင်းအတုများ ။


**မိုးပျံတိုက်**

တီထွင်သူ ...၀ီလျံ လေး ဘာရွန် ဂျင်နီ ။
လူမျိုး........အမေရိကန် ။
ခုနှစ် ........၁၈၅၃ ။
ရည်ရွယ်ချက် ....မြေနေရာ ပိုမိုရရှိရေး ။
တိုးတက်မှုရလဒ်....ခောတ်မီ မိုးပျံတိုက်ကြီးများ ။

**ပယ်နယ်စလင်**

တီထွင်သူ ...ဆာ အလဇန္ဒားဖလင်းမင်း ။
လူမျိုး........အင်္ဂလိပ် ။
ခုနှစ် ........၁၉၂၈ ။
ရည်ရွယ်ချက် ....ရောဂါပေးတဲ့ ဗက်တီးရီးယား နှိမ်နင်းရေး ။
တိုးတက်မှုရလဒ်....အခြားခုခံဆေးများ ။


**တယ်လီဖုန်း**

တီထွင်သူ ....အလက်ဇန္ဒား ဂရေဟမ်ဘဲလ်
လူမျိုး .........ကနေဒါ။
ခုနှစ် ............ ၁၈၆၀ ။
ရည်ရွယ်ချက် ..စကားပြောဆက်သွယ်ရေး ။
တိုးတက်မှုရလဒ် ....ယနေ့ခေတ် ဆက်သွယ်ရေး၊ မိုဘိုင်းဖုန်း

**စက်ရုပ်**

တီထွင်သူ ....ပိုင်ရာဂျီ ဂျက်ကွက် ဒရော့စ် ။
လူမျိုး ..........ဆွီဒစ်ရှ် ။
ခုနှစ်............၁၇၇၀ ။
ရည်ရွယ်ချက်.....လူသားတို့ အလုပ်စေခိုင်းခြင်း ။
တိုးတက်မှူရလဒ်......စက်ရုံသုံးစက်ရုပ်များ ။

**ရေဒါ**

တီထွင်သူ ....ရောဘတ် ၀ပ်ဆင် ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၉၃၅ ။
ရည်ရွယ်ချက်.....ရန်သူ့လေယာဉ်ဝင်လာမှု သတိပေးစေခြင်း ။
တိုးတက်မှူရလဒ်......ရေကြောင်းသုံးကိရိယာ ။


**မီးရထား**

တီထွင်သူ ....ဂျော့စတီဗင်ဆင် ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၂၅ ။
ရည်ရွယ်ချက်.....ခရီးသည်နဲ့ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး ။
တိုးတက်မှူရလဒ်......ဒီဇယ်ရထား ၊ လျှပ်စစ်ရထား ။

** X _ ရောင်ခြည်**

တီထွင်သူ ....၀ိုင်ဟဲမ် ရွန်ဂျင် ။
လူမျိုး ..........ဂျာမန် ။
ခုနှစ်............၁၈၉၅ ။
ရည်ရွယ်ချက်.....ဓတ်မှန်ရိုက်ကူးရေး ။
တိုးတက်မှူရလဒ်......နည်းပညာ ၊ စက်မှု ၊ဆေးဝါးအတွက် အရေးပါတဲ့ ရောင်ခြည် ။

**မီးခြစ်ဆံ**

တီထွင်သူ ....ရောဘတ်ဘွိုင်လီ ၊ ဂျွန်ဂေါ့တာ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၆၈၁ ။
ရည်ရွယ်ချက်.....မီးထုတ်လုပ်ရေး ။
တိုးတက်မှူရလဒ်......မီးခြစ်အမျိုးမျိုး ။


**လျှပ်စစ်မီး**

တီထွင်သူ ....ဆာဟပ်ဖရီဒေဗီ ၊ ဂျေ ၊ ဒတ်ဘယ်လ်ယူစတား ။
လူမျိုး ..........အင်္ဂလိပ် ၊ အမေရိကန် ။
ခုနှစ်............၁၈၀၂ ၊ ၁၈၄၅ ။
ရည်ရွယ်ချက်.....အိမ်မီး ၊ လမ်းမီးထွန်းရန် ။
တိုးတက်မှူရလဒ်......ယနေ့ရောင်စုံမီးများ ။


**သာမိုမီတာ**

တီထွင်သူ ....ဂယ်လီလီယို ။
လူမျိုး ..........အီတာလီယန် ။
ခုနှစ်............၁၅၉၂ ။
ရည်ရွယ်ချက်.....အပူတိုင်းဖို့ ။
တိုးတက်မှူရလဒ်......ခေတ်မီလျှပ်စစ်သုံး အပူတိုင်းကိရိယာ ။




** khun aung nge khun aung nge **

Read More...

နိုင်ငံရေးယဉ်ကျေးမှု နိဿယ (၂)

ဗဟုဝါဒ ၊ပေါင်းစပ်ရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးစ သည် တို့သည် နိုင်ငံရေးယဉ်ကျေးမှု ၏ သဘောတရားများတွင် အကျုံးဝင်နေပေသည်။ ဧက၀ါဒ၊ ရန်ဘက်စစ်မက်၊ တစ်ဦးတည်း လက်ဝါးကြိး အုပ်ရေး၊ ကွဲပြားခြင်းဖြစ်ခြင်း၊ မတည်ငြိမ်ဖြစ်ခြင်းစသည်တို့သည် နိုင်ငံရေးယဉ်ကျေးမှု၏ ဆန့်ကျင်ဘက်အခြင်းရာမျာ ဖြစ်ကြသည်။

ပေါင်းစပ်ခြင်းဆိုသည်မှာ မတူသောအကြောင်းအရာများကို ပေါင်းစပ်ခြင်းကိုဆိုလိုသည်။ မတူခြင်းသည် သဘာဝတရားဖြစ်သည်။ လူသားတို့၏ ကမ္ဘာတွင် ထပ်တူထပ်မျှတူသောအရာဟူ၍ လုံးဝမရှိ။ နည်းနည်းပါးပါးမတူခြင်းနှင့် များများ မတူခြင်းတို့သာခြားနားခြင်းဖြစ်သည်။ ထို့ကြောင့်မတူခြင်းသည် သဘာဝတရားဟု ဆိုရခြင်းဖြစ်သည်။ မတူ၍ ခြားနားနေ၍လည်း မဖြစ်ပေ။ ကမ္ဘာကြီးတွင်ပေါင်းစပ်နေကြရသည်။ တစ်ဦးကို တစ်ဦး အမှီသဟဲ ပြုနေကြရသည်။ ယခင်ကကဲ့သို့ တောတောင်ရေမြေခြားနားသော တံတိုင်းကြိးများက ပြိုကွဲသွားပြိး။ မရှိတော့။ အီလက်ထရွန်းနစ် နည်းပညာကြောင့်လည်း ကမ္ဘာကြီးသည် ပို၍ နီးစပ်နေကြသည်။

တစ်ယောက်ယဉ်ကျေးမှုကို တစ်ယောက်က ယူနေကြသည်။ မိမိတို့၏အမျိုးသားကိုယ်ပိုင်ယဉ်ကျေးမှု ရှိလင့်ကစား ယင်း ယဉ်ကျေးမှုတို့ပင်လျှင်အသွင် ပြောင်းစပြုလာသည်။ပေါင်းစပ်ခြင်းဆိုသည်မှာလည်း ညီညွတ်ရေး တရားပင်ဖြစ်သည်။ မတူသော်လည်း ပေါင်းစပ်လျှင် ညီ ညွတ်နိုင်သည်။ ညီညွတ်သွားခြင်း ဆိုသည်မှာလည်း ဆန့်ကျင်မှုများ နည်းပါးသွားသည်ကို ယူ၍ ရသည်။

ဆန့်ကျင်မှုများ နည်းပါးသွားသည်ဆိုလျှင် ရန်ပြုခြင်း လည်း နည်းပါးသွားနိုင်သည်။ ရန်ပြုခြင်း သည် မတည်မငြိမ်ဖြစ်ခြင်းကို အားပေးသည်။ ဒဿန တရပ်တွင် ဆန့်ကျင်ဘက်တို့သည် ညီညွတ်ရေးဟူသော သဘောတရားပင် ပေါ်ထွန်းသည်မှာ အမှန်ပင်။

မတူသော အ၇ာများပေါင်းစပ်၍ ရသလော။ ရနိုင်သည်။ ရသည်။ လူတို့၏ အတွေးအခေါ်သည် ကမ္ဘာတည်စကနှင့် မတူ၊ ပြောင်းလဲ တိုးတတ်လာသည်။ ပြောင်းလဲခြင်းသည် သဘာဝ တရားဖြစ်သည်။ ပြောင်းကို ပြောင်းလဲ ရမည်။

လူသားတို့၏ အတွေးအခေါ်သည်လည်း ကမ္ဘာတည်စနှင့် မတူ ၊ပြောင်းလဲနေသည်။ ယင်းသို့ပြောင်းလဲရခြင်းမှာ ကမ္ဘာကြီး၏ ဖွဲဖြိုးတိုးတတ်လာသော အဖြစ်အပျက်များတို့ကိုမှီ၍အတွေ့အကြုံသည်လည်းပြောင်းလဲလာရသည်။ ကမ္ဘတည်က ကတည်းက ဆိုပါတော့။ သမိုင်းအစကပင်စစ်ပွဲဆိုသည်မှာ ရှိခဲ့သည်။ မတူသော အခြင်းအရာများပေါ်တွင်မှိတည်၍ လက်နက်ဖြင့် ဖြေရှင်းသောအခါ စစ်ပွဲများဖြစ်လာရသည်။ လူမျိုးရေးရာအားဖြင့် မတူညီခြင်း၊ အတွေးခေါ်ရေးရာအားဖြင့် မတူညီခြင်း၊ ယုံကြည်ချက်ရေးရာအားဖြင့် မတူညီခြင်း စသည့် မတူသောအကြောင်းအရာ များကြောင့် မတူခြင်းကို လက်နက်ဖြင့်ဖြေခြင်းသောကြောင့် စစ်ပွဲသည် ဖြစ် ပေါ်လာရသည်။ သိပံ္ပပညာရပ်များ တိုးတတ်လာသောအခါ လက်နက်တို့သည်လည်း ဆန်းပြားလာရသည်။ ထိုအခါ လူသတ်ပွဲသည် ပို၍ အတိုင်းအတာ ကြီးမားလာ ရသည်။ အထူးသဖြင့် ၂၀ ရာစုအစ လောက် က ဖြစ်ပွားသော ကမ္ဘာစစ်ကြီးကလည်း သက်သေခံ နေသည်။ ဒုတိယ ကမ္ဘာစစ်ကြီးကတော့ မပြောနဲ့တော့။ ဂျပန်ပြည် ဟီရိုရှိးမား မြို့ပေါ်သို့ အနု မြုဗုံးကြဲ ချ ခြင်း ဖြင့် လူသားတို့၏ လူသတ်ပွဲသည် မည်မျှလောက် ကြီးမားသည်ကို သိရှိကြရပြီ။ ထိုအခါ လူသတ်ပွဲကို ရှောင်ကြဉ် လိုကြသည်။

ကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုကြိး ပေါ်ထွန်းလာသည်မှာ အနုမြူ စစ်ပွဲကို ကြောက်ရွံ့၍ နောက်ထပ် အနုမြုစစ်ပွဲမဖြစ်အောင် အားထုတ်ကြခြင်းမှာ စတင်သည်ဟု ဆိုနိုင်သည်။ အီလက်ထရွန်းနစ်ပညာ ၊ သိပ္ပံ ပညာများ တိုးတက်လာသည့် အလျှောက် လူသားတို့အချင်းချင်း ပို၍ နားလည်လာသည်မှာ အမှန်ပင်။

လူသားအချင်းချင်း ပိုမို သိရှိလာခြင်းဖြင့်လည်း မတူခြင်းများကို ပြေလည်အောင် ဖြေနိုင်သောနည်းလမ်းများ တွေ့ရှိနိုင်သည်ဟု ဆိုလိုသည်။ ယင်းနည်းလမ်းများသည် ဗဟုဝါဒ အယူအဆ ၏ ခက်မြွှာများဖြစ်သည်။ လူသားများတွင် တူသောအရာများ၊ မတူသော သဘာဝများ ကွဲပြားလျှက် တည်ရှိသည်မှာ မှန်သော်လည်း တူသောအချက်များကလည်း အခြေခံ ရှိနေသည်ကိုတွေ့နိုင်သည်။ ယင်းတူသော အချက်အလက်များမှာ စ၍ ညီညွတ်ရေးကို အားထုတ်နိုင်သည်။

လူသားတို့တွင် ခြားနားသော လူမျိုးများရှိသည်။ သို့သော် အာရုံခံစား မှုတွင်တော့ တူကြသည်။ ငြိမ်းချမ်းရေးမြတ်နိုးစိတ်ဟူသည် အာလုံးတွင် တူညီကြသည်။

ယင်းတူညီသော လူသားစိတ်က စတင်၍ ထွက်ခွာကြလျှင် ညီညွတ်ရေးက မဝေးလှပေ။ ပေါင်းစပ်ခြင်းသည်လည်း မဝေးလှပေ။ ယင်းတို့သည် နိုင်ငံရေးယဉ်ကျေးမှု၏ အစပြုရာဟု ဆိုရပေမည်။အာရုံခံစားမှုတွင် လူသားတို့အားလုံးညီညွတ်ကြသော်လည်း ယင်းအာရုံ ခံစားမှုကို ဖော်ပြမှုပုံ သဏ္ဍန်တွင် ကား ကွဲပြားနိုင်သည်။ ခြားနားနိုင်သည်။ ရသခံစားမှု တူသော်လည်း အလှ အပ ဖော်ပြမှု ပုံသဏ္ဍန် တွင် ခြားနားနိုင်သည်။

လွတ်လပ်ရေးမြတ်နိုးသော စိတ်တွင် တူသော်လည်း လွတ်လပ်ရေးရရှိရန် ဆောင်ရွက် သော ပုံသဏ္ဍန်တွင်ကား တူချင်မှ တူကြပေမည်။ ချုပ်ချယ်မှု အတိုင်းတာပေါ်တွင် မှုတည်၍ ယင်းလွတ်လပ်မှုကို ချုပ်ချယ်ခြင်း ၊ ဖိနှိပ် ခြင်း တို့မှ လွတ်မြောက်သော လှုပ်ခြားမှု ပိုသဏ္ဍန်တွင်ကား တူချင်မှ တူကြမည်။

