သူရာမေရိယ တဲ့လား
ရှင်တော် ဗုဒ္ဓဟောကြား
မူးရစ်တွေဝေ စေတတ်စွာ
ရှောင်ဖယ်သင့်တဲ့ အရာ . . .
မလွဲမရှောင်သာ မှ
မလွဲမရှောင် ချင်လာ
ခါးသက်သက် လွတ်လပ်ခြင်းနဲ့
သူပေးတဲ့အရသာ . . .
ပျင်း ပျော် ညစ်
နေပြင်း မိုးအုံ့ သာယာ
အရာရာဟာ မူးယစ်ဖို့
အချိန်အခါတွေ ဖြစ်လာ . . .
နည်းနည်းသောက် နည်းနည်းမူး
များများသောက် များများမူး
အများတကာအမြင်မှာ ရူးပေမယ့်
ကာယကံရှင်စိတ်ထဲမှာ ဘောင်လွတ်လို့မြူး . . .
သူရာမေရိယ တဲ့လား
ရှင်တော်ဗုဒ္ဓ မပွင့်ခင်မှ
နျူကလီးယား ခေတ်အထိ
သက်ဆိုးရှည် တဲ့အရာ . . .
**မာဃလုလင်**
သူရာမေရိယ တဲ့လား
ရှင်တော် ဗုဒ္ဓဟောကြား
မူးရစ်တွေဝေ စေတတ်စွာ
ရှောင်ဖယ်သင့်တဲ့ အရာ . . .
မလွဲမရှောင်သာ မှ
မလွဲမရှောင် ချင်လာ
ခါးသက်သက် လွတ်လပ်ခြင်းနဲ့
သူပေးတဲ့အရသာ . . .
ပျင်း ပျော် ညစ်
နေပြင်း မိုးအုံ့ သာယာ
အရာရာဟာ မူးယစ်ဖို့
အချိန်အခါတွေ ဖြစ်လာ . . .
နည်းနည်းသောက် နည်းနည်းမူး
များများသောက် များများမူး
အများတကာအမြင်မှာ ရူးပေမယ့်
ကာယကံရှင်စိတ်ထဲမှာ ဘောင်လွတ်လို့မြူး . . .
သူရာမေရိယ တဲ့လား
ရှင်တော်ဗုဒ္ဓ မပွင့်ခင်မှ
နျူကလီးယား ခေတ်အထိ
သက်ဆိုးရှည် တဲ့အရာ . . .
**မာဃလုလင်**
No comments:
Post a Comment