လမ်းဘေးတစ်နေရာမှာ စွန့်ပစ်ထားတဲ့ ၆ပေ-သံချောင်းအဟောင်းတစ်ချောင်းကို လူ ၄ဦးက အခုလို တစ်ယောက်တစ်မျိုးဆီ တွက်ကိန်းထုတ်ကြသတဲ့။
ပထမလူ ။ ။ (ခေါင်းကိုငြိမ့်ပြီး) အင်း၊ ဒီသံချောင်းဘယ်နှပြားမှ တန်ဖိုးမရှိပေမဲ့ တံခါးမင်းတုပ်လုပ်ရောင်းလိုက်ရင် ငါးရာကျပ်လောက်တော့ တန်မှာပဲ။
ဒုတိယလူ ။ ။ (လက်ကိုပိုက်၍) အဲ၊ငါ ဒီသံချောင်းကို အရည်ကျိုပုံလောင်းပြီး ၀က်အူလှည့် ၁၀ချောင်းလုပ်ရောင်းရင် ကျပ်ငါးထောင်နီးပါးလောက် မြတ်မှာပဲ။
တတိယလူ ။ ။ (မေးကိုပွတ်ကာ) အွန်း၊ ဒီသံချောင်းကို အဆင့်ဆင့်ဓါတ်ပြုသန့်စင်ပြုပြင်ပြီး ရေစိုခံစတီး ၅ခုလုပ်ရောင်းရင် ကျပ်ငါးသောင်းအတိ ရမှာပဲ။
စတုတ္ထလူ ။ ။ (တွန့်ရုံပြုံးလျက်) :-)၊ ငါ ဒီသံချောင်းကို ရွှေရည်စိမ်ပြီး ရွှေချောင်းဆိုပြီး ငအတွေဆီ လိမ်ရောင်းရင် ငါတော့ အတော်ကို ထောမှာပဲ။
**By သူရ သက်ဦး**
မေမွန်ကျော်

No comments:
Post a Comment