အတိုင်းတာ ကိုလိုက်၍ အကြီးအငယ်၊ အပျော့အမာ ကွာခြားနိုင်သည်။ ငြိမ်းချမ်းရေး မြတ်နိုးသော စိတ်တွင်ကား အာလုံးတူညီ ကြသည်။ သို့သော် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းအားထုတ် သော လှုပ်ရှားမှုပိုသဏ္ဍန် တွင်ကား တူချင်မှ တူကြမည်။ ခြားနားခြင်းမှာ လှုပ်ရှားမှု ပုံသဏ္ဍန် (၀ါ) ပုံသဏ္ဍန် တွင်သာ ခြားနားနိုင်မည်။ စိတ်ဓာတ်ချင်းတူညီသည်မှာ အမှန်ပင်။

ယင်းသို့ မတူညီသော အရာများကို ပေါင်းစပ် နိုင်ခြင်းသည် နိုင်ငံရေး ယဉ်ကျေးမှုဖြစ်သည်ဟု ဆိုရမည်။ တိုင်းပြည်တစ်ပြည်၏ ယဉ်ကျေးမှုတည်ဆောက်ရာတွင်ကာယ အင်အားနှင့် ဥာဏအင်အားတို့ ပေါင်းစပ်ရစမြဲ ဖြစ်သည်။ ယင်းသို့ ပေါင်းစပ်ခြင်းကြောင့်သာလျှင် ယဉ်ကျေးမှု အဆောက် အအုံ ကြိးသည် ကြိးမားလာခြင်းသာဖြစ်သည်။ ဝေးဝေးမကြည့်နှင့်။ ၁၁ ရာစုတွင် ထွန်းကားခဲ့သော ပုဂံယဉ်ကျေးမှုကိုကြည့် က သိနိုင်သည်။

ယနေ့တိုင် ကမ္ဘာပပါ အံ့သြနှစ်သက်သော ပုဂံဗိသုကာသည် မည်သို့ တည်ဆောက်ကြသနည်း။ အနုပညာရှင် ဗိသုကာတို့နှင့်ပန်းရံ ၊ အုတ်သယ် ၊ အင်္ဂတေလောင်းစသော ကာယလုပ်သားတို့နှင့် ပေါင်းစပ်၍ လုပ်ကြသည်မှာ ထင်ရှားသော သာဓက ဖြစ်သည်မှာ အမှန်ပင်။ ဗိသုကာ အနုပညာရှင်က စေတီ ပုထိုး၊ ဂူ ၊ ကျောင်း တို့၏ ပုံစံကို သူတို့၏ အနုပညာ စိတ်ကူးဖြင့် ပုံစံထုတ်သည်။ ယင်းပုံသဏ္ဍန်ကို အကောင်အထည်ဖြစ်လာရန် ဗိသုကာ တစ်ဦးတည်းလုပ်၍ မရ။ ကာယ အင်အားစုကြိးက အနုပညာအလိုနှင့် ကိုက်ညီ အောင် ပေါင်းစပ်လုပ်အားပေးမှသာ အောင်မြင်နိုင်သည်။ ပုံစံ မထုတ်တတ်သော ကာယအင်အား စု တစ်ခု တည်းနှင့် လှပသော ဗိသုကာအဆောက်အအုံ တစ်ခု ကို တည်ဆောက်နိုင်သည်မဟုတ်ပေ။ ပေါင်စပ်ကြရသည်။ ယင်း သည်ပေါင်းစပ်မှုပင်ဖြစ်သည်။ ညီညွတ်ရေးသဘော ပင်ဖြစ်သည်။

မတူသော အင်အားစုများ ပေါင်းစပ်မိလျှင် အောင်မြင်ခြင်းအထွက်အထိပ်သို့ရောက်နိုင်ပေလိမ့်မည်။

၂၅.၁၀.၉၅ (ရနံ့သစ်၊ ဒီဇင်ဘာ ၊၁၉၉၅)


**Silver Moon**

Read More...

အမေရိကတိုက်ကို တွေ့ဖို့ မလွယ်

**(နိုင်ငံတကာ ရယ်စရာများ)**
ခရစ္စတို ကိုလမ်ဘတ်ရဲ့အိမ်မှာ မိန်းမတစ်ယောက်ရှိနေမယ်ဆိုရင်၊ သူဟာ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပါမည်လား။ စဉ်းစားစရာပါ။
“ရှင်ဘယ်သွားမလို့လဲ၊ ဘယ်သူတွေနဲ့တုန်း၊ ဘာသွားလုပ်မှာတုန်း၊ ဘယ်တော့ပြန်လာမှာတုန်း” ဒီလိုမေးခွန်းတွေကို ခရီးထွက်လို့ မဖြစ်နိုင်အောင် မေးနေဦးမှာ သေချာပါတယ်။

** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စရာများမှ)

Read More...

နှမြောပုံက…

**(ယောင်္ကျားတို့ လောက ဟာသများ)**
စိန်ငှက်ရိုး၏ သူငယ်ချင်းတစ်ယောက် သူ့ခယ်မလင်နောက်သို့ လိုက်ပြေးသွား၍ ကြက်ဖကြီး လည်လိမ်ထားခြင်းခံရသလို ခေါင်းငိုက်စိုက်ချကာ မှိုင်တွေနေသဖြင့်…
စိန်ငှက်ရိုး။ ။ “မင်းပုံစံက ဘာဖြစ်နေတာလဲကွ၊ မင်း မိန်းမ ဟိုကောင်နဲ့ ထွက်ပြေးတုန်းကတောင် မျက်နှာတစ်ချက်မှ မပျက်ခဲ့ပါဘူး။ ခယ်မ ခိုးရာလိုက်ပြေးမှ မင်းက ဘယ်လိုဖြစ်နေရတာလဲ”ဟု ပြောလိုက်မိရာ ထိုသူက ပြန်ဖြေလိုက်သည်မှာကား…
“ခယ်မကို ပိုပြီးနှမြောမိလို့ပေါ့ကွာ”ဟူ၏။

** စိန်ငှက်ရိုး **
(ယောင်္ကျားတို့ လောက ဟာသများမှ)

Read More...

ကုပ်တိုင်းမကောင်း…

**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**
ဗန်းမော်ဆရာတော်ကား စွယ်စုံပညာရှင် ဖြစ်ပါသည်။ ဆရာတော်၏ စာ၊ ဆရာတော်၏ ဟောပြောချက်များကို ဖတ်ရှုလေ့လာလျှင် ဆရာတော်သည် လူ့သဘော လူ့သဘာဝကို မည်မျှ နှံ့စပ်ကျွမ်းကျင်ကြောင်း သိနိုင်ပါသည်။
တစ်နေ့တွင် ဗန်းမော်ဆရာတော်ကြီးသည် တိုက်အုပ်၊ စာချကိုယ်တော် စသည့် ရဟန်းသံဃာတော်တို့နှင့် ဆွမ်းစားပြီးနောက် ခေတ္တနားနေစဉ် ဖြစ်ပါသည်။ အထူးသဖြင့် တပည့်စာသင်သားကိုယ်တော်တို့အကြောင်း စကားစပ်လျဉ်းဆွေးနွေးမိကြပါသည်။
ဘယ်ကျောင်းသားက စာတော်သည်။ ဘယ်ကျောင်းသားက အဆော့သန်သည်၊ ဘယ်ဦးပဉ္စင်းက ၀ီရိယကောင်းသည်။ ဘယ်ဦးပဉ္စင်းက ဥာဏ်မကောင်း၊ နေပြည်တော်မှ ရောက်လာသောဦးပဉ္စင်းငယ်တစ်ပါးသည် ၀ီရိယနည်းသည်။ သို့သော် ရိုးရိုးကုပ်ကုပ်နေသည်စသည်ဖြင့် စာချကိုယ်တော်တို့က အမျိုးမျိုးဝေဖန်သုံးသပ်ကြသည်။ ဆရာတော်အား လျှောက်ထားကြသည်။
နောက်တစ်နေ့တွင် ဆရာတော်ကြီးကိုယ်တိုင် စာဝါပို့ချသည်။ ရိုးရိုးကုပ်ကုပ်နေတတ်ပါသည်ဆိုသော ဦးပဉ္စင်းကိုလည်း သတိထားအကဲခတ်သည်။ ထိုအခါ အနှီး ဦးပဉ္စင်းမှာ ကျောင်းတိုင်ကိုမှီ၍ အိပ်ငိုက်နေကြောင်း သတိပြုမိသည်။ သို့နှင့် ထိုဦးပဉ္စင်းကို ရှေ့သို့ ခေါ်ကာ ဆုံးမလေသည်။
“တစ်နေ့ကပဲ ငါ့ရှင်ရဲ့ ဆရာက ငါ့ရှင် ရိုးရိုးကုပ်ကုပ်နေတတ်ကြောင်း ပြောတယ်။ ခု ဆရာတော်မြင်တာ တောကြက်ကုပ်ကို ကြက်ကောင်းမှတ်သလို ဖြစ်နေပါရော့လား။”
ဆရာတော်နိဒါန်းပျိုးလျှင် နောက်ဆက်တွဲသာဓက၊ ပုံပြင်၊ စာချိုးပါလာတတ်ကြောင်း စာသင်သားများသာမက စာချကိုယ်တော်များကပါ သိရှိသည်။ ထို့ကြောင့် အားလုံးပင် တိတ်တိတ်နေကာ နားစွင့်ကြသည်။

“ရှေးက အညာရွာတစ်ရွာမှာ တိုက်ကြက်မျိုးကောင်းဖောက်ပြီးရောင်းစားတဲ့ လူတစ်ယောက်ရှိတယ်။ သူက ကြက်တွေကို ဖောက်၊ မတမ်းအရွယ်လောက်ရောက်တာနဲ့ ရောင်းစားလေ့ရှိတယ်။ အရွယ်ရောက်တဲ့အထိ လက်ထဲမှာ မထားဘူး။”
ဆရာတော်၏ ပုံပြင်ကို အားလုံးကပင် စိတ်ဝင်စားစွာ နားထောင်ကြသည်။ ဆရာတော်၏ ပုံပြင်ဆုံးလျှင် မှတ်စရာ၊ နည်းယူစရာ၊ သင်ခန်းစာ၊ ဆင်ခြင်စရာ တစ်ခုခု ပါစမြဲ ဖြစ်ပေသည်မဟုတ်လော။
“တစ်ခါတော့ တိုက်ကြက်မတစ်ကောင်က ကြက်ကလေးတွေ ပေါက်လာတယ်”
ဆရာတော်က ဇာတ်လမ်းကို ဆက်သည်။
ကြက်ကလေးဆယ်ကောင် ပေါက်တယ်။ ထိုဆယ်ကောင်ထဲတွင် ထူးခြားသော ကြက်ကလေးတစ်ကောင် ပါလာသည်။ ထိုကြက်ကလေးသည် အခြားကြက်များနှင့် မရော၊ မဆော့၊ ရိုးကုပ်စွာ နေလေသည်။ ဤထူးခြားချက်ကို ကြက်ရှင်က ကောင်းစွာ သတိထားမိသည်။
မြီးကောင်ပေါက်အရွယ်တွင် ကြက်ရှင်က ကြက်များကို ရောင်းပစ်သည်။ သို့သော် ကြက်ကုပ်ကလေးကိုမူ ချန်ထားသည်။ အထူးဂရုစိုက်၍ မွေးသည်။
ကြက်ဖကလေးအရွယ်ရောက်လာသည်တွင် အတက်ကလေးထွက်လာသည်။ နေပုံမှာ ယခင်အတိုင်း ကုပ်ကုပ်ကလေးပင်ဖြစ်သည်။ ကြီးလျှင် အစွမ်းပြမည့်လက္ခဏာဟု ကြက်ရှင်က တွေးဆထင်မြင်သည်။
“ကျုပ်ကြက်ဖလေးက အနေကုပ်ပေမယ့် အစွမ်းပြမှာ သေချာတယ်။ အစားကလဲ ကောင်းသမျှ၊ နေပုံကလဲ- တည်တယ်၊ ကုပ်တယ်။”
ကြက်ရှင်က သူ၏ ကြက်ဖလေးအကြောင်း ကြုံတိုင်းကြွားလေ့ရှိသည်။ တစ်နေ့တွင်မူ သူ၏ ကြက်ဖလေးကို ပွဲထုတ်ရန် စီစဉ်လေသည်။
“မင်းကြက်ကုပ်ကို ခွပ်လက်လဲ မချဘဲနဲ့ ဖြစ်ပါ့မလား၊ ဒီအတိုင်းတိုက်ရင် ရှုံးမှာပေါ့”
အပေါင်းအသင်းကြက်သမားတွေက သတိပေးသည်။
“ငါ့ကြက်ဖက ခွပ်လက်ချစရာမလိုပါဘူးကွာ ကျိန်းသေပေါက်နိုင်မှာပါ”
ကြက်ရှင်က သူ့ကြက်ကို သူယုံသည်။ ထို့ကြောင့် ရှိသမျှ ပုံအောပြီး လောင်းကြေးထပ်သည်။
ကြက်ပွဲစပြီ။
ပွဲစကတည်းက တစ်ဖက်ကြက်က မနားတမ်းခွပ်သည်။ ကြက်ကုပ်ကလေးကမူ ကုပ်ကုပ်ပင်၊ ကြက်ရှင်ကမူ သူ့ကြက်ကို အထင်ကြီးဆဲ။ တစ်ချက်ကောင်း ခွပ်မည့်ကောင်ဟု ထင်သည်။ တစ်ဖက်ကြက်က ဆက်တိုက်ခွပ်သည်။ ကြက်ကုပ်ကမူမခွပ်။ ကုပ်ကုပ်ပင်၊ တစ်ချက်ကောင်းအကွက်ချောင်းသည်ဟု ကြက်ရှင်က ထင်သည်။ နောက်ဆုံးတစ်ဖက်ကြက်၏ ခွပ်ချက်ကြောင့် ကွင်းထဲတွင်ပင် ဆန့်ငင်ဆန့်ငင်နှင့် သေလေတော့သည်။
“ဒီလိုပဲ တပည့်တို့၊ တပည့်တို့ကို တကယ့်ကိုပဲ ကြက်ကောင်းဖြစ်စေချင်တယ်။ ကြက်ကုပ်လို အထင်မှားတဲ့ အဖြစ်မျိုး အဖြစ်မခံနိုင်၊ အရောက်မခံနိုင်ဘူး တပည့်တို့”
ဆရာတော်က ပုံပြင်အဆုံးတွင် စေတာနာ ဆန္ဒကိုပါမိန့်ကြားသည်။ ထို့ကြောင့် ကုပ်တိုင်းမကောင်းဟု တပည့်တို့က ရယ်မောပြောဆိုကြသည်။



** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ)

Read More...

