ပန်းသီးတွေက
ဒီနေ့မှ ပိုချို
ပြေးလမ်းကလေးက
ဒီနေ့မှ ပိုဖြူးနေတော့တယ်
ဟေး..နေကောင်းလား
တခါမှမသိခဲ့ပဲ ပြုံးရယ် နှုတ်ဆက်လိုက်လို့
အံ့သြလှည့်ကြည့်ရင်း
ဗိုင်းခနဲ လဲကျသွားတဲ့ စကိတ်စီးသမားလေးကို
အားပါးတရ အော်ရယ်လိုက်တယ်
ကန်ရေပြင်ထဲကို ခဲလုံးကြီးကြီးနဲ့
ဘယ်သူမှမသိအောင်ပစ်ပေါက်
ပါးစပ်ကိုအုပ်ပြီး ထွက်ပြေးတယ်
တွန်းလှည်းထဲက ကလေးလေးကို
အဖေအမေတွေအလစ်မှာ
ပါးကိုလိမ်ဆွဲလိုက်သေးတယ်
ကောင်းကင်ကြီးညိုလာတာကိုတောင်မှ
ပေါင်ချိန် မျက်နှာမည်းလို့
ရယ်ပွဲဖွဲ့မိသေးတယ်
လေကလေးတချွန်ချွန်နဲ့
နံနက်ခင်းလေးကို
ဖုန်ခါတိုက်ချွတ်ရင်း
ဆရာချစ်ရဲ့ လင်္ကာဒီပက
ရာဝဏ ကိုသတိရမိသေးတယ်
သီတာ သီတာ...
မင်းရဲ့ နူးညံ့ချိုသာမှုကို
ကိုယ်တသက် မမေ့တော့ပါ.. တဲ့
အဲသလိုဆန်ဆန်ပေါ့
နူးညံ့မှုတခုဟာ
လောကကြီးကို အရောင်ပြောင်းသွားစေကြောင်း
ဘယ်တော့မှ မဟောင်းတဲ့ နိယာမတွေရှိတယ်။
**ပန်ဒိုရာ**
ပန်းသီးတွေက
ဒီနေ့မှ ပိုချို
ပြေးလမ်းကလေးက
ဒီနေ့မှ ပိုဖြူးနေတော့တယ်
ဟေး..နေကောင်းလား
တခါမှမသိခဲ့ပဲ ပြုံးရယ် နှုတ်ဆက်လိုက်လို့
အံ့သြလှည့်ကြည့်ရင်း
ဗိုင်းခနဲ လဲကျသွားတဲ့ စကိတ်စီးသမားလေးကို
အားပါးတရ အော်ရယ်လိုက်တယ်
ကန်ရေပြင်ထဲကို ခဲလုံးကြီးကြီးနဲ့
ဘယ်သူမှမသိအောင်ပစ်ပေါက်
ပါးစပ်ကိုအုပ်ပြီး ထွက်ပြေးတယ်
တွန်းလှည်းထဲက ကလေးလေးကို
အဖေအမေတွေအလစ်မှာ
ပါးကိုလိမ်ဆွဲလိုက်သေးတယ်
ကောင်းကင်ကြီးညိုလာတာကိုတောင်မှ
ပေါင်ချိန် မျက်နှာမည်းလို့
ရယ်ပွဲဖွဲ့မိသေးတယ်
လေကလေးတချွန်ချွန်နဲ့
နံနက်ခင်းလေးကို
ဖုန်ခါတိုက်ချွတ်ရင်း
ဆရာချစ်ရဲ့ လင်္ကာဒီပက
ရာဝဏ ကိုသတိရမိသေးတယ်
သီတာ သီတာ...
မင်းရဲ့ နူးညံ့ချိုသာမှုကို
ကိုယ်တသက် မမေ့တော့ပါ.. တဲ့
အဲသလိုဆန်ဆန်ပေါ့
နူးညံ့မှုတခုဟာ
လောကကြီးကို အရောင်ပြောင်းသွားစေကြောင်း
ဘယ်တော့မှ မဟောင်းတဲ့ နိယာမတွေရှိတယ်။
**ပန်ဒိုရာ**
No comments:
Post a Comment