ကိုယ့်မြန်မာပြည်နဲ့ ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ ပညာရေးအတွက်၊ စီးပွားရေးအတွက် ဒါမှမဟုတ် နိုင်ငံရေးဒါမှမဟုတ် တခုခုသော အကြောင်းနဲ့  နေနေရတဲ့ ကျမတို့ မြန်မာ လူမျိုးတွေ အများ အပြားရှိနေပါတယ်။ တနှစ်ပြီးတနှစ် ပိုပြီး များပြားလာနေပါတယ်။ ကိုယ့်နိုင်ငံ မဟုတ်ရင်တော့ နိုင်ငံခြားပါပဲ။ အကြောင်းကလဲ ကိုယ့်နိုင်ငံရဲ့  စီးပွားရေးနဲ့ တွက်မယ် ဆိုရင်တော့ အလေးသာနေ တယ်ဆိုတာ သိထားကြလို့ ဘဲလို့  ထင်ပါတယ်။။
လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးတို့ ဟာ နိုင်ငံရပ်ခြားမှာ ဘယ်လိုလုပ်ကိုင်နေထိုင် စားသောက်ရမလဲဆိုတာ မတွေးဘဲ မျက်စိကို ဇုံမှိတ်၊ အကြွေးတွေ တပွေ့ တပိုက်ကြီး ထားခဲ့ပြီး ကိုယ့်နိုင်ငံကလွဲရင်ပြီးရောဆိုပြီး ထွက်သွားကြတာများတယ်လို့ ထင် ပါတယ်။ တလုံးထဲရှိတဲ့ဗိုက် နဲ့ လောကီရဲ့ အဆောင်အယောင်၊ ပတ်ဝန်းကျင်တို့ရဲ့ မျက်နှာသာပေးမှုတွေကို ရယူလို မှုတို့ကြောင့်လည်း မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်း၊ ချစ်ခင်သူ သမီးရည်းစားတွေကို ကျောခိုင်းပြီး ထွက်သွားကြတာ။ ဒီလိုပြောနေပေမဲ့ ဒီလိုလူတန်းစားထဲမှာ ကျမလည်း အပါအဝင်ပါ။ ကိုယ်လို ချင်တဲ့ ငွေကြေးအတိုင်းအတာလေး ရရင်တော့ ကိုယ့်တိုင်းပြည်ကို ပြန်မယ်လို့တော့ ခေါင်းထဲ ထဲ့ထားခဲ့ပါရဲ့။ ဒါပေမဲ့လို့ အချိန်တွေကြာလို့ ဆွေးမြေ‡့ပြီး ပျောက်ကွယ် မှေးမှိန်သွားတဲ့အထဲပါ သွား သလားတော့ မသိပါဘူး၊ ခေါင်းထဲက အတွေးကိုတော့ ခုချိန်ထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ အဲတာထက်ကို လိုအပ်နေတဲ့ လောကီ အယောင်အ ဆောင်တွေကို ခုထက်ထိပြည့်အောင် မဖြည့်စွမ်းနိုင်သေးပါဘူး။ တလုံးထဲရှိတဲ့ ဗိုက် လဲ မပြည့်နိုင်သေးပါဘူး။ ကိုယ့်ရဲ့ လိုအင်ကို မဖြည့်နိုင်သေးသလို မိသားစုတွေ ရဲ့ လိုအင်ကိုလည်း မဖြည့်နိုင်သေးပါဘူး။ ပြန်လာတော့လို့ သူတို့ တဂျီဂျီ ခေါ်နေပေ မဲ့လို့ ကျမမပြန်နိုင် သေးဘူးလေ။ ဘာတွေ မက်မောနေတာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိပါတယ်။ ဒါပေမဲ့ အဖြေကတော့ ထွက်မလာပါဘူး။
