ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, September 3, 2011

ဖေဖေပြောသောပုံပြင်

>
` အံ့သြစရာကြီးနော်အဖေ ဆင်ကြီးကို ဂဠုန်ကြီးက ချီသွားတာ´´
`` အေးသား....အခုဒီကိစ္စကို မင်းနဲ့အဖေ နှစ်ယောက်စလုံးတွေ့တယ်၊ ဒါပေမဲ့ မင်းဘယ်သူ့ကိုမှ ပြန်မပြောနဲ့.....ကြားလား´´
`` အာ....အဖေကလဲ ဘာလို့လဲဗျ၊ တကယ်ချီသွားတာကြီးကို.....´´
`` မပြောနဲ့ဆို မပြောနဲ့ကွာ မင်းကို နောက်မှ ငါရှင်းပြမယ်၊ ဒီအတိုင်းရှင်းပြရတာ နဲနဲ ခက်နေတယ်၊ လူတွေ ယုံမှာ မဟုတ်ဘူး´´
``...................´´ သားဖြစ်သူမှာ မကျေနပ်၊ သူတို့သားအဖ ထင်းခွေသွားရင် ဒီဖြစ်ရပ်ကို အမှန်တကယ်တွေ့ခဲ့သည်၊ ဆင်အုပ်ကြီးရှိရာသို့ ဂဠုန်ငှက်ကြီး ပျံဆင်းလာပြီး ဆင်ကြီးတစ်ကောင်ကို ချီသွားသည်....သူများစွာအံ့သြခဲ့ရသည်။
သူရွာပြန်ရောက်တော့ မနေနိုင်.....သူငယ်ချင်းတစ်ယောက်ကို ပြောသည်......သူငယ်ချင်းကမယုံ အပြန်အလှန် ငြင်းကြ ခုန်ကြသည်၊ နောက်ဆုံး သူ့အဖေကို သွားမေးမည်ဟု သူတိုင်တည်သည်.......နွားတစ်ကောင်ကြေးလဲ လောင်းကြေးထပ်သည်၊ သူ့အဖေ ကိုတော့ ရွာကလူများ လေးစားသည်၊ မှန်ကန်သည်၊ သမာဓိရှိသည်ဟု.........
သူတို့နှစ်ယောက် သူ့အဖေထံရောက်သည်၊ ဆင်ကြီး ဂဠုန်ချီသော ကိစ္စကိုမေးသည် သူတော်တော်အံ့သြသွားသည်၊ သူ့အဖေသည် ရယ်မောလျှက် `` ဘယ်က ဟုတ်ရမှာလဲကွာ.....ဒီကောင် ပေါက်ကရပြောနေတာ´´ ဟုပြောလိုက်သည်၊ သူအရမ်းစိတ်ဆိုး သည်၊ အမှန်တကယ် သားအဖနှစ်ယောက်လုံးတွေ့ခဲ့ပါလျှက်...သူ နွားတစ်ကောင်ရှုံးပြီ၊ အဖေလုပ်ရက်သည်ဟု.........
`` သား မင်းသူငယ်ချင်းဆီသွားပြီး ငါ့အဖေ... တောပစ်ထွက်တာ မြှားတစ်ချက်ထဲနဲ့ သမင်ရဲ့ ခေါင်း၊ နားရွက်နဲ့ နောက်ခြေ တစ်ချောင်းကို ထိတယ်......လို့သွားပြော......မယုံရင် နွားနှစ်ကောင်ကြေးလောင်းကွာ မင်း နိုင်စေရမယ်´´
`` ဟုတ်ရဲ့လားအဖေရာ....ကျွန်တော် မလုပ်ရဲဘူး အဖေ့ဟာက ဟုတ်လဲ မဟုတ်ဘဲနဲ့´´

`သွားပါကွာ ....... မဟုတ်ပေမဲ့ အဖေတာဝန်ယူပါတယ်၊ မင်းနိုင်စေရမယ်´´ သူ့အဖေရဲ့ အာမခံကတိကြောင့် သူထွက် လာခဲ့သည်၊ အဖေသင်ပေးသည့်အတိုင်း သူနွားတစ်ကောင်ရှုံးသော သူငယ်ချင်းကို ပြောပြသည်၊ သူတို့ ငြင်းကြသည်၊ မယုံကြည် သဖြင့် နွားနှစ်ကောင် လောင်းကြေးထပ်သည်။
နောက်တော့ သူ့ အဖေကိုမေးရန် ရောက်လာသည်..... သူ့အဖေက တည်ကြည်သော မျက်နှာဖြင့် `` ဟုတ်တယ် ကွ မြှားတစ်ချက်ထဲ ပစ်လိုက်တာ သမင်ရဲ့ ခေါင်း၊ နားရွက်နဲ့ နောက်ခြေ တစ်ချောင်းကို ထိသွားတယ်...... ဒီလိုကွ ငါက တောထဲမှာ သမင်ကိုချောင်းနေတာ သမင်က လှဲချလိုက်တယ် နောက်တော့ သူရဲ့ နောက်ခြေနဲ့ နားရွက်ကို ကုပ်နေတာ...ငါကဘေးကနေ ချောင်း တာ ဆိုတော့ ပစ်လိုက်တာနဲ့ နောက်ခြေကနေ နားရွက်ကို ဖောက်ပြီး ခေါင်းထဲကို စိုက်သွားတာလေ... အဲဒီတော့ မြှားတစ်စင်းထဲနဲ့ သုံးချက်ထိသွားတာပေါ့လို့ ပြောလိုက်သည်၊ သူနွားနှစ်ကောင်နိုင်သွားသည်။ သူပျော်နေသည်။ သူ့အဖေက ဆက်ပြောသည်
``သား မှန်တိုင်း မပြောရဘူး၊ သဘာဝယုတ္တိရှိမှ လူတွေက လက်ခံတယ်၊ သဘာဝကျမှလဲ တိုးတက်နိုင်မယ်´´ တဲ့........ သူတန်ဘိုး မဖြတ်နိုင်သော လူ့ဘ၀ ရပ်တည်မှု စနစ်တစ်ခုကို နားလည်ခဲ့ရသည်။

တစ်ခါက ဖေဖေပြောပြသော သားအဖ ပုံပြင်သည် ယနေ့အထိ အသက်ဝင်နေသည်။
ဖေဖေပစ်လိုက်သောမြှားသည် သူရဲကောင်းများစွာကို ကျဆုံးစေနိုင်သည်.... စဉ်းစား ဝေဖန်ပိုင်းခြားခြင်းတည်း ဟူသော မြှားဖြစ်သည်ဟု သူခံယူလိုက်သည်။ ဖေဖေ၏ အမွေအဖြစ် ပုံပြင်ထဲက မြှားလေးအား သူရရှိခဲ့သည်၊ သူဖေဖေ့ကို ကျေးဇူး တင်ပါသည်........။

-- **tint soe**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)