**Public Health**
ကလေးတစ်ယောက်ဟာ အနီးမှာရှိတဲ့ အရာဝတ္ထုတွေကို ကောင်းကောင်း မြင်ရပေမယ့် အဝေးမှာရှိတဲ့ အရာဝတ္ထုတွေကို မသဲကွဲတော့ဘူး ဆိုရင် အဝေးမှုန်နေပါပြီ။ မျက်မှန် တပ်ဆင်ပေးတာက အကောင်းဆုံး ကုသနည်းပါ။
**အဝေးမှုန်ရသော အကြောင်းရင်း**
ကလေးတစ်ယောက် အဝေးမှုန် ဖြစ်ရတာဟာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် အများဆုံး ဖြစ်နိုင်ပါတယ်။ မိဘမျိုးရိုးက အဝေးမှုန်တာကို ဆက်ခံရရှိပြီး ကလေးရဲ့ နေ့စဉ် ပြုလုပ်နေတဲ့ တီဗီကြည့်တာ၊ မျက်စိအာရုံ စူးစိုက်ရတာတွေ လုပ်ဆောင်ရတာကြောင့် အဝေးမှုန်သွားစေဖို့ ပိုမို အားပေးပါတယ်။
**မျိုးရိုးဗီဇ ဆက်နွယ်မှု**
မိဘနှစ်ပါးစလုံး အဝေးမှုန်နေပါက မွေးလာမယ့် ကလေးမှာ အဝေးမှုန်ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်
**ပတ်ဝန်းကျင် ဆက်နွယ်မှု**
မွေးစမှာ ပေါင်မပြည့်တဲ့ ကလေးတွေ၊ လမစေ့ ကလေးတွေ၊ မျက်လုံး ရေတိမ်ရောဂါရှိတဲ့ ကလေးတွေ၊ မျက်လုံး အာရုံစူးစိုက်ပြီး လုပ်ဆောင်မှုများတဲ့ ကလေးတွေက သာမန် ကလေးတွေထက် အဝေးမှုန် ဖြစ်နိုင်ခြေ ပိုများပါတယ်။
**သတ်မှတ်နိုင်သော အချက်များ**
အဝေးက အရာဝတ္တုတွေကို အားစိုက်ကြည့်ရတာ၊ အရာဝတ္တုတွေကို အနီးကပ် ယူကြည့်မှ မြင်ရတာ၊ အရာဝတ္တုတွေကို ကြည့်ဖို့ မျက်နှာကို ဘေးစောင်းလှည့်ပြီးမှ ကြည့်ရတာ၊ ကျောင်းနေအရွယ် ကလေးတွေ ကျောက်သင်ပုန်းမှာ ဆရာမ ရေးထားတာတွေကို မမြင်ရတာတွေ ရှိပါက အဝေးမှုန်တာကို သံသယ ရှိသင့်ပြီး သင့်ကလေးကို ဆရာဝန်နဲ့ ပြသပါ။
**ကာကွယ်နည်း**
- စာဖတ်တဲ့အခါ အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ ကြည့်ပါ။
- အနီးကပ် အာရုံစူးစိုက်ပြီး လုပ်ရတာတွေမှာ ၃၀-၄၅ မိနစ်လောက် လုပ်ပြီးတိုင်း ၅-၁၀ မိနစ်လောက် မျက်စိကို အနားပေးပါ။
- စာအုပ်နဲ့ မျက်စိကို အနည်းဆုံး တစ်ပေ အကွာထားပြီး စာရေးစာဖတ် လုပ်ပါ။
- ကွန်ပျူတာနဲ့ ၅၀ စင်တီမီတာလောက် ကွာပြီး ကြည့်ပါ။
- လဲလျောင်းပြီး စာမဖတ်ပါနဲ့။
- မျက်စိကို ဖိစီးမှု ပိုဖြစ်စေတဲ့ သေးငယ်ပြီး မှိန်နေတဲ့ စာလုံးတွေကို ဖတ်တာကနေ ရှောင်ကြဉ်ပါ။
**ဟင်းလေးအိုး**

No comments:
Post a Comment