ဂျာမနီနိုင်ငံမှ ဆရာဝန်များသည် HIV ပိုးရှိသူ လူနာတစ်ဦးအား ပင်မဆဲလ်လဲလှယ်ခြင်းဖြင့် အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့ သတင်းများက ဖော်ပြသည်။ တီမိုသီရေး ဘရောင်းဆိုသူသည် HIV ပိုးရှိသည့်အပြင် သွေးကင်ဆာ(Leukaemia)ရောဂါ ရှိသောကြောင့် ကင်ဆာဆေးများ သွင်းနေရသည်။ သူ့အား ပင်မဆဲလ်အစားထိုး ကုသခဲ့ရာသူ့အားပေးသွင်းသည့် ပင်မဆဲလ်လှူဒါန်းသူသည် ထူးခြားသောဗီဇတစ်မျိုးပါဝင်ပြီး အဆိုပါ ဗီဇသည် HIV ပိုးကို ရောဂါပြီးကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ အမှန်တကယ်၌ အဆိုပါပင်မဆဲလ်ပိုင်ရှင်တွင် အလွန်ရှားပါးသည့် ဗီဇချို့ယွင်းချက်တစ်မျိုးပါရှိပြီး ယင်းချို့ယွင်းချက်ကပင်လျှင် HIV ပိုးကို ရောဂါပြီးခြင်းဖြစ်သည်။ အဆိုပါ ဗီဇချို့ယွင်းမှုသည် တစ်ရာခိုင်နှုန်းမျှ သော လူဖြူများ၌သာ ပါရှိတတ်ပြီး လွန်စွာရှားပါးသည်ဟု ဆိုသည်။ အဆိုပါဗီဇ ချို့ယွင်းမှုမျိုးသည် လူမည်းများ၌ လုံးဝပါဝင်ခြင်းမရှိဟု ဆိုသည်။
http://www.swesonemedia.org

No comments:
Post a Comment