29 Aug,10// လသာနေမဲ့ ည…

**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**

**တမာ၊ ထနောင်း
ဆောင်းလရိပ်
တိတ်ဆိတ်ခြင်းထဲက မြင်းခွာသံမှန်မှန်
အိုးလှည်းတန်း ညရဲ့ မီးပုံ
နှင်းမှုံကြားက
ပုပ္ပါးတောင် ကောင်းကြောင်းရေးရေး… တွေ
နယ်စပ်တောထဲက
ငါ့ရှေ့ကိုရောက်လာတယ် လှဒေါင်း။

**မိတ္ထီလာကောလိပ်ရှေ့က
ပွင့်ဦး မှာ
ငါနဲ့မင်း (ထီးဆိုင်)ရဲ့ ဆင်းရဲသားအတွေးနဲ့
ခေတ်ဆိုးကို ဆေးကြောပစ်ဖို့ လိုကိုလိုအပ်ကြောင်း
ကိုယ်တိုင်ရဲ့ မရေရာမှုကြားက ခွန်အားနဲ့နွေးထွေး
အလုပ်သမား လူငယ်လေးတွေရဲ့ ရင်ဟာ
မိတ္ထီလာနှင်းတွေ စိုလို့ပေါ့ကွာ။
လှဒေါင်း ရေ
ငါတို့ရဲ့ ညီမလေး နီနီအောင် လဲ
ခုဆို ကျေးလက်မူလတန်းကျောင်း
တကျောင်းကျောင်းမှာ
မ၀ရေစာနဲ့ ခါးသက်
တပြိုက်နက် ဆက်လက်လှပ နေမှာ
ငါတို့ကိုတော့ သိကြတော့မယ် မထင်ပါဘူးလေ
မြစ်ရေတွေက ဗြောင်းဆန်အောင် စီးဆင်းခဲ့ကြပြီဘဲ။

**သတိရတယ်လို့
သတိရမိတိုင်း
မိတ္ထီလာကန်က လှိုင်းတွေလိုပါဘဲကွာ။

**နီကျင်ကျင် မီးသီးလေးတွေ
ဂုဏ်သရေရှိတောတန်း
တမာပန်းတွေ မွှေးချိုနေတဲ့ည
အဝေးပြေးလမ်းမ
ခေတ်အဆက်ဆက်လှနေမှာပါ။

**မိတ္ထီလာဆောင်းညကို
ငါ (တို့) ဖြတ်သန်းချင်ကြသေးတယ်
ဟိုတုန်းကလိုပေါ့
တောအရက်ကို မူးအောင်သောက်(လို့)
ကျောက်ပန်းတောင်းလမ်းမတလျှောက်
သီချင်းအော်ဆိုလမ်းလျှောက်ကြ
အဲ့ဒီည
လ သာဖို့တော့ လိုလိမ့်မယ်။


**ထက်မိုး**

(သူငယ်ချင်း လှဒေါင်းနဲ့ မိတ္ထီလာဆောင်းည… သို့)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)

Read More...

Saturday, August 28, 2010

ဒေါ်စုမှ ဦးဥာဏ်ဝင်းသို့ မှာကြားချက်



၁။ NLDမပါလို့ဘယ်သူ့ကိုမဲထည့်ရမလည်းဆိုရင် ကိုယ်ကြိုက်တဲ့ပါတီမပါရင်
မဲမထည့်ပဲနေပါ။
၂။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေနားမလည်တာကို
အခွင့်အရေးယူပြီး
လှည့်စားပြောနေတာတွေကို့ ကန့်ကွက်တယ်။
၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို
စိတ်မကောင်းကြောင်း။
၎။ ရွေးကောက်ပွဲ ရက်ကို အချိန်တိုလေ ကပ်ပြီးကြေငြာတာဟာ မကောင်းဘူး။
၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ဥပဒေတွေကို နားလည်းရမယ်
နားမလည်ပဲနဲ့မဲသွားထည့်ရင် ဘာမှအဓီပါယ်မရှိဘူး။
၆။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ဆန့်ကျင်ပြီးမသာမာမှုတွေရှိရင်
ပြည်သူတွေအနေနဲ့ တရားစွဲရမယ် ရဲစခန်းကိုတိုင်ရမယ်။

၇။ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး သတင်းရယူခွင့် ၊သတင်းထုပ်ပြန်ခွင့် မရှိဘူး
အဲ့ဒါကိုကန့်ကွက်တယ်။
၈။ ၂၀၀၈ ဖွဲ့စည်းပုံအရေ၏၂၀၁၀ရွေးကောက်ပွဲကိုလုပ်တယ် အဲ့ဒီကထွက်လာမယ့် သမတ
ကိုလွတ်တော်က
မလွမ်းမိုးနိုင်ဘူး သမတ ကပဲအားလုံးကိုလွမ်းမိုး
ချုပ်ကိုင်သွားမှာဖြစ်တယ်။
၉။ အခုထွက်နေတဲ့ဥပဒေတွေက တရားမျှတမှုမရှိဘူး အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင်
ဒါဟာမင်းမဲ့စရိုက်ပဲ။


**khun aung nge khun aung nge**

Read More...

ဦးကြည်မောင်နှင့် အမှတ်ရစရာ ပုံရိပ်လွှာအချို့… (အပိုင်း-၄)

ဦးကြည်မောင်ဟာ ဦးအောင်ကြီးရဲ့ ၁၃-ဦးအုပ်စုကနေ လမ်းခွဲထွက်လာပြီး အန်အယ်လ်ဒီထဲမှာပဲ ဆက်လက်ရပ်တည်ပေးခဲ့ပါတယ်။ ဦးအောင်ကြီးကတော့ `မြို့မေတ္တာ ခံယူမယ့် သားပေမို့´ ဆိုသလို ပြည်ထောင်စု အမျိုးသားများဒီမိုကရေစီပါတီ(UNDP)ကို သီးခြားတည်ထောင်ပြီးတော့ ဥက္ကဌလည်းမဟုတ်၊ ဂုဏ်ထူးဆောင်နာယကလည်းမဟုတ်ပဲ `ဦးစီးနာယက´တဲ့ဗျာ။ ဟုတ်ကဲ့…။ အဘိဓမ္မာတောင်သာ (သမားတော်ဂိုဏ်းကြီး)လိုလို၊ ပင်မသိုင်းအဖွဲ့ကြီးလိုလို အဖွဲ့အစည်းကြီးကလို့ ထင်ရပါတယ်။ ဒါမှမဟုတ် ပရိယတ္တိသာသနာကို ဖြန့်ဝေပေးနေတဲ့ ပရိယတ္တိစာသင်တိုက်တွေမှာလည်း `ဦးစီးနာယက´ဆိုတာ ရှိတယ်လေဗျာ။

ဟုတ်ကဲ့ပါ…။ ဦးအောင်ကြီးက `ဦးစီးနာယက´။ဗိုလ်မှူးကြီးဟောင်း ဦးကျော်မြင့်လေးက ဥက္ကဌ၊ ဒုတိယဥက္ကဌ- ပါမောက္ခဟောင်း ဦးသာထို၊ အထွေထွေအတွင်းရေးမှူး-ဗိုလ်မှူးကြီးဟောင်း ဦးကြည်ဟန်၊ တွဲဖက်အတွင်းရေးမှူးများအဖြစ် ဂုဏ်ထူး-ဦးသိန်;်နိုင်(ဂုဏ်ထူး မြန်မာစာ ကျူရှင်ဆရာကြီး)။
အမှုဆောင်တွေထဲမှာ- ဗိုလ်မှူးကြီးဟောင်း ဦးခင်ညို။ ပါမောက္ခဟောင်း ဒေါက်တာ ဒေါ်သင်းကြည်၊ ဦးသန်းကြွယ်၊ ဦးဘိုးအောင်၊ ဗိုလ်မှူးထွန်းရှိန်၊ အမ်အေ ဒေါ်အုန်း(မန္တလေး) (စာရေးသူဟာ ဒီလောက်ပဲ မှတ်မိပါတယ်။ ဖြည့်စွက်ကြပါကုန်)

(ဆက်လက်ဖေါ်ပြပါမည်)
ခံစားတင်ပြသူ- သောင်ရင်းနဂါး (မြန်မာပြည်သား)

Read More...

ကြားနေရမယ့်အချိန် ရောက်ပြီလား



မီဒီယာသမားတွေကို ရဲဘော်ကျော်သန်း ဝေဖန်လိုက်လို့ မီဒီယာသမားဖြစ်တဲ့ ကိုမောင်မောင်မြင့်က တုံ့ပြန်ဝေ ဖန်တာတွေ ဖတ်လိုက်ရပါတယ်။ ကျနော်ကတော့ ဟိုလူတော် ဒီလူတော်ပြောပြီး ကြားက မင်္ဂလာယူတတ်သူ မဟုတ်တဲ့အတွက် ကျနော့်အတွေ့အကြုံကို တင်ပြမယ်။ ကျနော်ကတော့ လူမိုက်လို့ပဲ ပြောရမလား ကိုယ်က မှားနေတယ်ထင်တာကို အားမနာတမ်းပြောတတ်လို့လားတော့မသိ၊ သူငယ်ချင်းတွေက ကျောင်းနေစဉ်က “တစောက်ကမ်း” ဆိုတဲ့ ဘွဲ့ကို ပေးခဲ့ကြပါတယ်။

အဓိကတော့ ကိုယ်တင်ပြချက်တွေဟာ ကိုယ်ကျိုးမဖက်ဖို့လိုပါတယ်။ မီဒီယာဆိုတာ သုံးတတ်ရင်ဆေး၊ မသုံး တတ်ရင်ဘေးလို့ နိုင်ငံရေးသမားတွေက ယုံကြည်ကြပါတယ်။ မီဒီယာကို သုံးတတ်ရင် မီဒီယာရဲ့ပံ့ပိုးမှုနဲ့ ရွေး ကောက်ပွဲတွေမှာ ပြိုင်ဘက်ကို အနိုင်ရတတ်သလို မီဒီယာကို မသုံးတတ်ရင် ချီးသေးကအစ မကောင်းတာမှန် သမျှ အငြှိုးနဲ့ အပုပ်ချတာကိုခံရပြီး ကိုယ်ကျိုးနည်းတတ်ပါတယ်။

မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာရောက်နေတဲ့ ပြည်သူတွေဟာ မဆလ၊ နဝတ၊ နအဖအစဉ်အဆက် ပြည်သူပိုင် (၎င်းတို့ပိုင်) လုပ်ထားတဲ့ မီဒီယာရဲ့ နားမုဒိမ်းကျင့်နေတာကို နေ့စဉ်နဲ့အမျှ ခံ နေကြရပါတယ်။ ငါတို့အစိုးရလုပ်တာ အကုန်မှန်တယ်၊ ဒါတို့ ခေါင်းဆောင်ကြီးများ တိုင်းပြည်ကို စည်းကမ်းရှိ စွာ ပြုပြင်နေတယ်။ တံတားတွေ ဆောက်နေတယ်၊ လမ်တွေခင်းနေတယ်၊ အနှစ်သာရရှိသော ခေါင်းဆောင် ကြီး၏ မိန့်ခွန်း၊ အတိုက်အခံ ပြည်ပပုဆိန်ရိုးများ ကျဆုံးရမည် ... စသည်ဖြင့် တွင်တွင်ကြီး မျက်စိမုဒိမ်း၊ နားမု ဒိမ်း နေ့စဉ်ကျင့်နေသည့် အသုံးတော်ခံ မီဒီယာများကို တန်ပြန်နိုင်ရန် ပြည်သူ့အကျိုးပြု မီဒီယာများလိုအပ်ပါ သည်။ ၈၈ နောက်ပိုင်း RFA နှင့် DVB တို့သည် ဒီမိုကရေစီအရေးကိုဇောင်းပေးမည့် သတင်းမီဒီယာများအဖြစ် ထွက်ပေါ်လာသည်မှာ ကျနော်တို့အားလုံးအတွက် အားတက်စရာပါ။
“ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နှင့် ဂျာမန်တိုက်နေစဉ် အင်္ဂလိပ်ဘက်မှ အသံလွှင့်သူများကလည်း မည်ကဲ့သို့ အောင်ပွဲခံနေသည်၊ ရန်သူမည်မျှကျဆုံးသည်ကို ပြောနေသကဲ့သို့ ဂျာမန်မှလည်း ထိုနည်းတူပြောလျက် ဝါဒဖြန့်ချိကြသည်။ ယနေ့မြန်မာပြည်သည် ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့ စစ်ဖြစ်နေသည့်ပွဲဖြစ်သည်။ စစ်ပွဲ မပြီးသေး။ ကျနော်တို့အနေနှင့် စစ်အာဏာရှင်များကို တန်းတူအခွင့်အရေး ပေးစရာမလိုဟု လုံးဝယုံကြည်သည်။ ရန်သူ့လူများ မီဒီယာသမားများထဲတွင် ဝင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်သည်”

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သည် NCGUB နှင့် နော်ဝေးနိုင်ငံတို့ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်မှုဖြင့် ပေါ် ပေါက်လာသော အသံလွှင့်ဌာနဖြစ်သလို Radio Free Asia လွတ်လပ်သောအာရှအသံ သည်လည်း အမေရိ ကန်အစိုးရ ကွန်ဂရက်ထောက်ပံ့မှုဖြင့် အာရှတိုက် ဒီမိုကရေစီထွန်းကားလာရေးအတွက် ရည်မှန်းချက်ဖြင့် ပေါ် ပေါက်လာသော ဌာနများဖြစ်ပါသည်။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း NCGUB အစိုးရကို ဝေဖန်ခဲ့ပြီး နောက် ဆရာကြီး၏သတင်းဆောင်းပါးများ၊ တွေ့ဆုံဆွေးနွေးခန်းများကို DVB မှ ရပ်ဆိုင်းလိုက်ပါသည်။ ဆရာ ကြီးမသေမီ ကျနော့်ကို ရင်ဖွင့်သွားခဲ့သဖြင့် သိရှိရပါသည်။ ဆရာကတော် အသက်ရှင်နေပါသေးသည်၊ မေး ကြည့်နိုင်ပါသည်။

DVB တွင် ခင်မောင်ဝင်းကို NCGUB မှ ထောက်ခံမှုဖြင့် ခန့်အပ်လိုက်ပြီးနောက် DVB သည် ခင်မောင်ဝင်း ပိတ်ပင်ထားသောသူများကို တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်တော့ဘဲ ပိတ်ပင်ထားခဲ့သည်ကို ထင်ရှားစွာတွေ့ရ သည်။ နောက်ဆုံး DVB သည် ဘက်မလိုက် အသံလွှင့်ဌာနဖြစ်သည်ဟု ဗြောင်ကြေညာလာပြီး NCGUB နှင့် လုံးဝမသက်ဆိုင်တော့ကြောင်း၊ ဘက်မလိုက်ရပ်တည်မည်ဖြစ်ကြောင်း တရားဝင် ပြောကြားသည်အထိ ဖြစ် လာခဲ့သည်။ ကျနော့်အမြင်မှာ DVB သည် ဒီမိုကရေစီဘက်မှ ထုတ်လွှင့်သော အသံလွှင့်ဌာနဖြစ်သည်။ ကြား နေမဟုတ်၊ ဒီမိုကရေစီအင်အားစုတို့ဘက်မှလိုက်၍ အသံလွှင်ရမည့် တာဝန်ရှိသည်။

