ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 9, 2011

လူထုကျန်းမာရေး (မင်္ဂလာနံနက်ခင်းပါလို့ ပြုံးရွှင်စွာ နှုတ်ဆက်နိုင်အောင်)

>
**Public Health**

နံနက်ခင်းမှာ စိတ်အေးချမ်း လန်းဆန်းနေမယ်ဆိုရင် အဲဒီနေ့ တစ်နေ့လုံး ဖြစ်ပျက်လာမယ့် ကိစ္စအဝဝကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိနေမှာပါ။သင့်အတွက် နေ့သစ်တိုင်းရဲ့ အစဟာ မင်္ဂလာရှိနေစေဖို့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) “ဒီနေ့ လုပ်ရန်” အစီအစဉ်များ ချရေးပါ
အိပ်ရာကနေ နိုးထလာတဲ့ အချိန်မှာ အချိန်စက္ကန့် ၃၀ လောက်ပေးပြီး တစ်နေ့တာ လုပ်ရမယ့် ကိစ္စရပ်တွေကို ချရေးပါ။ ဒီလိုအစီအစဉ် ရေးဆွဲပြီးတဲ့ အခါမှာ လုပ်ရမယ့် အလုပ်တွေ တစ်ဝက်လောက် ပြီးသွားသလို ခံစားရပါလိမ့်မယ်။

(၂) နံနက်စာကို ကောင်းကောင်းစားပေးပါ
ကာဗိုဟိုက်ဒရိတ်နဲ့ အသားဓာတ် ရောထားတဲ့ အာဟာရရှိတဲ့ နံနက်စာနဲ့ နံနက်ခင်းကို စတင်ပေးပါ။ လေ့လာမှု တစ်ရပ်အရ နံနက်စာကို ကဖင်းဓာတ်ပါတဲ့ ကော်ဖီတစ်ခွက်နဲ့ တွဲမှီဝဲတာက စိတ်ခံစားမှုကို မြင့်တက်စေပြီး ဉာဏ်ရည်ကို ထက်မြက်စေကြောင်း သိရပါတယ်။

(၃) လေကောင်းလေသန့် ရှူရှိုက်ပါ
နံနက်ခင်းမှာ အိမ်အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်ကာ လေကောင်းလေသန့်ကို ရှူရှိုက်ပေးတာဟာ စိတ်လန်းဆန်းသွားစေပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို ပိုမိုမြှင့်တင် ပေးနိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း စတဲ့ လှုပ်ရှားမှုတွေကို အချိန် ငါးမိနစ်လောက်ပေးပြီး လေ့ကျင့်ပေးရုံနဲ့ ဒီအကျိုးကျေးဇူးတွေကို ရရှိလာမှာပါ။

(၄) သဘာဝ၏ အသံကို နားဆင်ပါ
နံနက်ခင်းမှာ ရေတံခွန်က ရေကျသံနဲ့ ငှက်ကလေးတွေရဲ့ တေးသံသာတွေကို နားဆင်ရတာဟာ ကြည်နူးစရာ ကောင်းလှပါတယ်။ နံနက်ခင်းမှာ ပြတင်းတံခါးကို ဖွင့်ပြီး သဘာဝ လောကကြီးရဲ့ တေးသံသာကို နားဆင်ကြည့်ပါ။ နေမြင့်တဲ့အထိတော့ အိပ်မနေနဲ့ပေါ့နော်။

(၅) ကောင်းသောအရာများကို အာရုံစိုက်ပါ
အိပ်ရာကနေ နိုးပြီးတဲ့နောက် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်တာကို ငါးကြိမ်ပြုလုပ်ပါ။ အဲဒီလို အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်ပြီး စိတ်ကို ကြည်နူးပျော်ရွှင်အောင် ထားရှိတာဟာ တစ်နေ့တာ လုပ်ဆောင်ရမယ့် အလုပ်တွေကို ဆုံးဖြတ်ချက် ချနိုင်စွမ်း မြင့်မားလာစေပါတယ်။