နိုင်ငံခြားမှာနေရတာ ကောင်းတယ်လို့ ပြောတဲ့သူနဲ့၊ မကောင်းဘူးလို့ ပြောတဲ့သူတွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ဘယ်သူမှမမှားဘူးလို့ ပြောပါ ရစေ။ မမှားဘူးဆိုတာကလဲ ကျမက ဆုံးဖြတ်ချက်ပေးလို့မှ မရတာမဟုတ်လား။ လူတိုင်း အတွေးတွေကိုယ်စီနဲ့ရှိသလို အတွေးတွေကလည်း တယောက်တမျိုးဆို သလို နှစ်ယောက်ဆိုတော့လည်း နှစ်မျိုးဖြစ်သွားတာပေါ့။ သူပြောတာ သူမှန်တယ်။ ကျမပြောတော့ ကျမကမှန်တယ်လို့ ယူဆထားတာဆိုတော့ ကျမအနေနဲ့ အမှန် အမှား အဆုံးအဖြတ် ပေးစရာမလိုမယ် မထင်ပါဘူး။
နိုင်ငံခြားဆိုတာက သူများနိုင်ငံ၊ သူများလူမျိုး၊ သူများဓလေ့၊ သူများထုံးစံ တွေ၊ ပြီးတော့ သူများစကားတွေနဲ့ သူများလူမျိုးတွေ အများစုအုပ်စိုးထားတဲ့ နေ ရာပါ။ ဒီလိုနေရာမျိုးမှာ ကျမတို့မြန်မာလူမျိုးတွေဟာ ကိုယ်နဲ့နီးစပ်ရာအလုပ်၊ ကိုယ်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်တတ်တဲ့အလုပ် စသဖြင့် အဆင်ပြေသလို လုပ် ကိုင်နေကြတယ်။ လူမျိုးခြား၊ ဘာသာခြား၊ ဓလေ့ထုံးတမ်းတွေမတူတဲ့ သူတွေနဲ့ အတူ သူတို့စည်းမျဉ်းဘောင်အတိုင်း မချစ်သော်လဲ အောင့်ကာနမ်းဆိုသလိုဘဲ ကိုယ့်ရဲ့ရည်ရွယ်ချက်အတွက်၊ မိသားစုအတွက် သည်းခံပြီး ပင်ပင်ပန်းပန်း ရုန်းကန် နေကြပါတယ်။ ဒါပေမဲ့လေ ဘယ်နေရာရောက်ရောက် အလုပ်ကတော့ လုပ်နေရ မှာဘဲ။ ကျမအလိုချင်ဆုံးကတော့ လွတ်လွတ်လပ်လပ်နဲ့ အလုပ်ကို မခိုမကပ်လုပ် နေရရင် ကျေနပ်ပြီ။
ဘာလို့လဲ သိလား။ နိုင်ငံခြားမှာ နေရတာ ကောင်းတယ်လို့ ပြောတဲ့ သူနဲ့၊ မကောင်းဘူးလို့ ပြောတဲ့သူ စကားကိုပြန်ဆက်ရရင်တော့ ကျမအနေနဲ့တော့ ကောင်းတယ်။ ပင်ပန်းတာတော့ မှန်ပါတယ်။ ဘယ်မှာနေနေ ပင်ပန်းတာပဲ။ ရွာမှာနေတုန်းကလဲ ပင်ပန်းတာပဲ။ ဒါပေမဲ့ လွတ်လပ်တယ် မဟုတ်လား။ ပြီးတော့ နိုင်ငံခြားက မြန်မာပြည်လိုမဟုတ်ဘူးလေ၊ လိုချင်တာဝယ်လို့ရတော့ ပင်ပန်းတာ ကပင်ပန်းတာပေါ့။ မိန်းကလေးဆိုတော့ အလှအပ ကြိုက်တယ်။ အဝတ်အစား ကြိုက်တယ်။ ဖြစ်ချင်တာလေးတွေ ဖြစ်လိုက်ရရင် ပင်ပန်းတာတွေ ခဏတော့ မေ့ သွားရပါတယ်။
မကြိုက်တာတွေလည်း ဒုနဲ့ဒေးပါ။ သူများနိုင်ငံမှာ လူမျိုးခြားနဲ့ဆက်ဆံ နေရတဲ့အတွက် စိတ်ပျက်စရာတွေ ရှိပါတယ်။ သူတို့နားလည်အောင် မရှင်းပြချင် ပေမဲ့ မခံချင်စိတ်နဲ့ ရှင်းလင်းပြောပြနေရတာကို စိတ်ပျက်မိတယ်။ သိပ်အရေးပါတဲ့ ကိစ္စဆိုရင်လဲ ရှင်းပြမနေပါဘူး။ သူတို့က မေးတတ်ပါတယ်။ မြန်မာလူမျိုးတွေ ဆန် ကောင်းကောင်းစားကြရဲ့လား။ ဆန်ကတမျိုးထဲ ရှိတယ်မဟုတ်လား။ ဆန်က မာ တယ်မဟုတ်လား။ သေးသေး ရှည်ရှည်တွေလေ- သိပ်မာတာပဲ -ဆိုပြီး၊ ဘာ မဟုတ်တာတွေကို အကြိမ်များစွာမေးတတ်တယ်။ တခါမဟုတ်ဘူး။ အကြိမ်ပေါင်း များစွာ ဒီစကားကို ပြောတယ်၊ ကြာတော့ ကျမလည်း စိတ်မရှည်တော့ဘူး။ အတတ်နိုင်ဆုံး မျက်နှာကိုပြုံးထားပြီးတော့ --- ဆန်ကောင်းတယ်၊ မကောင်း ဘူးဆိုတာ ကိုယ့်အကြိုက်နဲ့ဘဲဆိုင်တယ် မဟုတ်လား။ တမျိုးထဲရှိတယ် ဆိုတာ တော့ ဒီမှာနေပြီး ဆုံးဖြတ်တာတော့ မကောင်းပါဘူး။ ငါက လယ်သမား သားသမီး ကမွေးလာတဲ့သူပါ။ ဆန်ဘယ်နှစ်မျိုးရှိတယ်တာ ငါအသိဆုံးပဲ။ နင်တို့လူမျိုးက နင်တို့ပစ္စည်း၊ နင်တို့လူမျိုး ကောင်းကြောင်း၊ တော်ကြောင်း၊ တတ်ကြောင်းအရမ်း ပြောတာဘဲ၊ လူသားအရမ်းပီပါပေတယ်လို့ ပြန်ပြောလိုက်ပါတယ်။ ဘာမှ အရေးမ ပါတာကို စကားကြုံလို့ပြောလိုက်တာပါ။ ဒါပေမဲ့ အခုလို ရေးလိုက်ရတော့ နဲနဲ ပေါ့သွားတယ်။
ဘယ်သူမှ မမှားပါဘူး။ နိုင်ငံခြားမှာနေရလို့ ကောင်းတာ၊ မကောင်းတာ ပြောရရင် ကုန်မှာတောင်မဟုတ်ဘူး။ ကျမအတွက် ကောင်းတာရှိပါသေးတယ်။ ပီပီပြင်ပြင် ကောင်းတယ်လို့ ပြောချင်ပါတယ်။ သူတို့လူမျိုးတွေက သူတို့လူမျိုး ကောင်းကြောင်း ပြောနေတာ မဆန်းပေမဲ့ ကျမတို့မြန်မာလူမျိုးတွေ တပါးနိုင်ငံမှာ နေပြီး ကိုယ့်အချင်းချင်း မကောင်းကြောင်းတွေ ပြောနေတာတော့ အဆန်းအကျယ် ပါပဲ။ အထူးသဖြင့် နိုင်ငံရေးလုပ်နေပါတယ်လို့ ပြောနေကြတဲ့ အသိုင်းအဝိုင်းမှာ မြင်တွေ့နေရပါတယ်။ ကျမ နိုင်ငံရေးသမားမဟုတ်ပါဘူး။ စာရေးဆရာလည်း မဟုတ်ပါဘူး။ သာမန် လူတစ်ယောက်ပါ။ ကျမရေးတဲ့စာကို လူအများသိအောင် လို့ မေးလ်အုပ်စုတခုထဲဝင်ပြီး ပို့လိုက်တဲ့အချိန်ကစပြီး မသိချင်တာတွေ၊ မမြင်ချင် တာတွေ သိမြင်လာရတော့ စာထပ်ရေးမိပြန်ပါတယ်။ အားတဲ့ရက်ဆိုရင် ရှော့ပင် ထွက်မယ်။ ရုပ်ရှင်ကြည့်မယ်၊ စားသောက်မယ်၊ အိပ်မယ်။ ပြီးရင် သူငယ်ချင်း ဒါမှမဟုတ် မိသားစုနဲ့ အဆက်အသွယ်လုပ်မယ်။ ဒါတွေက ကျမပုံမှန်လုပ်နေကျ ဖြစ်စဉ်တခုပါပဲ။ ကွန်ပြူတာ မကျွမ်းကျင်ပေမဲ့ အဝေးမှာရှိနေတဲ့ မိသားစုနဲ့ဆက် သွယ်ဖို့ အဆင်ပြေဆုံးနည်းလမ်းတခု တွေ့ထားတော့ အရမ်းအဆင်ပြေပါတယ်။ အင်တာနက်အဆက်အသွယ်လေး ကောင်းနေတော့ ငွေကြေး အကုန်အကျသက် သာသလို အသံလဲကြားရ၊ လူလဲမြင်ရတော့ အင်တာနက်ကို အရမ်းသဘောကျ တယ်။ ဘယ်သူတွေက ဘာအတွက် အင်တာနက်ကို သုံးသလဲတော့ မသိဘူး။ ကျမတော့ အင်တာနက်ကို စွဲနေပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရည်းစား ထက်တောင် စွဲနေပါပြီ။