ဘက်မလိုက်မီဒီယာဟု အစကဆိုလျှင် ၎င်းတို့ကို မည်သူမျှ အလုပ်ခန့်မည်မဟုတ်ချေ။ ကျနော့်အမြင် ခင် မောင်ဝင်းသည် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်တယောက် ဖြစ်သည်။ တော်လှန်ရေးသမားဟု အမည်ခံယူခဲ့သူဖြစ်သည်။ DVB တွင် သူ့လက်သူ့ခြေ ဖြစ်လာသည့်အခါမှ ဘက်မလိုက်သတင်းသမားဟု ဟစ်ကြွေးသည်မှာ သူ့သရုပ်ကို ဖော်ပြခြင်းပင်ဖြစ်သည်။ အစကတည်းက စစ် အစိုးရကို ဆန့်ကျင်လာသူဟု ဆိုသူက မီဒီယာသမားအဖြစ် ကောင်းစားလာသောအခါ ယခင်တော်လှန်ရေး သမားဘဝကို မေ့ပြီး ကြားနေမီဒီယာလုပ်ခြင်းသည် တော်လှန်ရေးကို သစ္စာဖောက်၍ ကိုယ်ကျိုးရှာခြင်းပင်ဖြစ် သည်။

ABSDF ဗဟိုကော်မီတီတွင် ပြန်ကြားရေးတာဝန်ခံလုပ်ပြီး ညီလာခံတွင် မည်သည့် အလုပ်ကိုမှ တင်ပြနိုင်ခြင်း မရှိဘဲနှင့် ကျနော်ရေးသားပြီး နှုတ်ခမ်းမွှေး အောင်သန်းမှ ရိုက်နှိပ်ဖြန့်ချိသည့် “နီကာရာဂွာ ရွေးကောက်ပွဲ” “ဖိ လစ်ပိုင်ရွေးကောက်ပွဲ” စသည့် ဆောင်းပါးများကို ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီပုံနှိပ်၍ ပြည်တွင်းသို့ ABSDF ပြန်ကြားရေးဌာန အမည်ခံပြီး ဖြန့်ချိပေးခဲ့ခြင်းကို ၎င်းဌာနမှ လုပ်ပါသည်ဟု ဗြောင်လိမ်ခဲ့သူဖြစ်သည်။ တဖန် တတိယအကြိမ်ညီလာခံမှ မှတ်တမ်းများ၊ တိတ်ခွေများကို ပြန်ကြားရေးတာဝန်ခံအဖြစ် သိမ်းဆည်းသည့်အခါ “ဒါတွေက တနေ့ ရွှေတွေဗျ” ဟု ပြောသူမှာလည်း ခင်မောင်ဝင်းပင်ဖြစ်သည်။

ကျနော့်အနေနှင့် မီဒီယာသမားအားလုံးကိုမဆိုလိုပါ။ မီဒီယာသမားများထဲတွင် အခွင့်အရေးသမားများ၊ ရန်သူ့ ပုဆိန်ရိုးများကို သတိထားရမည်။ သူ့လူကိုယ့်ဘက်သမားများကို ပညာမျက်စိဖြင့် ကြည့်တတ်ရမည်ဟု သတိ ပေးလိုပါသည်။

ကျနော်တို့ ပြင်ပရှိမီဒီယာများတွင် လွတ်လပ်မှုအပြည့်ရှိပါသည်၊ မည်သူ့ကိုမျှ ကြောက်လန့်နေစရာမရှိ၊ အစိုးရ မှ ပြည်တွင်းမီဒီယာများကို ထိန်းချုပ်၍ မလွယ်။ ထိုကြောင့် BBC, VOA, RFA ညာနေသည်၊ မိုးလုံးပြည့် မုသာ ဝါဒီများ ... စသည်ဖြင့် နအဖက တိုက်ခိုက်လာပါသည်။ ကျနော့်အနေနှင့် နအဖနေရာမှနေ၍ စဉ်းစားလျှင် ၎င်း ပြည်ပမီဒီယာများကို ဘယ်လိုနှုတ်ပိတ်အောင်လုပ်မည်လဲဆိုလျှင် ပြည်တွင်းကဲ့သို့ အာဏာသုံး၍မရဖြင့် ဥ ပါယ်တံမျဉ်ဖြင့် မိမိလူများကို မီဒီယာထဲသို့ သွတ်သွင်းပေးရမည်ဟု ဆုံးဖြတ်ရမည်ဖြစ်သည်။

ကျနော် တက္ကသိုလ်ကျောင်းသားဘဝ ၁၉၇၃ ခုနှစ်လောက်က ကျနော့်သူငယ်ချင်းအိမ်တွင် အင်္ဂလိပ်စာကျူ ရှင်ပေးသည့် ကရင်ကျောင်းဆရာတယောက်ရှိပါသည်။ တနေ့တွင် ၎င်းက ဝမ်းသာအားရနှင့် သူ့ကို BBC တွင် တာဝန်ထမ်းဆောင်ရန် အရွေးခံရကြောင်း ပြောသဖြင့် ဝမ်းသာမိကြပါသည်။ ထိုသူသည် ရိုးသား၍ ကြိုးစား သော မြန်မာ-အင်္ဂလိပ်နှစ်ဘာသာကို ကြေညက်သောသူဖြစ်သည်။ အသံလွှင့်သမားကောင်း တယောက်ဖြစ် နိုင်သည့် အသံသြဇာနှင့်လည်းပြည့်စုံပါသည်။ သို့ရာတွင် နောင်သုံးလအကြာ ၎င်းအတွက် ပတ်စပို့ဗီဇာစောင့် နေစဉ် Reject လုပ်ခံရပါသည်။ အကြောင်းမှာ မြန်မာအစိုးရက ၎င်းသည် ကွန်မြူနစ်စနစ် ယုံကြည်သူတဦးဖြစ် သည်ဟုဆိုကာ သတင်းပေးသောကြောင့်ဟု သိရပါသည်။ BBC မှ အစိုးရ ထောက်ခံသူတယောက်ကို ရွေးယူ သွားခဲ့ပါသည်။

နောက်တချက်မှာ VOA တွင် အလုပ်လုပ်ခဲ့သူ ဝန်ထမ်းတဦးမှ ကျနော့်အား သူ့အမည်ကို မပြောရန် ဂတိခံ၍ ပြောကြာခဲ့မှုဖြစ်ပါသည်။ ၎င်းအား တနေ့တွင် VOA မှ တာဝန်ရှိသူက နေ့လည်ထမင်းစားခေါ်ယူခဲ့ပြီး အမေရိ ကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတဦးနှင့် ပေးတွေခဲ့သည်ဟုဆိုသည်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးက ၎င်းအား “အေး ... မင်း ရေးချင်တာရေး၊ အသံလွှင့်ချင်တာ လွှင့်ပေါ့ကွာ၊ ဒါပေမယ့် ငါတို့ထိခိုက် မယ်ဆိုတဲ့ဟာမျိုးကို ပေါ့ပြီးလွှင့်၊ အရေးကြီးတာကို အရေးမကြီးသလိုမျိုးပေါ့ကွာ၊ နားလည်တယ်မဟုတ်လား ဟု ပြောခဲ့ကြောင်း၊ နောက် မင်းလည်း တနေ့ မြန်မာပြည်ကို ပြန်မှာပဲ၊ လိမ်လိမ်မာမာ လုပ်ပေါ့ကွာ” ဟု ဆုံးမ သွားသေးကြောင်း ရင်ဖွင့်ခဲ့ပါသည်။ သူ့အနေနှင့် ဌာနမှုး (ယခုဌာနမှူးမဟုတ်) က ယခုလို သံအမတ်ကြီးနှင့် ရင်းနှီးကျွမ်းဝင်ကြောင်း တွေ့ရသဖြင့် Shock ရှော့ဖြစ်သွားသည်ဟု ဆိုပါသည်။

ထို့ကြောင့် သတင်းဌာန အထူးသဖြင့် မြန်မာပြည်သူ သန်း (၅၀) ကျော်ကို တချိန်တည်း သတင်းပေးနိုင်သော ရေဒီယိုအသံလွှင့်ဌာနများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် အနေအထားတွင် ရှိပါသည်။ BBC, VOA တို့သည် အစ ကနဦးတည်းက ဘက်မလိုက်သတင်းဌာနများဖြစ်သည်။ VOA သည် အမေရိကန် အစိုးရ ပေါ်လစီဘက်သို့ ယိမ်းရသည်ကို မငြင်းနိုင်ချေ။ RFA, DVB တို့သည် ဘက်လိုက်ကိုလိုက်ရမည်ဟု မြင်သည်။ ဘက်မလိုက်လိုလျှင် RFA, DVB မှ ထွက်ပြီး BBC, VOA သို့ ဝင်ကြပါဟု တိုက်တွန်းလိုသည်။ ဘက်မလိုက် ကိုယ်ပိုင်ထောင်လိုက ထောင်ကြပါ။ DVB, RFA နာမည်ခံပြီးတော့ စစ်အာဏာရှင်များကို တန်းတူအားပေးမှု မပြုသင့်ဟု ယုံကြည်သည်။ ရန်သူသည် ပြင်ပသတင်းဌာနများကို အင်အားသုံး၍ မထိန်းချုပ်နိုင်လျှင် အနုနည်း ဖြင့် အတွင်းလူများထည့်ပြီး လှိုက်စားနိုင်သည်၊ လှိုက်စားနေသည်ကို မျက်စိဒေါက်ထောက်ကြည့်ဖို့လိုသည်ဟု သတိပေးလိုက်ချင်ပါသည်။

နိဂုံအားဖြင့် ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နှင့် ဂျာမန်တိုက်နေစဉ် အင်္ဂလိပ်ဘက်မှ အသံလွှင့်သူများက လည်း မည်ကဲ့သို့ အောင်ပွဲခံနေသည်၊ ရန်သူ မည်မျှကျဆုံးသည်ကို ပြောနေသကဲ့သို့ ဂျာမန်မှလည်း ထိုနည်း တူပြောလျက် ဝါဒဖြန့်ချိကြသည်။ ယနေ့မြန်မာပြည်သည် ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့ စစ်ဖြစ်နေသည့် ပွဲဖြစ်သည်။ စစ်ပွဲမပြီးသေး၊ ကျနော်တို့အနေနှင့် စစ်အာဏာရှင်များကို တန်းတူအခွင့်အရေးပေးစရာမလိုဟု လုံးဝယုံကြည်သည်။ ရန်သူ့လူများ မီဒီယာသမားများထဲတွင် ဝင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်သည်။ ဒီမိုကရေစီရရှိရေးကို လိုလားသူများပီပီ အတိုက်အခံနိုင်ငံရေးသမားများကို ဇောင်းပေး၍ ၎င်း တို့အသံကို ဖော်ထုတ်ပေးနိုင်ဖို့လိုသည်။ ပုဂ္ဂိုလ်ရေးများဖြင့် ဆင်ဆာလုပ် ပိတ်ပင်နေခြင်းမျိုးကို ခွင့်မလွှတ်သင့် ဟု ယုံကြည်ပါသည်။ ဒါကြောင့် “ကြားနေရမယ့် အချိန်ရောက်ပြီလား မောင်တို့” ဟု မေးလိုက်ရပါကြောင်း ...။



**ထွန်းအောင်ကျော်**

Read More...

မီိဒီယာတွေရဲ့  တာဝန်ကျေပွန်တာတွေနဲ့ ဖြုတ်ထုတ်သတ်လုပ်မှ အေးမည့်မီဒီယာ

၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံအရ ဖြစ်ပေါ်လာမဲ့အစိုးရကို ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြလိုက်ပါသည်။ စစ်ရေးကျွမ်းကျင်သော သမ္မတကလွှမ်းမိုးချုပ်ကိုင်နေသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမို့ မည်သည့်နည်းနှင့်မျ လွှတ်တော်မှာအာဏာမရှိ။ ထိမ်းချုပ်၍မရ။ ထို့ကြောင့် တရားမျှတမှူမရှိသော ဥပဒေကို လက်ခံကျင့်သုံးသူများကို မင်းမဲ့စရိုက်များ (Anarchy )ဟု ပြောပြလိုက်သေးသည်။ ကျင့်သုံးသူကော လက်ခံသူကိုကော ထောက်ခံသူကိုရော မသိနားမလည်သူကိုပါ ပြောဆိုခြင်းဖြစ်သည်။ ယင်းဖွဲ့စည်းပုံအကြောင်းကို ဂဂဏဏသိရှိသောသူတို့က ပြောဆိုသောကြောင့်လည်း ဤဖွဲ့စည်းပုံကို အကောင်အထည်ဖေါ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံ ၊ သပိတ်မှောက်ကြဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာလိုက်ပါသည်။ ထို့ကြောင့် သပိတ်မှောက်ကြရမည့်အကြောင်းကိုလည်း ပြောကြဆိုကြရတော့မည်မဟုတ်ပါလေလား။ သည်တော့ရှင်းပြီဟုထင်သည်။ သို့သော်မရှင်းသေးပါ။ အင်မတန်စိတ်ပျက်စရာကောင်းသော အခြေအနေများတွင် ဒီမိုကရေစီအင်အားစုတွေ ပြည်ပမှာပါ ပြည်တွင်းမှာပါ စိတ်ရှုပ်ထွေးနေကြရပါသည်။ ယင်းမှာမီဒီယာသမားများကြောင့်ဖြစ်သည်။ ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲကို သပိတ်မှောက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်သည်ဟု ပြောဆိုနေကြသံမှာ တိတ်ဆိတ်နေရလောက်အောင်ဖြစ်နေရသည်။ ဤသည်မှာကောင်းသော လက္ခဏာမဟုတ်။ ကျွန်တော်ဗွီအိုအေ၏ ၀ပ်ဆိုက်ကိုဖွင့်ကြည့်ပါသည်။ တွေ့နေမြင်နေရသည်မှာ ၂၀၁၀ ပွဲစားလေလံတင်နေသူ ဒေါက်တာခင်ဇေါ်ဝင်းကို ဗျူးနေသော ရုပ်သံအစီအစဉ်ကို တွေ့နေရသည်။ ယင်းမှာဒီမိုကရေစီအင်အားစုများအား စိတ်ပျက်စေနေသော ပုံမျိုးဖြစ်နေသည်။ ဒေါက်တာခင်ဇေါ်ဝင်းမှာ စစ်အစိုးရ၏ရွေးကောက်ပွဲ့ကို ပြည်တွင်းတွင် သေသေချာချာ တင်ပြနိုင်သောသူဖြစ်ပါသည်။ သူ့မှာမည်သို့မျအန္တရယ်မရှိချေ။ အခြားသောဒီမိုကရေစီအင်အားစုများမှာ မီဒီယာမရှိ။

