ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 23, 2011

နိုင်ငံရေးက ဦးစားပေး နံပါတ်တစ်ပါ

>
နိုင်ငံရေးပြက်လုံးများကြောင့် လွန်ခဲ့သည့် နှစ် ၂၀ကျော်ကပင် လူသိများလာခဲ့သည့် လူရွှင်တော် ကိုသူရ (ခ) ဇာဂနာ၊ မြစ်ကြီးနား အကျဉ်းထောင်မှလွတ်မြောက်လာပြီး နှစ်ရက်အကြာတွင် ၎င်းအကျဉ်းကျခဲ့စဉ်ကာလများအကြောင်းနှင့် အနာဂတ်အစီအစဉ်များကို မြန်မာတိုင်း(မ်) ဒုတိယသတင်းစာတည်း ကျော်ဆုမွန်က သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
အတွဲ ၂၇ ၊ အမှတ် ၅၄၀ ( ၂၁ - ၂၇ ၊ ၁၀ ၊ ၂၀၁၁)

* အခုလို လွတ်မြောက်လာပြီးနောက်မှာ နိုင်ငံရေးကော၊အနုပညာကော နှစ်ခုစလုံးကို လုပ်သွားမယ်လို့ ပြောတယ်။ ဘယ်လိုမျှမျှတတဖြစ်အောင် လုပ်သွားဖို့ ရှိပါသလဲ။
နိုင်ငံရေးနဲ့ အနုပညာအလုပ်က နဂိုကတည်းက တွဲလုပ်ခဲ့တာကိုး။ ထောင်ထဲမှာနေကတည်းက ဒီနှစ်ခုကို တွဲလုပ်သွား ရမယ်လို့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်း ကျတော့ အနုပညာအလုပ်က ကိုယ် မလုပ်လည်း လုပ်မယ့်သူက ရှိသေးတယ်။ နိုင်ငံရေးကျတော့ အရေး ကြီးတဲ့အချိန် ရောက်လာပြီ။ ဒီအချိန်က အပြောင်းအလဲ ကာလအစ ကလေးလို့ ပြောလို့ရပြီ။ ဒီအချိန်မှာ ကျွန်တော့ဘာသာ ဆုံးဖြတ်ခဲ့တယ်။ ၁၉၈၈ အရေးတော်ပုံကာလကလည်း ပါဝင်ခဲ့တယ်။ ဒီမတိုင်မီကာလက လည်း နိုင်ငံရေးပြက်လုံးတွေလုပ်ခဲ့တယ်။ ထားပါ။ ၁၉၈၈ မှာ ပါတီစုံ ဒီမို ကရေစီရရှိရေး တို့အရေးလို့ အော်ခဲ့ကြတယ်။ ဒါဟာ အစ၊ အခု ၂၃ နှစ် အကြာမှာ လွှတ်တော်ကြီးပေါ်လာပြီ၊ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ ဆိုတာကြီး ပေါ်လာခဲ့ပြီ ဆိုသော်ငြားလည်း လိုချင်တဲ့ Multiparties democracy ဆိုတဲ့ အနေအထားကို ရောက်မလာသေးဘူး။ရှေ့ဆက်ပြီး ကိုယ်စတဲ့လမ်းကို ကိုယ်ဆုံး အောင်ဆက်လျှောက်ဖို့လိုတဲ့အတွက် နိုင်ငံရေးကို ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက ကျွန်တော် လွှတ်တော်ထဲသွားချင်လို့ မဟုတ်ပါဘူး။ ကိုယ်စား လှယ်လုပ်ချင် လို့လည်း မဟုတ်ဘူး။ လွှတ်တော်ထဲကို ကိုယ်စားလှယ်တွေ ပို့ချင်တာ။ ပို့ပေးရမယ့် ကိုယ်စားလှယ်တွေကို ပြည်သူ့ကိုယ်စား လိုက်ရှာချင်တယ်။ အထူးသဖြင့် လူငယ်တွေကို ပို့ချင်တယ်။ ကျွန်တော့ စိတ်ကူးကို ဘယ်လိုတောင်မှန်းထားသလဲဆိုရင် ရည်မှန်းချက်တစ်ခုထားတယ်။ ၂၀၂၀ ပြည့်နှစ်မှာ စီမံချက်ပြည့်စုံရမယ်လို့ ဆုံးဖြတ် ထားတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ထက်ငယ်တဲ့ လူငယ်တွေကို လွှတ်တော်ထဲ ရောက်စေချင်တယ်။ ဒီလူငယ်တွေကို ရှာဖွေ ဖို့ရှိခဲ့ရင်လည်း ဘယ်လိုပံ့ပိုးရမလဲ၊ ဘာတွေသင်ချင်သလဲ။ ထောင်ထဲမှာလည်း Nursery လိုပဲ သင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တော်တဲ့ တတ်တဲ့သူတွေ အများကြီးပဲ။ ဒီလူတွေ ဆီကို အပ်ပြီး ဘယ်လိုသင်ပေးရမလဲ။ သူတို့နားလည်လေ တတ်လေ နိုင်ငံရေး ဆိုတာ ပိုလုပ်လို့ကောင်းတာပေါ့။ ဒီလို ဖြစ်အောင်လုပ်ပေးချင်တဲ့ ဆန္ဒက နံပါတ်တစ်ပေါ့။ ဒါကြောင့် နိုင်ငံရေးကို ဦးစားပေး၊ အနုပညာကို ဒုတိယထား ချင်ပါတယ်။ အနုပညာဆိုရာမှာလည်း ညီတွေ၊ သူငယ်ချင်းတွေကို ပံ့ပိုးရုံ၊ နောက်ကနေ အကြံပေးရုံလောက်တော့ လုပ်နိုင်မှာပါ။ လူကိုယ်တိုင် ၀င်ထွက်ပြီးတော့ မလုပ်နိုင်လောက်တော့ဘူး။ နိုင်ငံရေးက ပိုအရေးကြီးနေတာကိုး။

* ဒါဆို နိုင်ငံရေးကို ဘယ်လောက် ရာခိုင်နှုန်းလောက် အားထည့်ပြီး အနု ပညာကို ဘယ်လောက်ပဲရှိမလဲ။
တကယ်တမ်းက နိုင်ငံရေးက ၈၀ ရာခိုင်နှုန်းလို့ သတ်မှတ်တယ်။ အနုပညာ ကတော့ ၂၀ ရာခိုင်နှုန်းလောက်ပဲပေါ့။

* နိုင်ငံရေးကို စတင်ပတ်သက်ကတည်းက ဦးဇာဂနာအနေနဲ့ လွှတ်တော်ထဲမှာ ပါဝင်ပတ်သက်ချင်ခဲ့တာလား။ ဒါမှမဟုတ် လွှတ်တော် အတွက် ပါဝင်မယ့်သူတွေကို မွေးထုတ်ချင်ခဲ့တာလား။
ကျွန်တော် အစတုန်းက ပွင့်ပွင့်လင်း လင်းပြောရရင် လမ်းစဉ်ပါတီခေတ်က စပြောရမယ်။ ဒီတုန်းက အစိုးရကို သရော်ချင်ခဲ့တာ တစ်ခုပဲ။ ဒီကနေ ၈၈ အရေးတော်ပုံမှာပါခဲ့ပြီး ထောင်ထဲလည်း ရောက်သွားပြီ။ ၁၉၉၄ မှာ ထောင်က လွတ်လာတော့ ၃၃ နှစ်ရှိပြီ။ ထောင်ထဲမှာလည်း ငါးနှစ်လောက် ဖြုန်းခဲ့ရပြီးပြီ။ ဒီတော့ ဘယ်လိုစိတ်ကူးရလာလဲဆိုတော့ လူပြက်တစ်ယောက်ရဲ့အမြင်နဲ့ နိုင်ငံရေး ကို စိတ်ဝင်စားသူအမြင် မတူတော့ဘူး။ လူပြက်တစ်ယောက်က ကမောက်ကမ အဖြစ်တစ်ခုကို ဟာသ ရယ်စရာလုပ် လိုက်မှာပဲ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူ တစ်ယောက်ဆိုရင်တော့ ကမောက်ကမ တစ်ခုကို ဘယ်လိုပြင်ရမလဲဆိုတာပဲ စဉ်းစားမှာ။ ကျွန်တော့ အနေနဲ့ ဒီလို အမြင်ကို ပိုပြီး လက်ခံရတော့မယ်။ သရော်တဲ့စိတ်ကို လူပြက်အနေနဲ့ပဲထားမယ်။ အရင်က အဲဒီလိုအမြင်နဲ့ ကြည့်ပိုင် ခွင့်မရနိုင်ခဲ့ဘူး။ အဲဒီကာလက စစ်အစိုးရလက်အောက်မှာ။ နိုင်ငံရေးနဲ့ လုပ်လိုက်ရင် ကောက်ဖမ်းမှာပဲ။ ကျွန်တော်ဆို ထောက်လှမ်း ရေး(၆)ကို ခဏခဏ သွားနေရတဲ့သူ။ ဒါကြောင့် လေးခါ အဖမ်းခံရတာ။ ကျွန်တော်က လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့မဟုတ်ဘူး။ အဲလိုနဲ့ ကြာလာတော့ နိုင်ငံခြားမှာ နိုင်ငံရေး သိပ္ပံနဲ့ပတ်သက်ပြီး သင်ချင်တယ်။ ကြိမ်ဖန်များစွာ ကြိုးစားခဲ့တယ်၊ ပတ်စ်ပို့ မရလို့ မသွားခဲ့ရဘူး။ ဒီတော့ ကျွန်တော် မသွားရလည်း သင်ရတဲ့သူတွေ သင်ရအောင်လုပ်မယ်ဆိုပြီး လိုက်ပံ့ပိုးခဲ့တယ်။
* အရင်အစိုးရလက်ထက်ကနဲ့စာရင် အခုအစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ လုပ်သာကိုင်သာရှိပြီး ပွင့်လင်းလာပြီလို့ မြင်ပါသလား။
လောလောဆယ်မြင်နေရတာက အဓိက သာမိုမီတာလိုပဲ တိုင်းကြည့်နေရတာက ဂျာနယ်တွေကိုပဲ ကြည့်နေရတာပဲ။ ထောင်ထဲဖတ်တဲ့ ၁၃ စောင်၊ ဒီထဲမှာကိုပဲ တော်တော်ပြောင်းလဲတယ်။ ဒီလို တွေ့လာတော့ သူတို့တောင် ဒီလိုရေးလို့ ရလာရင် ငါတို့ကော ပိုပြီးပြောလို့ ရမလာနိုင်ဘူးလားလို့ တွေးလာမိတယ်။ အမြင် နှစ်မျိုး ရလာတယ်။ လူပြက်အမြင်နဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲချင်တဲ့အမြင်၊ လူပြက် အနေနဲ့ သရော်ချင်တယ်။ ရယ်စရာ ပြောချင်တယ်။ ဒါပေမယ့် ဒီအချိန်က သရော်ရမယ့် အချိန်မဟုတ်ဘူး။ ဒါပေမယ့် ပြုပြင်ပြောင်းလဲ ရမှာကို ဘာ မြင်လိုက်သလဲဆိုတော့ ဒီလိုစုစည်းမှုကို ညီညွတ်အောင်လုပ်ကြဖို့ လိုလာတယ်။ ခေါင်းဆောင်တွေ ခေါင်းစဉ်မရှာတတ် လို့ လူတွေက စည်းရုံးချင်လျက်နဲ့ မစည်းရုံးခဲ့ရဘူး။ ခေါင်းစဉ်သာရှာတတ်ရင် စည်းရုံးနိုင်တယ်ဆိုတာ သွားတွေ့တယ်။ ဒါ အမြတ်ပဲ။ လိုအပ်တဲ့နေရာမှာ ပိုပြောလို့ ရလာပြီ။ ထိထိရောက်ရောက် ပြောဖို့ လိုအပ်လာပြီဆိုတာ မြင်လာတယ်။ ပိုပြီး ပြောခွင့်ရလာမယ်။ သိပ် ကွေ့ပတ်နေစရာ မလိုတော့ဘူး။
* ပြန်လွတ်လာချိန်မှာ စီးပွားရေးအနေနဲ့ကော၊ဘာလုပ်ဖို့စိတ်ကူးထားလဲ။