(၆) ချောကလက်ပူပူတစ်ခွက်သောက်ပါ
မကြာသေးခင်က လေ့လာမှု တစ်ရပ်အရ ဖလေဗိုးနွိုက်ပါဝင်တဲ့ ချောကလက်ပူပူ တစ်ခွက်ကို သောက်ပေးတာက စိတ်ခံစားမှု ကောင်းမွန်ကာ ကိန်းဂဏန်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။ ချောကလက် အညိုရောင်ကို အဆီထုတ်ထားတဲ့ နို့နဲ့ ရောဖျော်ပေးပါ။ နို့ထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်ဟာ သွေးတွင်း သကြားဓာတ်ကို နေ့ခင်းပိုင်း အချိန်အထိ တည်ငြိမ်နေစေပြီး အာရုံစူးစိုက်နိုင် စွမ်းအားကို ကောင်းမွန်နေစေပါတယ်။

(၇) သင့်ကိုယ်သင် သုံးသပ်ရန် အချိန်တို တစ်ခုပေးပါ
နံနက်ခင်းမှာ အိပ်ရာက နိုးနိုးချင်း အိပ်ရာထဲကနေ ခုန်မထလိုက်ပါနဲ့။ အိပ်ရာက နိုးလာချိန်မှာ သင့်ခန္ဓာကိုယ်ကို အာရုံစိုက်ပြီး ခန္ဓာကိုယ် တောင့်တင်းနာကျင် နေသလားဆိုတာ လေ့လာပါ။ အဲဒီနောက်မှာ အသက်ပြင်းပြင်း ရှူသွင်းရင်း အကြော ဆန့်ထုတ်ပေးပါ။ ဒီနည်းလမ်းဟာ တစ်နေ့တာကို ရင်ဆိုင်ဖို့ စိတ်နဲ့ ခန္ဓာက ခွန်အား ရရှိစေပါတယ်။

(၈) ဘဝမှာ ထူးခြားသော အောင်မြင်မှုများအတွက် ပီတိဖြစ်ပါ
သင့်ဘဝအတွက် ထူးကဲတဲ့ အောင်မြင်မှု ရလဒ်တွေအပေါ် ကျေနပ်ပျော်ရွှင်ပါ။ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အလုပ်မျိုးကို ရရှိနေသလား ဒါမှမဟုတ် တကယ်ကောင်းတဲ့ ဘဝအဖော်ကို ရရှိထားသလား . . စသဖြင့်ပေါ့။ အဲဒီလို ဘဝအပေါ် ကျေနပ်စိတ်ဝင်တာက ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းအပေါ် အားသစ်ခွန်သစ် ရရှိစေပါတယ်။
(၉) ပူရှိန်းရေနွေးငွေ့ ရှုပါ
ပူရှိန်းထည့်ထားတဲ့ ရေနွေးငွေ့ကို ရှူရှိုက်ပေးတာဟာ ခံစားမှု ကောင်းစေပြီး အာရုံ စူးစိုက်နိုင်စွမ်း ကောင်းစေကြောင်း သုတေသန ပညာရှင်တွေက ဆိုပါတယ်။ သကြားမပါတဲ့ ပီကေဝါးပေးတာကလည်း အလားတူ အာနိသင်မျိုးကို ရရှိစေတယ်လို့ ဆိုပါတယ်။
(၁၀) ပြုံးပါ
ပြုံးတာဟာ သင့်စိတ်ကို ပြောင်းလဲသွားစေတဲ့ ရိုးစင်းသလောက် ထိရောက်တဲ့ နည်းလမ်းလေးပါ။ ပြုံးတာဟာ နံနက်ခင်း ကာလကစပြီး တစ်နေ့တာလုံးအထိ စိတ်ကို ရွှင်ပျနေစေ ပါတယ်။

**မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)