**Public Health**
ပူပြင်းတဲ့ ရာသီမှာ ဖရဲသီးကို ရေခဲသေတ္တာထဲထည့်ပြီး အေးအေးလေး စားချင်မှာပါ။
ဒါပေမယ့် ဖရဲသီးမှ အာဟာရဓာတ်တွေကို အပြည့်အဝရချင်ရင် ဖရဲသီးကို အအေးမခံဘဲ ဒီအတိုင်း အခန်းအပူချိန်မှာပဲထားပြီးစားတာ
ကသာ အကောင်းဆုံးပါ။
အမေရိကန်စိုက်ပျိုးရေးဌာနမှ သုတေသီ တွေက အပူချိန် ၇၁-၉၁ ဒီဂရီဖာရင်ဟိုက်မှာ ဖရဲသီးထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ လိုင်ကိုပင်းဟာ ဆက်လက်တိုးပွား ဖြစ်ပေါ်နိုင်ပါတယ်လို့ ဆိုပါတယ်။
လိုင်ကိုပင်းသာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေ လျော့နည်းခြင်းနဲ့ ဆက်စပ် နေပါတယ်။ ဖရဲသီးကို ၃၅ ဒီဂရီဖာရင်ဟိုက်မှာ ခုနစ်ရက်ကျော်ကြာအောင် အေးခဲထားရင် အာဟာရဓာတ်တွေ ဖြည်းဖြည်းချင်း လျော့နည်းဆုံးရှုံးသွားပါတယ်။
အကောင်းဆုံးကတော့ ဖရဲသီးလတ်လတ်ဆတ်ဆတ်ကိုဝယ်ပြီး အဲဒီနေ့မှာပဲ ခွဲစားလိုက် တာပါ။
**ဟင်းလေးအိုး**

No comments:
Post a Comment