ရုပ်မြင်သံကြားမရှိ။ အင်မတန်မှအခက်အခဲရှိနေသော ဒီမိုကရေစီအင်အားစုတို့၏အခြေအနေကို လူတိုင်းသိရှိကြပါသည်။ ကျွန်တော်တို့မြင်ချင်တွေ့ချင်သည်မှာ ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကျားကျားယားယား အံကြိတ်ပြောဆိုနေသော အတိုက်အခံသမားများတွေကို မြင်ချင်တွေ့ချင်သည်။ ညောင်ညာညာနှင့် မျက်နှာသေပုံမျိုးဖြင့် မုဒိမ်းမှူကျူးလွန်ထားသော သူများလိုရုပ်မျိုးနှင့် တရားခွင်မှာ အစစ်ဆေးခံနေသောသူတွေလို ဒီမိုကရေစီအင်အားစု အတိုက်အခံသမားတွေကို မမြင်ချင် မတွေ့လို။ နောက်တခါမီဒီယာတွေ အသံလွှင့်ဌါနတွေမှာ ထုတ်လွှင့်ရေးသားမှူများကလည်း မည်သို့မျသတင်းအတိအကျ ခိုင်မာမှူမရှိဘဲ ရေးသားထုတ်လွှင့်ရေးသားနေကြသည်မှာ စိတ်ပျက်စရာဖြစ်သည်။ လူမျိုးစုများနှင့်ပါတ်သက်၍ ရွေးကောက်ပွဲများကို လွှင့်ချင်သည်ဆိုလျင် သန်းခေါင်စာရင်းနှင့် လူဝင်မှူကြီးကြပ်ရေးဌနနှင့်မှတ်ပုံတင်ဌါနသို့ ယင်းလူမျိုးစုများရှိမရှိ မမေးမစမ်း။ ပြည်နယ်တခုစီတွင် ရှိနေကြသော လူမျိုးစုနွယ်စာရင်းတွင် ပါဝင်ပါတ်သက်နေမှူရှိမရှိ။ သမိုင်းဆိုင်ရာအချက်အလက်များဖြင့် ရှိနေသောလူမျိုးစုနွယ်များဖြင့် ရပ်တည်နေသည့်လူမျိုးစုများဟုတ်မဟုတ် မစုံစမ်းမလေ့လာ၊ သမိုင်းပညာရှင်များ၊ သမိုင်းသုတေသီများကို မတိုင်ပင် ။ မလေ့လာ၊ လမ်းဘေးမှ ပေါက်ကရလေးဆယ် တွေ့နေသူများကို မေးမြန်းပြီး သတင်းတွေ ပေါ်ပင်ထုတ်လွှင့် ရေးသားနေကြသည်။ လွန်ခဲသောနေ့က RFA မှာကြားလိုက်ရပါသေးသည်။ ယင်းမှာယခုတကြိမ်တည်းမဟုတ်။

စင်စစ်အားဖြင့် မီဒီယာအသံလွှင့်ဌါနတွေကို စိတ်ပျက်နေသောသူတွေထဲမှာ ကျွန်တော်ပင်မဟုတ်။ အခြားသောပြည်ပရောက်နိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများလည်း မနည်းရှိကြသည်။ တနေ့ကမျိုးရန်နောင်သိမ်းမှ RFA မှာ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ မဲထည့်ရမည့်အကြောင်းများကို ဆောင်းပါးဖြင့် အသံလွှင့် နေခဲ့သည်။ ယင်းကို ကျွန်တော်က RFA အားကန့်ကွက်ခဲ့သည်။ ယင်းအကြောင်းနှင့် ပါတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းစာဆရာကြီး ၊ နိုင်ငံရေးအကျဉ်းသမား ဦးဝင်းတင်က ဘ၀နှစ်မျိုးနှင့် မီဒီယာ၏
ရပ်တည်ချက်များကို ပြောသွားသည်။ သည်တော့မည်သူကမှန်နေပါသနည်း။ RFA ကမှန်နေပါသလား။ မျိုးရန်နောင်သိမ်းကဘဲ မှန်နေပါသလား။ ကန့်ကွက်သူကျွန်တော်ကဘဲ မှန်နေပါသလား။ ဤမေးခွန်းကို ယခု မျိုးရန်နောင်သိမ်းကဘဲ မနေ့ကဘဲ အဖြေပေးသွားပါပြီ။ ယင်းမှာရွေးကောက်ပွဲကို သပိတ်မှောက်ရန်မှအပ အခြားရွေးစရာလမ်းမရှိတော့ပါဟု မျိုးရန်နောင်သိမ်းက ပြည်သူသို့ပန်ကြားချက်ထုတ်ပြန်သွားပါပြီ။ မျိုးရန်နောင်သိမ်းမှာ ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်ဖြစ်၍ ကျွန်တော်ပိုပြီးလေးစားသွားပါသည်။ ကွန်ဂရက်ကျူးလေးရှင်းပါ ကိုမျိုးရန်နောင်သိမ်းဟု ပြောဆိုလိုက်ရပါသည်။ နောင်ကိုကျွန်တော်တို့နှင့် လက်တွဲ၍ရသွားပါလိမ့်မည်ဟုထင်ပါသည်။ ဤသည်မှာမီဒီယာတွေ၏အခန်းကဏ္ဍတွေမှာ မည်မျအရေးကြီးနေပုံကို ဆောင်းပါးရှင်ကိုယ်တိုင်က နိုင်ငံရေးမီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါသည်။ ငါးသလောက်ပမာ ခေါင်းစဉ်ဖြင့် မီဒီယာတွေနှင့် ပါတ်သက်၍ ဆောင်းပါးတပုဒ်ကို ရဲဘောကျော်သန်းမှ ရေးသားသည်ကို ဖတ်ရပါသည်။ နိုင်ငံရေးစာပေအနှစ်သာရများစွာဖြင့် ရေးသားထားသော ယင်းဆောင်းပါးမှာ နိုင်ငံရေးလောက၌ သိထားသင့်သော လိုက်နာသင့်သော အချက်အလက်များဖြစ်နေသည်ကို တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် တော်လှန်ရေးတရပ်အောင်မြင်မူ၊ နိုင်ငံရေးအခန်းကဏ္ဍ
ကြီးမားမူ ၊ အရေးတကြီး ပါဝင်ပါတ်သက်ပုံကို ရေးသားတင်ပြထားသည်မို့ နိုင်ငံရေးစစ်တမ်းတခု ဖြစ်နေသည်ကိုလည်းတွေ့ရသည်။ ရဲဘော်ကျော်သန်း၏ ငါးသလောက်ပမာဆောင်းပါးကို ပုဂ္ဂိုလ်ရေးဆန်ကာ လူမူရေးအခြေခံပြီး တိုက်ခိုက်ရေးသားသော မောင်မောင်မြင့် ဆိုသူတယောက်က စာပေအဆင့်အတန်းမရှိပါဘဲ တုန့်ပြန်ရေးသားလာမူကိုလည်း တွေ့ရှိလာရသည်။ ထို့ကြောင့် ကျွန်တော့်မှာပြည်တွင်းတွင် ဤမောင်မောင်မြင့် ဆိုသူနာမည်ဖြင့် ရေးသားသောဆောင်းပါးများ၊၀တ္ထုများ၊ကဗျာများ၊ မဖတ်ဖူးခဲ့ရ၍ မောင်မောင်မြင့်ဆိုသောကလောင်နာမည်ကို မကြားဖူး။ ပြည်ပတွင်လည်း ၀တ္ထု၊ဆောင်းပါး၊ကဗျာ၊များကို မဖတ်ဖြစ်ဖူးသောအခါ စာပေအနုပညာလောကမှ ပုဂ္ဂိုလ်တဦးတော့ဖြင့် မဟုတ်တန်ရာဟု ထင်မိခဲ့ပါသည်။ ကျွန်တော်ပင်ညံ့လွန်း၍လားတော့ဖြင့်မဆိုနိုင်၊သို့သော် လူတကာလျောက်၍မေးကြည့်ရာ မြန်မာနိုင်ငံသတင်းသမဂ္ဂ -ဥက္ကဌလား- မသိ။ ပြောကြပါသည်။ ကျွန်တော်ကြားဖူးသိဖူးအကျွမ်းဝင်ဖူးသောသူမှာ စာရေးဆရာဇင်လင်းသာ ယင်းအဖွဲ့မှာရှိသည်ဟုတော့သိရပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့က စာပေအနုပညာအဖွဲ့ကို နယူးဒေလီတွင်ဖွဲ့ကြရာ ကျွန်တော်က ဥက္ကဌကြီး×အယ်ဒီတာချုပ်ရာထူးဖြင့် ရွေးကောက်ခံရ၍ တချိန်ကျလျင် အရှေ့ဘက်က ဖွဲ့စည်းထားသော မြန်မာနိုင်ငံသတင်းသမဂ္ဂနှင့် လိုအပ်လာလျှင် စကားစမည်ပြောရအောင် ဆရာဇင်လင်းကိုသာ သတိထားမိခဲ့ပါသည်။
ယင်းကြောင့်လည်းထင်ပါသည်။ မောင်မောင်မြင့်မှာ စာပေအနုပညာသမားအဆင့် မရှိသလို တုန့်ပြန်စာရေးသားရာမှာ အချင်းချင်းသူငယ်ချင်းကိုရေးသားသလို ရေးသားပေးပို့လိုက်ပါတော့သည်။ သူ့စာကို ဆောင်းပါးအဖြစ်လည်း မသတ်မှတ်နိုင်ကြောင်း ဖတ်သူတိုင်းက သိသာနိုင်ပါသည်။ ဤနေရာ၌ ကျွန်တော့်မှာအထူး ၀မ်းနည်းစရာဖြစ်ရပါသည်။ မီဒီယာတွေကို ဒီမိုကရေစီအင်အားစုများဘက်မှ ဖြစ်စေချင်သော အုပ်စုနှင့် ယခုအချိန်တွင် မီဒီယာဆိုတာကြားနေရမည်။ ကျင့်ဝတ်ရှိရမည်ဟု ပြောဆိုလာသံတွေက တဘက်ဖြစ်နေပါသည်။ ဆရာဦးဝင်းတင်ကလည်း ပြောနေပြီးပါပြီ။ မောင်မောင်မြင့်ဆိုသူမှာ ဆရာဦးဝင်းတင်၏ ရေဒီယိုဟောပြောချက်ကို နားမထောင်ဖြစ်၍ ဆန္ဒစောကာ တုန့်ပြန်စာရေးသားခြင်းဟု ထင်ရသည်။ သူ့တုန့်ပြန်စာမှာ ပုဂ္ဂိုလ်ရေးထိခိုက်စာရေးသားထားသည်ကို တွေရသည်။ မီဒီယာသတင်းစာဆရာများအနေဖြင့် မိမိတို့၏ အကြောင်းအရာများနှင့် ပါတ်သက်လျင် ဤသို့မရေးတတ်ကြမှန်း သိနိုင်ပါသည်။ ယခုမူအောက်တန်းကျလှပါသည်။ လူကြီးလူကောင်းဆန်ရန်လိုပါသည်။ မီဒီယာကျင့်စဉ်များ၊ မိမိတို့စည်းကမ်းချက်များကို ရေးသားလိုက်လျင်ပင် လုံလောက်နေပါလျက်ကယ်နှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချင်လွန်းမူအား နိမိတ်ပြစာကြောင်းများအရ သိသာနိုင်ပါသည်။ ဖြေရင်းချက်များမဖြစ်ဘဲ ပဋိပက္ခအသွင် ဆောင်သွားစေပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ကြိုးစားနေသည့်သူများအဖို့ ယင်းသို့လူတန်းစားမျိုး ရှိနေကြသည်ကို သိရှိရခြင်းမှာ အလွန် တန်ဖိုးရှိသွားပါပြီ။ ခက်နေသည်မှာ သူချည်းမဟုတ်။ အခြားသောမီဒီယာတွေ၊သတင်းစာတွေ ၊ ဂျာနယ်တွေ ထုတ်လုပ်ဖြန့်ချီနေကြသူတွေထဲမှာလည်း ၀တ္ထုတပုဒ်၊ ဆောင်းပါးတပုဒ်၊ ကဗျာတပုဒ် ၊ မရေးတတ်ဘဲ အယ်ဒီတာချုပ်တွေ၊ ဘာဥက္ကဌတွေ ညာဥက္ကဌတွေ ဆိုပြီး လုပ်နေသောသူတွေရှိနေလို့ကတော့ ဒီမိုကရေစီအင်အားစုတွေအဖို့မှာ လျာပေါက်အောင်ပြောသော်လည်း မဟုတ်တာတွေဖြစ်နေမှာကတော့သေချာပါသည်။ ယခုလည်း ABSDF ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ပြောသလို မီဒီယာသမားတွေက ကြားနေမည်ဆိုလျင် ဒီမိုကရေစီရေဒီယိုအသံလွှင့်ဌါနတွေမှာ မလုပ်ကြပါနှင့် ပြောတာကိုထောက်ခံရပေလိမ့်မည်။ RFA ,DVB တို့သည် ဒီမိုကရေစီအင်အားစုများအတွက် အင်မတန်အားကိုးရာ အားဆေးဖြစ်ပါသည်။ ကျွန်တ်ာသည်ပင် မိမိအသက်စည်းစိမ်၊ မိမိ မိသားစုတွေကို စွန့်လွှတ်ခဲ့ရမည်ကိုမကြောက် ။ သားမယားထောင်ကျခံရသည်ကို မစဉ်းစားဘဲ အထူးအားကိုးကာ RFA မှာ ဆောင်းပါးတွေရေးပို့ကာ နေပျော်ခဲ့ပြီးပြီ။ ယခုလည်းအသံလွှင့်ဌါနတွေကို အားကိုးနေတုံး ၊နားထောင်နေတုံး။ သို့သော် စိတ်ပျက်လာသည်မှာတော့ ကြာလာပါပြီ။ နားမထောင်ချင်တော့ပါ။ ကျွန်တော်တို့လို စိတ်ဓါတ်တွေအပြည့်နှင့် တက်ကြွသူများပင်လျင် စိတ်ဓါတ်တွေကျဆင်းကုန်ပြီဟုဆိုက အခြားသူများတို့ကို ဘာမှပြောစရာရှိပါမည်နည်း။ကျွန်တော်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အင်အားစုများဖြစ်ရာ ရေဒီယိုများမှ သပိတ်မှောက်ကြောင်းကိုဘဲ ပြောချင်သည်။ ဆွေးနွေးချင်သည်။ ရေဒီယိုနှင့် အင်တာဗျူးသောအခါ အခြားသောသူများနှင့် ပြုလုပ်နေတာတွေကို ကြားနေရပါသည်။ တခါတခါ ရွေးကောက်ပွဲကို ၀င်မည့်သူများနှင့် တချို့ မှာ ပြောဆိုဆွေးနွေးကြပါသည်။ ယင်းအချိန်ခါ ကျွန်တော်တို့မှာ အားမရလှ။ အဘယ့်ကြောင့် ဆိုသော် တဘက်လူကပြောနိုင်စွမ်းရှိချိန် သပိတ်မှောက်မည်ဟု ပြောဆိုသောသူမှာ ပျော့ညံ့သူများဖြစ်နေတာကို တွေ့နေရပါသည်။
ရေဒီယိုများနှင့် စကားအခြေအတင်ပြောကြသောအခါ ကျွန်တော်။ ကိုထွန်းအောင်ကျော်။ ရဲဘော်ကျော်သန်း၊ ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်တို့မှာ အထူးစကားပြောနိုင် အင်တာဗျူးပြောနိုင်သူများဖြစ်သည်။ သို့သော် ရွေးကောက်ပွဲသပိတ်မှောက်မည့်အကြောင်းများနှင့် မည်သည့်အခါမျ မပြော။ မဆွေးနွေး။ အင်တာဗျုးမပြုလုပ်ရ။ ဆိုးနေသည်က ကျွန်တော်တို့မှာ ဘလော့တွေ ။ ၀ပ်ဆိုက်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဆောင်းပါးရေးနေသူများဖြစ်ရာ မည်သည့်အတွက်ကြောင့်များ အင်တနာဗျူးတချက်တလေ မပြုလုပ်လေသနည်းဟုလည်း စဉ်းစားစရာဖြစ်နေပါသည်။ ဘလော့တွေကို ၀ပ်ဆိုက်တွေကို မီဒီယာရေဒီယိုသမားတွေကများ တမင်မဖတ်ကြလေသလားမသိ ။ တခါတခါ မြန်မာ့နိုင်ငံရေးသုံးသပ်သူ၊ မြန်မာ့နိုင်ငံရေးလေ့လာသူ၊ စစ်ရေးအကဲခတ် စသည်ဖြင့် အဓိပ္ပါယ်မရှိ နာမည်ကင်ပွန်းတပ်ကာ အင်တာဗျူးလုပ်နေသံတွေကိုလည်း ကြားနေရသည်မှာ တကယ့်နားမုဒိမ်းကျင့်ခံနေရသည်နှင့် တူနေသည်။ ရေဒီယိုတွင် သတင်းထောက်လုပ်နေသူများမှာလည်း တော်လှန်ရေးလောက နိုင်ငံရေးလောကမှ ထွက်လာသူများဖြစ်ရာ နိုင်ငံရေးသမားများကို အင်တာဗျူးပြုလုပ်ကြသည့်အခါ ဘက်လိုက်တာတွေကလည်းရှိနေသည်။ သူတို့ကိုထမင်းကျွေးထားသူများဆိုလျင်တော့ ဟုတ်ဟုတ်မဟုတ်ဟုတ် မိုက်ခွက်ကလေးတော့ ပေးပြီးသား။ အဆိုးဆုံးကတော့ အကယ်၍ဆန္ဒပြနေသည်ဟုဆိုလျင်ပင် ပြနေသည့်နေရာကိုမျှ မသွားဘဲ တယ်လီဖုံးကလေးဖြင့် မေးစမ်းပြီးအင်တာဗျူးလုပ်ကာ အသံလွှင့်ပေးနေခြင်းဖြစ်သည်။ ယင်းမှာအခန်းအနားကိုပြုလုပ်သူက မည်သူဆိုရုံမျနှင့် လုံလောက်နေသလို အင်တာဗျူးလုပ်ခြင်းနည်းလမ်းဖြစ်သည်။ ဆန္ဒပြနေရာမှာ ၊ အခန်းအနားတွေမှာ မည်သူကမည်သို့ စစ်အစိုးရနှင့် ပါတ်သက်၍ ပြောပြချက်များ၊ တင်ပြချက်များ၊ ပေါ်လီစီများကို အကောင်းဆုံးဟောပြောနေပေမင့် အခန်းအနားဆောင်ရွက်သူကိုသာ အင်တာဗျူးပြုလုပ်နေမူမှာ မြန်မာနိုင်ငံဒီမိုကရေစီလောကမှ ယဉ်ကျေးမူတရပ်ဖြစ်နေသည်။ သည်တော့ဆန္ဒပြပွဲတွေမှာ ၊အခန်ူအနားတွေမှာ အာပေါက်အောင်ပြောနေသောနိုင်ငံရေးသမားတို့မှာ ငယ်သံပါအောင်အော်ပြောနေသော်လည်း သူတို့အသံကို ပြည်သူတို့မကြားလိုက်ကြရ။ ပြည်သူတို့ကို စိတ်ဓါတ်ခွန်အား မပေးလိုက်ကြရ။ နိုင်ငံတကာသတင်းထောက်များမှာတော့ စစ်မြေ်ပြင်ဆင်းပြီး သတင်းထောက်များကို မြင်တွေ့နေရသည်။ နိုင်ငံကတကာလမ်းမပေါ်မှာ ကြွေးကြော်ဆန္ဒပြနေကြသော လူအုပ်စူရှိရာသို့ ကျွန်တော်တို့ဇတ်လိုက်ကျော် သတင်းထောက်များ၊ ဂျာနယ်သတင်းထောက်များမှာ နေအိမ်မှ၎င်း။ ရုံးခမ်းမှ၎င်း အင်တာဗျူးလုပ်ပြီး သတင်းတွေထုတ်လွှင့်နေကြသည်မှာ ရွံစရာကြီးဖြစ်ပါသည်။ ကိုထွန်းအောင်ကျော် ပြောသလို စစ်ဖြစ်နေချိန် ရေဒီယိုများမှ စစ်နိုင်သတင်းများကို လွှင့်ပေးနေရချိန်မှာ ကျွန်တော်တို့သတင်းထောက်တွေ မီဒီယာတွေ ဘယ်လိုလုပ်သင့်ပါသလဲဆိုတာ စဉ်းစားစရာဖြစ်လာပါသည်။ မှန်ပါသည်။ ကိုထွန်းအောင်ကျော် ပြောသလို ပြည်သူနှင့် စစ်အုပ်စုတို့စစ်ဖြစ်နေကြပါသည်။ ယင်းအချိန်မှာမီဒီယာတွေကို ကျွန်တော်တို့ဖက်က အားကိုးချင်ပါသည်။ ကျွန်တော်တို့ကပြောသော လွှင့်သော ရေးသော အကြောင်းအရာများကို ပြည်သူများအားသိစေချင်ပါသည်။ ကျွန်တော်တို့၏ပြည်သူများအား ပြောကြားရေးသားခြင်းကို ဘက်လိုက်ပြီးပြုလုပ်သင့်သည်။ အကယ်၍ဘက်မလိုက်လိုလျင် ဘက်မလိုက်သော သတင်းဌါနများ၊ဂျာနယ်များတွင် သွားလုပ်ကြခြင်းက ပို၍ကောင်းသည်လို့ထင်ပါသည်။ မည်သည့်အတွက်ဆိုလျှင် သူတို့ကိုယ်တိုင်ပင် နိုင်ငံရေးသမား တော်လှန်ရေးသမားဟု ဘက်နှစ်ဘက်စလုံးက ပြောဆိုနေကြ၍ဖြစ်သည်။ သည်တော့
မည်သည့်ဖက်သို့ယိမ်းကြမည်နည်း။ ဒီမိုကရေစီအတိုက်အခံအင်အားစုဖက်က ရပ်တည်လျင် ဒီမိုကရေစီအင်အားစုဘက်က ဆန္ဒကိုလေးစားဖို့လိုသည်။ ထို့ကြောင့် ဒီမိုကရေစီတိုက်အခံအင်အားစုတို့၏ မီဒီယာဘက်က ရပ်တည်ပေးရန်လိုသည်။ အကယ်၍တကယ့်မီဒီယာသူတော်စင်ပုဂ္ဂိုလ်တွေလို စစ်စစ်ပေါက်ပေါက် သတင်းထောက်တွေ လုပ်ကြပြီဆိုလျင် ဆန္ဒပြရာဆီသွာြး့ပီး သတင်းယူသတင်းပို့လုပ်ကြ၊ ဂျာနယ်သမားတွေကဆိုလျင်လည်း ၀တ္ထုတွေ၊ဆောင်းပါးတွေ၊ ကဗျာတွေ ၊ ရေးတတ်သူတွေက ဂျာနယ်တွေမှာ အယ်ဒီတာတွေလုပ်ကြ၊ သတင်းဌါနတွေမှာ တတ်သူက ဥက္ကုဌလုပ်ကြ။ သည်လိုမျိုးမီဒီယာတွေ ဖြုတ်ထုတ်သတ်လုပ်ရမည်ဖြစ်သည်။ သို့မဟုတ်က ကျွန်တော်တို့မှာကိုယ်ပြောချင်ရာကိုလည်းမပြောရ၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါဟု ပြည်သူတွေကိုလည်း မစည်းရုံးရ။ မတိုက်တွန်းရနှင့် ရွေးကောက်ပွဲကြီးပြီးစီးသွားသည်ကို လက်ပိုက်ကြည့်နေရမည့်ဘ၀ ရောက်နေပါပြီ။ စစ်အစိုးရမှာ မီဒီယာနှင့် ပါတ်သက်၍ ရေဒီယိုရှိပါသည်။ ရုပ်မြင်သံကြားရှိပါသည်။ သတင်းစာတွေရှိပါသည်။ ထို့ကြောင့် သူတို့မှာမီဒီယာအားကောင်းလွန်းလှပါသည်။ ကျွန်တော်တို့မှာ RFA,DVB နှစ်ခုသာအားကိုးစရာရှိပါသည်။ ဤနှစ်ခုက ပညာသည်ကြီးလုပ်နေတာကို ပညာသည်ကြီးတွေက လက်လျှိုခံကြပြီဆိုမှဖြင့် မီဒီယာကိစ္စကို ဖြုတ်ထုတ်သတ်လုပ်မလားဆိုသော ဒီမိုကရေစီမဲပေးစနစ်အရ ဆုံးဖြတ်ရတော့မည့် အနေအထားရောက်နေပြီလားဟု မေးခွန်းတွေထွက်ပေါ်နေပါပြီ။ ဤအသံကိုကြားနိုင်ကြပါစေဟုလို့တော့ ပြောချင်ပါ
ည်။