မေးလ်အုပ်စုတခုထဲ ဝင်မိထားတော့ အင်တာနက်ဟာ ကောင်းသလို မကောင်းဘူးလို့လဲ ဆိုရဦးမယ်။ အာရပ်ကမBာက အပြောင်းအလဲတွေဟာ အင် တာနက်၊ အခုကျမအသုံးပြုနေတဲ့ ဖေးစ်ဘွတ်ခ်ကြောင့် အောင်မြင်မှုတွေ၊ အ ပြောင်းအလဲတွေ ဖြစ်ကုန်တယ်လို့လဲ သိရပါတယ်။ နိုင်ငံရေးသမားတွေအတွက် တော့ လက်နက်ကောင်းကြီးတခုလို ဖြစ်သွားတယ်လို့ တွေးမိပါတယ်။ ကမBာရဲ့ ဘယ်နေရာမှာ ရှိနေတဲ့သူကိုဘဲဖြစ်ဖြစ်၊ သတင်းအချက်အလက်တွေကို စက္ကန့်ပိုင်း အတွင်း အသိပေးနိုင်တယ်၊ သိစေနိုင်တာသိရပါတယ်။ အာရပ်ကမBာက ကျပ်တည်း မှုတွေကို ရပ်တန့်သွားအောင် အင်တာနက်က လုပ်ပေးလိုက်တယ်၊ အာဏာရှင် တွေ ကျဆုံးသွားအောင် အင်တာနက် စွမ်းဆောင်လိုက်တယ် စသဖြင့် နိုင်ငံရေး နယ်ပယ်က ပြောဆိုနေတာ မြင်တွေ့နေရပါတယ်။
အင်တာနက်နဲ့ ကျမတယောက် မိသားစုနဲ့ မြင်တွေ့ပြောဆိုနေရလို့ ပျော်နေသလို မြန်မာနိုင်ငံရေးသမားတွေလည်း ပြောလို့မဆုံးအောင် ဖြစ်နေကြပါ တယ်။ သူတို့တွေ အားကျမှာပေါ့။ အားကျလည်း ကျစရာပါပဲ။ မြန်မာ ပြည်မှာက အဖြစ်ဆိုးတွေ အကြိမ်ကြိမ်တွေ့ခဲ့ရပြီး အောင်မြင်မှုမှ မရခဲ့ကြတာမဟုတ်လား။ အခုလို အင်တာနက်နဲ့ အဆက်အသွယ်နဲ့ အောင်မြင်မှုတွေ တခုပြီးတခုဆက် တိုက်လိုဖြစ်နေတော့ အားတက်သရောနဲ့ အင်တာနက်နဲ့ ပိုပြီးအသုံးချလာ ကြတယ်။
မြန်မာပြည်မှာတော့ အကန့်အသတ်တွေ အများကြီးနဲ့ အင်တာနက်ကို အသုံးပြုနေကြရပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေကတော့ လွတ်လွတ်လပ်လပ်နဲ့ သုံးစွဲနေကြတာပါ၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးစတဲ့ နေရာအမျိုးမျိုးမှာ အင်တာနက်ကို တွင်တွင်ကျယ်ကျယ်ကြီး အသုံးချနေကြသလို၊ အသုံးလည်း တည့် နေပါတယ်။ အသုံးတည့်တာ မတည့်တာတော့ အသုံးချတဲ့သူနဲ့ဘဲ ဆိုင်မှာပါ။ ကောင်းတဲ့နေရာမှာ အသုံးချပြီး အလုပ်ဖြစ်နေတဲ့သူ ရှိသလို၊ မကောင်းတဲ့နေရာ မှာသုံးပြီး အလုပ်ဖြစ်နေတဲ့သူတွေ ရှိမှာပါ။
