
“ဘေးကို ဘေးကို ဒီမှာရေကူးမလို့ ...”
............................................
**လောကကြီးမှာ
သတ္တလောက ထီးနဲ့မ
လူ့ဘောင်လောက ကျားနဲ့မ
ဘာမှလည်းမထူးဆန်းဘူး၊
**ဒါပေမယ့် ကျားနဲ့မ
ကွဲပြားတာကရုပ်နဲ့စိတ်
ယောင်္ကျားကယောင်္ကျားရုပ်သွင် မြင့်မြတ်စိတ်ထား
မိန်းမကတော့ပျောင်းနွဲ့ခန္ဓာ နူးညံ့စိတ်ဓါတ်၊
**ယောင်္ကျားတို့ဘာဝ
တည်ကြည်ဖြောင့်မတ်
စကားဆိုနှစ်ခွန်းမပြော
ပေးထားတဲ့ကတိတည်ကြတယ်၊
**မိန်းမတို့ဘာဝ
ဆန့်ကျင်ယောင်္ကျား
ဘယ်အရာမှလည်းအလေးအနက်မထား
မိန်းမတို့သဘာဝပဲလေ၊
**ဒီတင်ဘာကသေးလို့လဲ
ဦးနှောက်လည်းမတူ
တွေးခေါ်မြော်မြင်ပုံကအစ
အစစသာတာကယောင်္ကျား
ဘာမှလည်းမထူးဆန်းဘူး၊
**ထူးဆန်းတာက
ယောင်္ကျားကယောင်္ကျားနဲ့မတူ
မိန်းမလိုမိန်းမရနဲ့
ဖာသည်မပါးစပ်လို ခုတမျိုးတော်ကြာတမျိုး
သံတံတားမပုနဲ့တတန်းထဲရှိတော့မပေါ့
မိန်းမနဲ့တူသောယောင်္ကျား၊
**ဥဒါဟရုန်ကိုဆောင်တော့
မင်းတို့ခေါ်ခေါ်နေတဲ့
စစ်အာဏာရှင်ဆိုတာ
အာဏာပိုင်ဆိုတာ
စစ်အစိုးရဆိုတာလေ၊
**တို့ကတော့ဒီလိုမသုံး
တိုင်းပြည်ဘုံးဘုံးလဲတောင်
အချုပ်အခြာအာဏာ
ငါတို့မှာသာတည်တံ့ခိုင်မြဲရေး
အာဏာဆွဲဆန့်ဖို့ ရုဒ်မက်ပ်နဲ့ဘမ်းပြ
မသိတာလိုက်လို့
မင်း...တိုက်မှရမယ်
စစ်(အစိုးရ)မဟုတ်ဘူး
အကြမ်းဖက်ဖိနှိပ်နေတဲ့
တရားမ၀င်အာဏာလုယူထားသူတွေ၊
**နောက်တခုထူးဆန်းတာက
မိန်းမတော့မိန်းမ
ခန္ဓာမိန်းမ စိတ်ဓါတ်ယောင်္ကျား
ဒါမျိုးကအရှားသားလား
တော်ရုံယောင်္ကျားလာမယှဉ်နဲ့
သံမဏိစိတ်ဓါတ်
တိုင်းပြည်နဲ့လူမျိုး
လင်သေမှာတောင်ဂရုမစိုက်
အမျိုးအတွက်အကျိုးဆက်
ရှေ့တန်းကတိုက်ပွဲဝင်
အာဇာနည်ဗိုလ်ချုပ်သမီး
ငါတို့ရဲ့ဒုတိယခေါင်းဆောင်
ဒို့ဘယ်လိုခေါ်ကြမလဲ။
**နေမင်းထိန်ထိန်**
၂၈-၁၂-၂၀၀၁
“ဘေးကို ဘေးကို ဒီမှာရေကူးမလို့ ...”
............................................
**လောကကြီးမှာ
သတ္တလောက ထီးနဲ့မ
လူ့ဘောင်လောက ကျားနဲ့မ
ဘာမှလည်းမထူးဆန်းဘူး၊
**ဒါပေမယ့် ကျားနဲ့မ
ကွဲပြားတာကရုပ်နဲ့စိတ်
ယောင်္ကျားကယောင်္ကျားရုပ်သွင် မြင့်မြတ်စိတ်ထား
မိန်းမကတော့ပျောင်းနွဲ့ခန္ဓာ နူးညံ့စိတ်ဓါတ်၊
**ယောင်္ကျားတို့ဘာဝ
တည်ကြည်ဖြောင့်မတ်
စကားဆိုနှစ်ခွန်းမပြော
ပေးထားတဲ့ကတိတည်ကြတယ်၊
**မိန်းမတို့ဘာဝ
ဆန့်ကျင်ယောင်္ကျား
ဘယ်အရာမှလည်းအလေးအနက်မထား
မိန်းမတို့သဘာဝပဲလေ၊
**ဒီတင်ဘာကသေးလို့လဲ
ဦးနှောက်လည်းမတူ
တွေးခေါ်မြော်မြင်ပုံကအစ
အစစသာတာကယောင်္ကျား
ဘာမှလည်းမထူးဆန်းဘူး၊
**ထူးဆန်းတာက
ယောင်္ကျားကယောင်္ကျားနဲ့မတူ
မိန်းမလိုမိန်းမရနဲ့
ဖာသည်မပါးစပ်လို ခုတမျိုးတော်ကြာတမျိုး
သံတံတားမပုနဲ့တတန်းထဲရှိတော့မပေါ့
မိန်းမနဲ့တူသောယောင်္ကျား၊
**ဥဒါဟရုန်ကိုဆောင်တော့
မင်းတို့ခေါ်ခေါ်နေတဲ့
စစ်အာဏာရှင်ဆိုတာ
အာဏာပိုင်ဆိုတာ
စစ်အစိုးရဆိုတာလေ၊
**တို့ကတော့ဒီလိုမသုံး
တိုင်းပြည်ဘုံးဘုံးလဲတောင်
အချုပ်အခြာအာဏာ
ငါတို့မှာသာတည်တံ့ခိုင်မြဲရေး
အာဏာဆွဲဆန့်ဖို့ ရုဒ်မက်ပ်နဲ့ဘမ်းပြ
မသိတာလိုက်လို့
မင်း...တိုက်မှရမယ်
စစ်(အစိုးရ)မဟုတ်ဘူး
အကြမ်းဖက်ဖိနှိပ်နေတဲ့
တရားမ၀င်အာဏာလုယူထားသူတွေ၊
**နောက်တခုထူးဆန်းတာက
မိန်းမတော့မိန်းမ
ခန္ဓာမိန်းမ စိတ်ဓါတ်ယောင်္ကျား
ဒါမျိုးကအရှားသားလား
တော်ရုံယောင်္ကျားလာမယှဉ်နဲ့
သံမဏိစိတ်ဓါတ်
တိုင်းပြည်နဲ့လူမျိုး
လင်သေမှာတောင်ဂရုမစိုက်
အမျိုးအတွက်အကျိုးဆက်
ရှေ့တန်းကတိုက်ပွဲဝင်
အာဇာနည်ဗိုလ်ချုပ်သမီး
ငါတို့ရဲ့ဒုတိယခေါင်းဆောင်
ဒို့ဘယ်လိုခေါ်ကြမလဲ။
**နေမင်းထိန်ထိန်**
၂၈-၁၂-၂၀၀၁
No comments:
Post a Comment