** ခိုင်အောင်ကျော် ( နယူးယောက် )**

Read More...

ဇာတ်ဆရာမောင်ဟိန်း ဘီလူးကြိမ်းမှားသလို…

**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**
ဗန်းမော်ဆရာတော်က စွယ်စုံပုံပြင် ဆရာကြီးလည်း ဖြစ်တော်မူပေသည်။ ဆရာတော်ကြီး စစ်ကိုင်းချောင်တွင် သီတင်းသုံးစဉ် ဆရာတော်၏ ကျောင်းတွင် တောထွက်ဦးပဉ္စင်းကြီးတစ်ပါး ရှိလေသည်။ တစ်နေ့တွင် ထိုဦးပဉ္စင်းကြီးသည် ကျောင်းသားငယ်တစ်ဦးအား ငေါက်ငမ်းနေသည်ကို ဆရာတော်ဘုရားကြီး ကိုယ်တိုင်ကြားလေသည်။ ထို့ကြောင့် ဦးပဉ္စင်းကို ချက်ချင်း ခေါ်ယူလေသည်။
“ငါ့ရှင် ခင်ကြီး၊ သင်္ကန်းဝတ်ထားပါလျက် ဘာကြောင့် ဆဲရေးတိုင်းထွာနေရသလဲ။ ရဟန်းဆိုတာ ခုလို ညစ်ညမ်းကြမ်းတမ်းစွာ ဆဲတာမဆိုထားနဲ့ ဆဲရေးခြင်းဆယ်ပါးတွင် တစ်ခုခုပါဝင်တာနဲ့ အပြစ်အာပတ်သင့်ပေတယ် ငါ့ရှင်”

**မှတ်ချက်။ ။ ဆဲရေးခြင်း ဆယ်ပါး**
၁။ ။ ဇာတိ- - သာကီယမျိုး၊ စဏ္ဍာလမျိုး စသည်ဖြင့် ဇာတ်ကို ထိပါး၍ ဆဲရေးခြင်း။
၂။ ။ နာမ- - အမည်နာမတို့ဖြင့် ထီပါးဆဲရေးခြင်း၊ (ဦးမျိုးယုတ်၊ ဦးဥာဏ်ပြူး စသည်)
၃။ ။ ဂေါတ္တ- - နေမျိုးနွယ် ပုဂံပြည်သဗညုဆက်၊ ရွှေစည်းခုံနွယ်စသည်ဖြင့် အနွယ်ကို ခိုက်၍ ဆဲရေးခြင်း၊
၎။ ။ ကမ္မ- - အလုပ်အကိုင်ကို ခွဲ၍ ဆဲရေးခြင်း၊
၅။ ။ သိပ္ပ- - အတတ်ပညာကို ခွဲ၍ ဆဲရေးခြင်း၊

