စွန်းလွန်းဆရာတော်ဘုရားကြီးဟာ
ပတ်ဝန်ကျင်မှာ မြင်မြင်သမျှ၊
ကြားကြားသမျှ ကို တရားဟုသဘောထားသောကြောင့်
တရားရခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးဟောတဲ့တရားကား…
“ ဘုန်းကြီးဟာ လူဝတ်တုန်းက တောင်သူလုပ်ကိုင်
စားသောက်ခဲ့တာ ဖြစ်တော့
နွားကျောင်းရတာပေါ့။
နွားတွေဟာသူ့နွား၊ကိုယ့်နွားများစွာ စုရုံးမိတော့၊
အဲဒီအထဲမှာ နွားသိုးတွေလည်း ပါလာတာပေါ့၊
နွားသိုးတွေက တစ်ကောင်နဲ့တစ်ကောင်၊
တွန်းကြ၊ စောင်ကြ၊ နဲ့ တော်တော်ကြာကျတော့
ဝှေ့ကြတော့တာပေါ့။
ဝှေ့ကြလို့တော်တော်ကြာတော့ အားသာတဲ့နွားက
နိုင်ပြီး၊ အားနည်းတဲ့ နွားဟာ ပြေးလေရော၊
အဲဒီတော့ နွားနှစ်ကောင်ဟာ ဂျိုရင်းမှာ
သွေးစက်လက်နဲ့ခေါင်းကလေးတစ်ခါခါနဲ့နေကြတယ်။
“ ဒီတော့မှ အင်း…သူတို့နှစ်ကောင်ဟာ
ဒေါသချင်း ပြိုင်ကြတဲ့အကောင်တွေပဲ ”
ဒေါသဆိုတဲ့ တရားဟာ အခိုက်အတန့်ကာလ
ခဏကလေးသာ ဖြစ်တဲ့အာဂန္တုကဓာတ်ပဲ။
အစွမ်းကောင်းတဲ့ဝရမ်းပြေးနဲ့တူတယ်။
ဘယ်လိုပဲ ဝှေ့ကြပေမယ့်
ဒေါသကို ဘယ်သောအခါမှ မထိဘူး။
ဒေါသတည်းဟူသော ဝရမ်းပြေးကို လက်ခံတဲ့ခန္ဓာအိမ်ကသာ
ခေါင်းကလေးတစ်ခါခါနဲ့ကျန်ရစ်ခဲ့ပါကလား လို့
စဉ်းစားဆင်ခြင်ပြီး၊
နင် ဟိုအကောင်တွေလို ဒေါသတည်းဆိုတဲ့
ဝရမ်းပြေးကို လက်မခံပါနဲ့။
လက်ခံခဲ့ပါရင် ဟိုအကောင်တွေလို ဆင်းရဲဒုက္ခရောက်ရမယ်
အမှန်လို့ ဉာဏ်မျက်စိနဲ့မြင်အောင်ကြည့်ပါလေ
တပည့်ယောဂီတို့….”
ဆိုပြီးဆိုဆုံးမလေ့ရှိပါတယ်။
ဒေါသမှာ ဘာကောင်းတာရှိလဲ။
အချို့လူတွေက ဒေါသကိုဘဲ အကောင်းလုပ်ပြီး အားအားရှိ ဒေါသတွေ ထွက်ပြနေတတ်တယ်။
ဒေါသထွက်ရင်ကိုဘဲ အာဏာကြီးသယောင်ယောင်၊
သြဇာရှိသယောင်ယောင်၊
ယောင်နေတာပဲ ရှိပါတယ်။
တကယ်မဟုတ်ပါဘူး။
ဒေါသဟာ ကိလေသာတစ်မျိုးဖြစ်တယ်။
ကိလေသာကြီးသူဟာ ဥာဏ်နည်းသူဖြစ်တယ်လို့ ဆရာတော်တစ်ပါးကဟောတာကြားဖူးတယ်။
ဒါကြောင့် ဒေါသကြီးသူတိုင်းဟာ ဥာဏ်နည်းသူတွေလို့ပြောလိုက်ချင်ပါရဲ့။
ဒေါသထွက်လေတိုင်း သတိလေးကပ်ပြီး သိနေမယ်ဆိုရင်
ဥာဏ်နည်းသူမှ ဥာဏ်ကြီးသူ ဖြစ်အောင်လေ့ကျင့်ရာရောက်ပါတယ်။
ကဲ...လူကြီးမင်းကို ဥာဏ်ကောင်းသူဖြစ်တဲ့နည်းလမ်းတစ်ခု
လက်ဆောင်ပေးလိုက်ပါတယ်။
အခုပဲ လေ့ကျင့်လိုက်ရအောင်...။
လူကြီးမင်းကို စိတ်ချမ်းသာစေချင်လို့ပါနော်...။
Posted by A.W. Hein
**မေမွန်ကျော်**
/span>

No comments:
Post a Comment