ကျမအနေနဲ့ စိတ်မကောင်းတာက ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်အသိုင်း ဝိုင်းအချင်းချင်းကြားမှာ မကောင်းကြောင်းတွေ၊ အပုပ်အဟောင်းတွေ ရေးသား၊ ပြောဆိုပေးပို့နေကြတာ စိတ်မကောင်းစရာပါ။ ပိုလို့ဆိုးတာက သက်ဆိုင်သူဆီ ကိုသာ ရေးသား၊ ပြောဆိုပေးပို့တာ မဟုတ်တာကတော့ စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ အားလုံးကို သိစေချင်တယ်ရင်လို့ ရေးသားပေးပို့တယ်ဆိုရင်တော့ ရည်ရွယ်ချက် ကြီးမားတယ်လို့ ဆိုရမှာပါပဲ။ ကြီးမားတဲ့ ရည်ရွယ်ချက်အထဲမှာ တော့ ကောင်းခြင်း၊ မကောင်းခြင်း အကျိုးကျေးဇူးတွေ တသီတတန်းကြီး ပါနေမှာ ပါ။ စိတ်ပျက်စရာ ကောင်းသလောက် ကြောက်စရာလဲ ကောင်းပါတယ်။ အင်တာ နက်ကို တချို့က ကိုယ်ရေးကိုယ်တာအတွက် အသုံးချတယ်။ ကိုယ်ရေးကိုယ်တာ ဆိုတာကတော့ ကိုယ်ပိုင်အကျိုးစီးပွားအတွက်၎င်း ပါပါလိမ့်မယ်။ တချို့ကတော့ အုပ်စုအတွက် အသုံးချတယ်။ အုပ်စု (အများ) ဆိုတာကတော့ စီးပွားရေးအတွက် ပါသလို နိုင်ငံရေးနဲ့ တခြားကိစ္စတွေ အများကြီးပါတယ်လို့ ထင်မြင်မိပါတယ်။
လွတ်လပ်ရေးအတွက် အင်တာနက်ကို အသုံးချလို့ အောင်မြင်မှုတွေ ရနေတဲ့အချိန်မှာ ကိုယ့်အချင်းချင်း ထိုးနှက်နေတာဟာ အသုံးချပုံများ လွဲမှားနေသ လားလို့ပါ။
“မြို့တက်လာတဲ့တောသား စင်ပေါ်တင်ပေးလိုက်သလိုဘဲ” ဆိုတဲ့ စ ကားတခုရှိပါတယ်။ ဒီစကား ကျမအရမ်းမုန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ဟာ တောသူဖြစ်နေလို့ပါပဲ။ အရှက်အကြောက်မရှိ၊ မမြင်ဘူး၊ မကိုင်တွယ်ဘူးတာ တွေ့ပြီး အလိုက်ကန်းဆိုးမသိ လွပ်လပ်ချင်တိုင်း လွတ်လပ်နေတယ်လို့ ဒီစကား ရဲ့အဓိပ္ပါယ်ကို ကျမနားလည်ထားတာပါ။ ဥပမာပေးထားကို မကြိုက်ပေမဲ့ ကျမ ကိုယ်တိုင် သုံးရပါတော့မယ်။
ကျမလေးစားရတဲ့ နိုင်ငံရေးလောကမှ နိုင်ငံရေးသမားများတို့ရှင့်၊
အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးချခွင့်ရတဲ့ နေရာရောက်ပြီး အသုံးချခွင့်ရတိုင်း အသုံးမကျတဲ့နည်းလမ်းတွေမှာ အသုံးချနေတာတော့ “မြို့တက် လာတဲ့တောသား စင်ပေါ်တင်ပေးလိုက်သလိုဘဲ”ဆိုတာနဲ့ တူနေသလိုပါပဲလို့ တောသူ ကျမ နေခြည်က ပြောပါရစေ။
မိမိ အသုံးကျခြင်း၊ မကျခြင်းနဲ့
အကျိုးရှိခြင်း၊ မရှိခြင်းဟာ မိမိရဲ့ အသုံးချတတ်ခြင်းနဲ့ ဆိုင်ပါတယ်။
** နေခြည်**
http://www.facebook.com/?ref=home#!/profile.php?id=100001433914279

No comments:
Post a Comment