၆။ ။ အာဗာဓ- - ရောဂါအနာကို ထိခိုက်၍ ဆဲရေးခြင်း၊ (မီးယပ်ပိန် မီးယပ်ခြောက်၊ ဖိုးကြာ၊ ရှိုက်ကုန်း စသည်)
၇။ ။ လိင်္ဂ- - အသွင်ကို စွဲ၍ ဆဲရေးခြင်း၊ (ဂျပု၊ လန်ဘား၊ ဂွတို စသည်)
၈။ ။ ကိလေသ- - ကိလေသာတစ်ပါးပါးအမည်ကို စွဲ၍ ဆဲရေးခြင်း၊ (တဏှာအိုး၊ ဒေါသကုမ္မာ၊ ဏှာဘူး စသည်)
၉။ ။ အာပတ္တိ- - အာပတ်အမည်ကို စွဲ၍ ဆဲရေးခြင်း၊
၁၀။ ။ အက္ကောသ- - နင့်အမေနှင့် နှမ၊ ခွေးမသား စသည်ဖြင့် ဆဲရေးခြင်း၊ (အယုတ်အမြတ်အားဖြင့် ၂- ပါးစီရှိသည်။ မဟော်သဓာ ဘုရားလောင်းစသည်ဖြင့် မတန်မရာနှိုင်းခြင်းသည်လည်း ထိပါးခြင်းတစ်မျိုးဖြစ်သည်။
၂။ ။ အာပတ်- - အာပတ် ၇- ပုံ ရှိသည်။ ရဟန်းတော်များအတွက် ၀ိနည်းပညတ်ချက်လာ အခြေခံဥပဒေကြီး ၇-ပုံ ရှိသည်။
ဗန်းမော်ဆရာတော်က ရှင်းလင်းမိန့်ကြားတော်မူသည်။
“သည်းခံတော်မူပါဆရာတော်ဘုရား၊ တပည့်တော်မှာ ရဟန်းဘောင်ဝင်တာမကြားသေးတဲ့အတွက် လူဝတ်ကြောင်ဘ၀တုန်းကလိုပဲ ဆဲရေးမိတာပါဘုရား။ ရဟန်းဆိုတာ သတိရတော့မှပဲ ကိုယ့်ကိုယ်ကို ကိုယ်ဆုံးမရပါတော့မယ် ဘုရား”
“ဦးပဉ္စင်းကြီး ခုပြောတာက ထန်းတောရွာက ဇာတ်ဆရာမောင်ဟိန်း ဘီလူးကြိမ်းမှားသလို ဖြစ်နေပြန်ပါပြီ”
“မောင်ဟိန်းအကြောင်း မိန့်ကြားတော်မူပါဦး ဘုရား”
အပါးရှိ ရဟန်းအပေါင်းတို့က တောင်းပန်လျှောက်ထားကြသည်။
“ထန်းတောရွာမှာ မောင်ဟိန်းဆိုတဲ့ လူတစ်ယောက်ရှိတယ်။ ရုပ်သေးဇာတ်ထောင်ပြီး အသက်မွေးဝမ်းကျောင်းပြုတယ်။ အခန်းအားလုံးကျရာ သေတ္တာမှောက်ကတတ်တယ်ပေါ့ကွယ်”
ဆရာတော်ကြီးက ရုပ်သေးဇာတ်ဆရာမောင်ဟိန်းအကြောင်းကို ဟောကြားလေသည်။
မောင်ဟိန်းသည် ဇာတ်ဆရာလည်း ဖြစ်သည်။ ကျရာဇာတ်ရုပ်ကို ကပြနိုင်သူ သေတ္တာမှောက်လည်းဖြစ်သည်။ တစ်ည အညာရွာတစ်ရွာတွင် ဇာတ်ကခိုက် ဖြစ်ပါသည်။
ထိုညက ၀ိဇယဇာတ်ထုပ်ကို ခင်းသည်။
ဇာတ်ဆရာ မောင်ဟိန်းလည်း ၄င်းအလှည့်မတိုင်သေးသဖြင့် မှိန်းစက်အိပ်ပျော်သွားသည်။ သန်းခေါင်သို့ရောက်လေပြီ။ ဘီလူးမင်းကြီး ထွက်ခန်းရောက်လေပြီ။
“ဆရာကြီး၊ ထ- ထ ဘီလူးမင်းကြီး ထွက်ခန်းရောက်ပါပြီ။”
တပည့်များက နှိုးသည်။
မောင်ဟိန်းလည်း အိပ်ရာမှထသည်။ အိပ်မှုန်စုံမွှားနှင့် သိကြားရုပ်ကို ဘီလူးရုပ် ထင်မှတ်ကာ ကိုင်ဆွဲ၍ ထွက်သည်။
“ငါဟဲ့ ယောင်္ကျား၊ ယက္ခဒီပအစိုးငယ်ရသည့်…”
မောင်ဟိန်းက ကြိုးဆွဲရာကနေ ဘီလူးကြိမ်းကြိမ်းလေသည်။
“အလို- ဆွဲတာက သိကြားရုပ်၊ ကြိမ်းတာက ဘီလူးကြိမ်းပါလား။ ဇာတ်ဆရာ ဆရာဟိန်းတော့ လွဲပြီ”
အောက်မှ ပွဲကြည့်ပရိသတ်၏ ဝေဖန်သံက ပေါ်ထွက်လာသည်။ ဤတွင်မှ ဇာတ်ဆရာက အရုပ်ကို ငဲ့ကြည့်လိုက်သည်။ သိကြားရုပ်မှန်းသိသည်။
“သယ်- ငါဟဲ့ ယောင်္ကျား သိကြားဘီဘူးအမည်ထူးနဲ့…”
အရုပ်နှင့်ကိုက်အောင် ချက်ချင်း ပြင်ရွတ်လေသည်။
“အင်း- ဦးပဉ္စင်းကြီးလဲ ရှေးလူဖြစ်စဉ်ကလို မှတ်ပြီး ဇာတ်ဆရာမော်ဟိန်းလို ဘီလူးကြိမ်းလွဲပုံရတယ်။”
ဆရာတော်၏ စကားအဆုံးတွင် အားလုံးပင် ရွှင်ပြုံးစွာ ရယ်မောကြလေသည်။


** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ)

Read More...

စိန်ခေါ်သံ

**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**

(၁)
နယ်စပ်နှင်းတောထဲက ခံပြင်းတက်ခေါက်သံ
စစ် တောင်နံရံကို ရိုက်ခွဲ
နှင်းထဲက စိန်ခေါ်သံ ငါတို့ အောင်ပွဲခံရမယ်။
(၂)
တိုင်းပြည်ရဲ့ နုပျိုပြီး အဘိုးတန်တဲ့
စပယ်ပွင့်လေးတွေ
အက်စစ်ခွက်ထဲနစ်နေ
(နဲနဲလေးမှ) ကမ္ဘာမကြေ။

(၃)
ဟောဒီ ဗမာပြည်မှာ
စစ်ဝါဒီတွေကို ဘုရားမထူးနိုင်သူ
လူထု တွေ ရှိနေခဲ့တယ်ဆိုတာ
အနာဂတ်စာရင်းမှာ ခပ်ရှင်းရှင်း မြင်ရမယ်။
(၄)
ယဉ်ကျေး ပြီးတော့ မြင့်မြတ်
ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့
ဟောဒီ အမိမြေနိုင်ငံသစ်မှာ
ဖက်ဆစ် ဆိုတဲ့ စကားလုံး
အတိတ် သုံးသာဖြစ်ရအံ့။



**ထက်မိုး**
(စစ်မြေပြင်အသီးသီးမှ ရဲဘော်များနှင့် ထောင်တွင်းမှ သူငယ်ချင်း ရဲဘော် ဒေါက်တာဇော်မင်းသို့)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)

Read More...

နောက်တစ်နေ့ မနက်စောစောမှာ အင်တာနဲ့ အက်သလက်တီကို -ချန်ပီယံလုကြပြီ…

**29Aug( ဥရောပစူပါဖလားချန်ပီယံလုပွဲ)**
မြန်မာစံတော်ချိန် 1:15 Am အင်တာမီလန်- အက်သလက်တီကိုမက်ဒရစ်

Read More...

Friday, August 27, 2010

လူကုန်ကူးခံရသည့်မြန်မာအလုပ်သမငယ်အားထိုင်းနှင်ံ့ မြန်မာ အထူးတပ်ဖွဲ့တို့ ကစုပေါင်းကယ်တင်

**(သြဂုတ် ၂၇၊ထိုင်းဘာသာပြန်-ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)**
မြန်မာအစိုးရ၏နယ်စပ်ဒေသလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးထောက်လှမ်းရေးအဖွဲ့ မှ ထိုင်းလူကုန်ကူးမှုတိုက်
ဖျက်ရေးအထူးတပ်ဖွဲ့ သို့ သတင်းပေးပို့ အကူညီတောင်းခံမှုကို ထိုင်းတာဝန်ရှိသူများကအရေးတယူချက်ခြင်း
ဆောင်ရွက်ခဲ့သဖြင့် လူကုန်ကူးခံရသည်မြန်မာအမျိုးသမီးငယ်တစ်ဦးအားကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းTV၃
လိုင်းမှ ယမန်နေ့ နှင့်ယနေ့ တွင်ထုတ်လွှင့်ပြသွားသည်။
လူကုန်ကူးခြင်းခံရသော အသက် ၂၇နှစ်အရွယ် မဖြူဖြူ၏ဓါတ်ပုံနှင့်သတင်းအချက်အလက်များအားမြန်မာ
လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ က၊ထိုင်းဘက်အခြမ်းသို့ ပေးပို့ ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းအစွန်ဆုံး ချမိုင်ကိုလုတ်ဘူးတာတွင်ကိုနိုင်ဆိုသူုကလာကြိုပြီး၊ဘန်ကောက်သို့ တက်မည့် အမြန်မမီးရထားတွဲအမှတ်၁၇၁တွင်စီးနင်းလိုက်ပါလာကြောင်းထိုင်းလူကုန်ကူးသူများကွန်ယက်ဖြန့် ကျက်လိုက်လံရှာဖွေခဲ့သည်။တွေ့ ရှိစဉ် ဖြူဖြူမှာ မူးဆေးထိ၍မူးဝေနေကြောင်း

တိုင်းခရိုင်၊နယ်မြေ၉အထူးထောက်လှမ်းရေး
များက သက်ဆိုင်ရာနယ်မြေရဲဌာနများသို့ အကြောင်းကြားခဲ့သည်။ နယ်မြေရဲဌာနများကလည်း မီးရထားတွဲလုံ
ခြုံရေးရဲများသို့ ဖြူဖြူနှင့်ပါတ်သက်သည့်သတင်းအချက်အလက်များအားအကြောင်းကြားခဲ့သည်။
ဆေးမူးနေသောဖြူဖြူကိုရထားပေါ်တွင်ထိန်းသိမ်းနိုင်ခဲ့ပြီးလူကုန်ကူးခံရသူများအားပြုစုစောင့်ေ၇ှာက်သည့်စခန်း
သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။တိုင်းခရိုင်နယ်မြေ ၉ အထူးထောက်လှမ်းရေးတပ်ဖွဲ့က ဇွန်လက မြန်မာအမျိုးသမီး၅ဦးအားလူကုန်ကူးမှုမှကူညီပေးခဲ့ကြောင်း၊များမကြာမီအချိန်အတွင်းကလည်း အသက်၁၅နှစ်အရွယ်မြန်မာမိန်းကလေးငယ်တစ်ဦးအားအားကူညီပေးခဲ့ကြောင်းဖေါ်ပြသွားသည်။
လူကုန်ကူးသည့်အဖွဲ့ များသည် ခွဲခြားမရနိုင်လောက်အောင် စာရွက်စာတမ်းအတုများအားလုပ်ဆောင်ပြီးထိုင်း
နိုင်ငံအတွင်းသို့ လူကုန်ကူးနေကြောင်း၊ထို့ အပြင် မူးယစ်ဆေးဝါးများလည်းသယ်ဆောင်နေကြောင်း၊ထိုသို့ အ
တုလုပ်ပေးသည့်နေရာဌာနတို့ အားအထူးစုံစမ်းလေ့လာနေကြောင်းအထူးတပ်ဖွဲ့ ကိုကိုးကား၍TV၃ကထုတ်လွှင့်ပြသသွားသည်။

Read More...

ဆယ်မိနစ်အတွင်းမှာ

**(နိုင်ငံတကာ ရယ်စရာဟာသများ)**
ပင်လယ်ကူးသင်္ဘောပေါ်က သင်္ဘောသားတစ်သိုက်ဟာ မြို့တစ်မြို့ရဲ့ ဆိပ်ကမ်းကို မကြာမီဆိုက်ကပ်ရတော့မှာဖြစ်လို့ အရမ်းပျော်ရွှင်နေကြတယ်။ ခွင့်မယူဘဲ တာဝန်ထမ်းဆောင်နေရတာ တစ်နှစ်လောက်ကြာသွားခဲ့ပြီ။
“လောင်းကြေးစားကြေးလုပ်မယ်ဟေ့… ဆိပ်ကမ်းပေါ်ရောက်ပြီး၊ ဆယ်မိနစ်အတွင်းမှာ ငါ့ရဲ့လက်မောင်း တစ်ဖက်တစ်ချက်ဆီမှာ မိန်းမချောလေးတစ်ယောက်ဆီ ရှိနေရမယ်ကွာ”
တစ်ယောက်က အော်ဟစ်ပြောဆိုကြွားဝါလိုက်တယ်။
“သွားစမ်းပါကွာ၊ ဒီလောက်မြန်အောင် ထိုးပေးနိုင်မဲ့ ဆေးမင်ကြောင် ဆရာမရှိသေးပါဘူး”

** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စရာဟာသများမှ)

Read More...

ဒဿဂီရိ...ရဲ့ ...လက်ကျန်ပုံရိပ်များ

27-8-2010
khun aung nge khun aung nge

Read More...

သွေးလွန်တုပ်ကွေးရောဂါ- သတိပြုစရာ…

** (Public Health) **
အခုလို မိုးကာလမှာ `ခြင်´ပေါက်ပွားမှုအများဆုံးဖြစ်တာမို့လို့ `သွေးလွန်တုပ်ကွေးရောဂါ´ဖြစ်ပွားနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာတဲ့ `ခြင်ကျား၊ ခြင်းပုန်း´စတာတွေအကိုက်ခံရတာကနေ ကူးစက်ခံရတာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ များသောအားဖြင့် အသက် (၁၅)နှစ်အောက် ကလေးတွေမှာ အဖြစ်များပေမယ့် အခုအခါမှာတော့ လူငယ်၊ လူကြီးမရွေး ဖြစ်လာခဲ့ပါတယ်။
** ခြင်ကိုက်ခြင်းကြောင့်ခံစားရတာတွေက **
ခြင်ကျား၊ ခြင်ပုန်း၊ အကိုက်ခံရလို့ =
`ရုတ်တရက်ဖျား
ခေါင်းကိုက်သဗျား
မျက်စိနောက်နား - နာကျင်သွား
ကိုယ်လက်တွေများ - ကိုက်ခဲသွား
ယား… ယား… ယား…´
ဆိုတဲ့ ဟစ်ဟော့(တ်)သီချင်းလေးအတိုင်းပါပဲဗျို့…။

ဆိုလိုတာက ခြင်ကိုက်ခံရသူဟာ - (၁) ရုတ်တရက်ဖျားမယ်၊ (၂) ၂-ရက်ကနေ ၇-ရက်အထိဖျားပြီး ခေါင်းကိုက်မယ်။ (၃) မျက်စိနောက်မှာ နာကျင်မယ်။ (၄) ကိုယ်လက်တွေကိုက်ခဲမယ်… စတဲ့ `ဝေဒနာ လူxxxx အတွေးလေမှာနှင်xxxx´ ဆိုသလို ဝေဒနာလူဖြစ်သွားမယ်လေ။ ဒါကြောင့် နီးစပ်ရာ ဆေးရုံ၊ ဆေးပေးခန်း ရှိရာဆီကို အမြန်ဆုံးချီတက်ကြဖို့ အကျိုးမျှော်လို့ နိုးဆော်လိုက်ရပါတယ် အရပ်ကတို့…။



** ရွာဆော်- ဂုရုဆန် **

Read More...

ထောင်ဝင်စာ…

**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**

**ဟောဒီထဲမှာ
သနပ္ပင်၊ မကျင်လှ၊ နွားဆေးလိပ်ကတထုပ်
ကျိုက္ကဆံတံဆိပ်နဲ့ မာရီဘီစကွတ်ပါမယ်
အာပြဲခြောက်ကြော်ပါမယ်
ငါးပိကြော်တထုပ်ပါမယ်။
အထုပ်အားလုံးက
ခပ်သေးသေး ခပ်ငယ်ငယ်ပါ။
ကြီးကြီးမားမားဆိုလို့
တခုဟာ မိသားစုမေတ္တာသာပါမယ်။
မိသားစုရဲ့ မေတ္တာတွေထည့်ထားတဲ့
ကျွတ်ကျွတ်အိတ်ကိုဆွဲကာ တိုက်ထဲပြန်လာတယ်။

**သံဇကာတခြားဘက်မှာ
ညီမလေးဟာ
အားပေးစကားတွေကို အရွယ်နဲ့မမျှ
ခေတ်နဲ့လိုက်လျှောညီထွေဖြစ်အောင်
ပြောနေလေရဲ့
၁၄-ရက်မှာတကြိမ်
အိမ်နဲ့ တွေ့ရခြင်းဟာ
အကျဉ်းသားတယောက်အတွက်
ခဏတာ လွတ်ရက်စေ့တာဖြစ်တယ်။

**ငါးပိကြော်ထုပ်လေး တဖြည်းဖြည်းသေးကျုံ့သွား
ပါလာသမျှအရေအတွက်တွေ
တဖြေးဖြေးလျှော့ပါး
နောက်တခါထောင်ဝင်စာလာနိုင်ပါဦးမလား။

**အမေ မမာတာတွေရော
နိုင်ငံတော်ကြီးတစ်ခုလုံးမမာတာတွေရော
ရဲဘော်တွေ မာတာတွေပါ
သံဇကာတဘက်ကြားက ကြားရမယ်။
၅ (ည) လို့ ထင်ထင်ရှားရှား
ရေးသားထားတဲ့ ကျွတ်ကျွတ်အိတ်ကိုဆွဲကာ
ထောင်ဝင်စာလာတွေ့ရတယ်ဆိုတာ
နိုင်ငံတော်ရဲ့ ဂုဏ်ပြုပွဲမှာ
ဆုတက်ယူတဲ့ခြေလှမ်းတွေပါ… လို့
အဲ့ဒီလိုမျိုး…
တန်ဖိုးထားပြောဆိုလဲ့
ခွန်အားရှိတဲ့စကားများ
အမှတ်တရဖြစ်ခဲ့ဖူးတယ်။
နွေးထွေးမှုတွေပါတဲ့
ထောင်ဝင်စာအထုပ်ဟာ
စစ်အုပ်စု ဆန့်ကျင်ရေးအတွက်
အားရှိတဲ့ ဓာတ်စာလို့
ကလေးစကားနဲ့
အလေးထားပြောခဲ့ဖူးတယ်။
ဒါတွေဟာ
တော်လှန်ရေးအတွက်
အသက်ဆက်ဖို့စိတ်ဓာတ်။ ။



**ထက်မိုး**
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)

Read More...

စာချိုးအကျော် ဗန်းမော်ဆရာတော်

**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**
ဗန်းမော်ဆရာတော်ကား စာချိုးဝါသနာထုံ၏။ ယင်းစာချိုးဝါသနာကြောင့် ထင်ရှားကျော်ကြားဘိသကဲ့သို့ ဒုက္ခဆင်းရဲခြင်းနှင့်လည်း ကြုံရ၏။ သို့သော် ဆရာတော်ကား လောကဓံကို မမှု၊ သာသနာ့တာဝန်ထမ်းဆောင်ခြင်းတွင် ယုတ်လျော့ အားလျော့ခြင်းမရှိပါ။
သာသနာရေး၊ တိုင်းရေးပြည်ရေးတို့တွင် အမှုမဲ့ အမှတ်မဲ့မနေ။ သူတစ်ပါးတို့၏ ကောင်းကျိုးဆိုးပြစ်များကိုလည်း ဆင်ခြင်သုံးသပ်လေ့ရှိသည်။
ပမာအားဖြင့် လွှတ်တော်ဝန်ကြီးများအကြောင်း ဆရာတော်စာချိုးပုံကို ဖော်ပြလိုပါသည်။
- ပခန်းမြို့ စား၊၀န်ရှင်တော်မင်းကြီးသည် လေနာရောဂါ စွဲကပ်နေသည်။ အမှုအခင်းများကို ကောင်းစွာ မဆုံးဖြတ်နိုင်။
- လောင်းရှည်မြို့ စားဝန်ရှင်တော်မင်းကြီးသည် မြင်ကွန်းမြင်းခုံတိုင်အရေးတွင် ဓားဒဏ်ရာရရှိခဲ့သဖြင့် ချည့်နဲ့နေသည်။ ထို့ကြောင့် အမှုအခင်းများကို ကောင်းစွာ မဆောင်ရွက်နိုင်။

- ခန်းပတ်မြို့ စားဝန်ရှင်တော်မင်းကြီးသည် နားထိုင်းသည်။
- ရေနံချောင်းမြို့ စားမင်းကြီးတစ်ပါးသာလျှင် သန်စွမ်းသည်။ ထို့ကြောင့် အုပ်ချုပ်ရေးပိုင်းတွင် လစ်ဟာမှုများ ရှိလာနိုင်သည်။
ယင်းကို ဆရာတော်က…

“ ပခန်းမှာလေ
လောင်းရှည်မှာဓားး
ခန်းပတ်မှာနား
ရေနံတစ်တိုင်ချင်းရယ်နှင့်
လင်းပါ့မလား…” ဟု စာချိုးကာ သတိပေးခဲ့ဖူးပါသည်။
ဆရာတော်သည် ကဗျာချိုးစာချိုးစရာရှိလျှင် မှန်သည်ထင်လျှင် ဆိတ်ဆိတ်မနေတတ်၊ ပြောတတ်ရေးတတ်သည်။ သုဓမ္မာ ဆရာတော်များကိုပင် အလွတ်မပေး၊ ရေးစရာရှိလျှင် ရေးတတ်လှ၏။
- သက်ပန်းဆရာတော်သည် သုဓမ္မာအစည်းအဝေးများတွင် တသမ်းသမ်းတဝေေ၀ နေတတ်သည်။
- လှထွေ ဆရာတော်ကား စာပေမတတ်ကျွမ်းလှ။
- စလင်း ဆရာတော်ကာ ကျမ်းဂန်တတ်သည်။ စာကြည့်ပျင်းသည်။ မူရင်းကို ပြန်မကြည့်ဘဲ နှုတ်လွတ်ဆိုတတ်သည်။
- နန္ဒာဘိဓဇဘွဲ့တော်ရ ပုခန်း ဆရာတော်သည် အပြောအဟောကောင်းသည်။ ပရိသတ်နှင့် တသောသော နေတတ်သည်။
- မဏ္ဍလာရာမတိုက်ပြည်ဆရာတော်သည် အမှုအခင်းများကို မစုံစမ်း မမေးမြန်းခင်ကပင် ငေါက်ငမ်းတတ်သည်။
ယင်းတို့ကို ဗန်းမော်ဆရာတော်က…
“မောင်သက်ပန်းက သမ်း ဝေေ၀
မောင်လှထွေမှာ စာပေနတ္ထိ
မောင်စလင်းမှာတော့
ပျင်းလွန်းလို့ စာမကြည့်
မင်းနန်မှာ
လူနှင့်နှောတယ်
သောသောညံ၏” ဟူ၍ စာချိုးခဲ့လေသည်။
ဗန်းမော်ဆရာတော်သည် ဗန်းမော်မှ ပြန်ရောက်ပြီးကတည်းက နေပြည်တော်သို့ ပြန်၍ မကြွ၊ စစ်ကိုင်းမြောက်ဘက် ပိတောက်ချောင်တွင် သီတင်းသုံးနေလေသည်။ စာပေပို့ချ တရားဓမ္မနှင့် မွေ့လျော်နေသည်။ အချိန်ရသည့်အခါများတွင် ရတနာထွဋ်ခေါင်ဆရာတော်ဘုရားကြီးကို သွားရောက်ကန်တော့လေ့ရှိပါသည်။
ရတနာထွဋ်ခေါင်ဆရာတော်ဘုရားကြီးသည် ဗန်းမော်ဆရာတော်ထက် သက်တော်ဝါတော်ပါ ကြီးသည်။ စာပေကျမ်းဂန် အလွန်နှံ့စပ်ကျွမ်းကျင်သည်။ ၀ိပဿနာ ဥာဏ်အမြင် ရှင်းပြီး တရားရနေသည့် ကိုယ်တော်ကြီးဖြစ်ပါသည်။ ဗန်းမော်ဆရာတော်က ထွဋ်ခေါင်ဆရာတော်ကို အလွန်လေးစားကြည်ညိုသကဲ့သို့ ထွဋ်ခေါင်ဆရာတော်ကလည်း ဗန်းမော်ဆရာတော်ကို ချစ်ခင်သည်။
ဆရာတော်ကြီး၏ ကျောင်းဝင်းအတွင်း မယ်သီလများလည်း သီတင်းသုံးနေထိုင်သည်။ ဤသည်ကို ဗန်းမော်ဆရာတော်က မနှစ်ခြိုက်ပေ။ ကျောင်းဝင်းအတွင်း ၄င်းတို့ရှုပ်နေသည်ဟု မြင်သည်။ ထို့ကြောင့် ဆရာတော်က စာချိုးခဲ့ဖူးလေသည်။
“စိပ်ပုတီးရယ်နဲ့
ရိပ်မှီးတဲ့ ထွဋ်ခေါင်
ဦးရွှေညို သီလချောရယ်နဲ့
တောခိုတဲ့ချောင်”
သီလရှင်တစ်ပါး၏ ကျောင်းဝင်းအတွင်းမှ ထိုစာချိုးကို ရသည်။ ဆရာတော်ကို စာချိုးအား ဆက်သည်။ ဆရာတော်က စာချိုးအား ဖတ်ပြီး ပြုံးတော်မူသည်။
ထွဋ်ခေါင်ဆရာတော်၏ ငယ်မည်မှာ ဦးညိုဖြစ်သည်။
စာချိုးကို ဖတ်ပြီးသည်နှင့် ဗန်းမော်ဆရာတော်၏ လက်ချက်မှန်း ချက်ချင်းသိသည်။ ထို့ကြောင့် အနီးရှိ ဦးပဉ္စင်းတစ်ပါးကို မိန့်သည်။
“ဒီစာချိုးရေးတာ ဗန်းမော်ဆရာတော်ပဏ္ဍိတပါပဲ။ ငါ့ကို အခြားပုဂိုလ်ဆို ဒီလို ဘယ်ရေးရဲပါ့မလဲ။ ငါ့ငယ်နာမည်သုံးရဲတာပဲ ချင့်တော့။ ကဲ- ကဲ- ဗန်းမော်ဆရာတော်ကို ဆွမ်းစားပင့်ချေ။”
“တင်ပါ့ ဘုရား”
ထွဋ်ခေါင်ဆရာတော်မှာသည့်အတိုင်း ဦးပဉ္စင်းလည်း ဗန်းမော်ဆရာတော်ထံ သွားရောက်၍ ဆွမ်းစားပင့်သည်။ ဗန်းမော်ဆရာတော်လည်း လိုက်၍ လာသည်။ ထွဋ်ခေါင်ဆရာတော်အား ရိုသေစွာ ကန်တော့သည်။
“ဗန်းမော်တို့ က စာချိုးတာတယ်ပြီး ၀ါသနာကြီးတာကိုး”
“မှန်လှပါ ဘုရား”
“စာချိုးကောင်းလို့ ဗန်းမော် အပို့ခံရတယ်။ ပြန်ရောက်တော့လဲ စာချိုးတုန်းပဲလား”
ထွဋ်ခေါင်ဆရာတော်က အေးချမ်းစွာပင် မေးသည်။ ဗန်းမော်ဆရာတော်က မည်သို့မျှ မဖြေ၊ ပြုံး၍သာနေတော် မူသည်။
“ဦးရွှေညို သီလချောရယ်နဲ့ တောခိုတဲ့ချောင်ဆိုတာ… သီလရှင် ချောချောကလေးတွေနဲ့ နေတယ်လို့ ဆိုလိုတာလား”
ထွဋ်ခေါင်ဆရာတော်က မေးသည်။
“တပည့်တော် ဒီလိုရည်ရွယ်ပြီး ရေးတာမဟုတ်ပါဘူး ဘုရား”
“ဘယ်လိုရည်ရွယ်ချက်များလဲကွယ့်၊ ရှင်းလင်း စမ်းပါဦး”
“တပည့်တော်ရဲ့ ဆိုလိုရင်းက ဆရာတော်ဘုရားကြီးရဲ့ သီလသိက္ခာတော်ဟာ အဖုအထစ်အငြိအစွန်း မရှိပါဘူး။ လုံးဝချောမွေ့ပါတယ်။ စင်းလုံးချော ချောနေပါတယ်လို့ ဆိုလိုရင်းပါဘုရား”
“သီလရှင် ချောချောကလေးတွေကို ဆိုလိုတာ မဟုတ်ဘူးပေါ့”
“သီလစင်ကြယ်ချောမွေ့တာကို ရည်ညွှန်းလိုရင်းပါဘုရား”
ထွဋ်ခေါင်ဆရာတော်ဘုရားက အသံထွက်အောင်ပင် ရယ်တော်မူသည်။ ဒေါသရိပ်မရှိ။ ဒေါသသံမပါ။
“တော်ပါတော့ ဗန်းမော်ရယ်၊ မူလဆိုလိုရင်းက ဒီလိုဟုတ်မယ်မထင်ပါဘူး။ ဟဲ- ဟဲ- ဟဲ။ ထ- ထ ဆွမ်းဘုဉ်းပေးကြရအောင်”
ထွဋ်ခေါင်ဆရာတော်ဘုရားသည် ဗန်းမော်ဆရာတော်အပေါ် မည်သို့မျှ ငြိုငြင်ခြင်းမရှိ။ ဆွမ်းအတူ ဘုဉ်းပေးကြသည်။ ထို့နောက် တရားဓမ္မကို စိတ်ဝင်စားစွာ ဆွေးနွေးနေကြသည်။ နေညိုမှပင် ဗန်းမော်ဆရာတော်လည်း ပိတောက်ချောင်သို့ ပြန်ကြွတော်မူသည်။ ဆရာတော်ကား စာချိုး ၀ါသနာထုံတော်မူစွ။



** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ)




Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)