ဘယ်စီးပွားရေးမှ ပြောရရင် မရှိဘူး။ ခေါင်းထဲမှာ အဲဒါကို မတွေးထားမိဘူး။ တကယ်တော့ လိုမှာပါ။ လူတစ်ယောက် ရပ်တည်ဖို့က ငွေကြေးလိုပေမယ့် ကျွန်တော့အတွက်က အထွေအထူး အကုန်အကျနည်းတယ်။ အ၀တ်အစားလည်း သိပ်မကုန်ဘူး။ စွပ်ကျယ် တစ်ထည်၊ ဘောင်းဘီတစ်ထည်နဲ့ လျှောက်သွားနေတာ။ အရင်ရှာထားလို့ နည်းနည်းပါးပါးရှိတဲ့ ပိုက်ဆံလေးတွေ နဲ့ပဲ ဟိုရောင်းဒီချနဲ့ နေလို့ရပါသေးတယ်။ စီးပွားရေးကတော့ လုပ်နိုင်မယ်မထင်ဘူး။ ရုပ်ရှင်ရိုက်ရင်တော့ ပိုက်ဆံရမှာပေါ့။ မရိုက်ချင်ဘူး။ သိပ်အချိန် ကုန်မှာ စိုးရိမ်တယ်။ လူပြက်ကဖို့ကလည်း တစ်ခါလောက် အပျင်းပြေ ကတာလောက်ပဲ လုပ်ချင်တယ်။ စီးပွားရှာဖို့ ပွဲမကချင်တော့ ဘူး။ အခုဆို ကြော်ငြာတွေ လာအပ်နေတယ်။ ရိုက်ပေးချင်ပေမယ့် ဒီထက် အရေးကြီးတဲ့ကိစ္စလေးတွေ ရှိနေတယ်လို့ ယူဆတဲ့ အတွက် အချိန်ပေးနိုင်ရင် တစ်ခုနှစ်ခုလောက်တော့ ရိုက်တာပေါ့လေ။ ဒီလိုရိုက်လို့ ရလာတဲ့ပိုက်ဆံဆိုရင်လည်း ထောင်ကမလွတ် သေးတဲ့ သူငယ်ချင်းတွေဆီကို ထောင်ဝင်စာ ပို့လို့ ရတာပေါ့လေ။ ကြော်ငြာရိုက်လို့ ၁၅ သိန်း ရရင် ခရီးစရိတ်နုတ်ပြီး ၁၀ သိန်း လောက် ပို့နိုင်တာပေါ့။ ကျွန်တော်ရှာလို့ရတဲ့ ပိုက်ဆံ သူငယ်ချင်းတွေဆီ တစ်ထောင်ချင်းစီ လိုက်ပို့ချင်တယ်။ ကိုယ်တိုင် လက်ထိ လက်ရောက် လိုက်ပေးချင်တယ်။ ပိုက်ဆံပေးတာကတော့ ပိုကောင်းတာပေါ့။ ထောင်မှာ ဈေးဘားဆိုတာ ရှိတယ်။ လိုတာမှာလို့ ရတယ်။ ဒီလို စဉ်းစားမိတယ်။
* မှတ်ပုံတင်နဲ့ ပတ်စ်ပို့လျှောက်ပြီး တက်ချင်တဲ့ သင်တန်းကို နိုင်ငံခြား မှာတက်ဖို့ အစီအစဉ်ကော ရှိသေးလား။
အမှန်တိုင်းပြောရရင် ဟိုအရင်ကတည်းက သွားချင်တာ။ ဟိုဘက်ကလည်း ခေါ်တယ်။ ပတ်စ်ပို့တော့ ပေးသင့်ပြီလို့ ထင်တယ်။ သုံးလလောက် ပဲဆိုရင်တော့ သွားချင်တယ်။ သိပ်ကြာရင် မတက်ချင်ဘူး။ ကျွန်တော် တစ်ခု လုပ်ချင်တာရှိတယ်။ မီဒီယာသင်တန်း လည်း တစ်ပတ်တန်သည် သွားတက် ချင်တယ်။ စိတ်ဝင်စားတယ်။ မီဒီယာကို သင်ချင်တယ်။ တပည့်ခံချင်တာ။ အင်တာဗျူးတဲ့ သူလည်း အရမ်းလုပ်ချင်တယ်။ မေးချင်တဲ့ အစီအစဉ်တွေရှိတယ်။ လယ်ရီကင်းလိုပေါ့။ မေးချင်သူတွေရှိတယ်။ အဲလို မေးချင်မြန်း ချင်တာ။

* ထောင်ထဲက အတွေ့အကြုံတွေကို ပြန်ရေးဖို့ ပြန်ထုတ်ဖို့ စိတ်ကူးရှိခဲ့လား။
ရေးပြီးသားရှိခဲ့တယ်။ ပထမအကြိမ် အဖမ်းခံရတုန်းက စအဖမ်းခံရတဲ့ အချိန်ကစပြီး လွတ်လာတဲ့အချိန်ထိ ဒိုင်ယာရီ ရေးခဲ့တယ်။ ခေါင်းထဲ ရေးခဲ့ရတာ။ လွတ်လာတော့ အဲဟာတွေကို မေ့မှာစိုးလို့ ချရေးခဲ့တာ ဗလာစာအုပ်နဲ့ ရှစ်အုပ်ရတယ်။ ဒါကို အရင်က ယူကေ သံအမတ် ဗစ်ကီဘောမန်းက ယူသွားတာ ပါသွားခဲ့တယ်။ အခု သူက အဆင်သင့် သူ့ လက်ထဲမှာ ရှိပါတယ်လို့ ပြောတယ်။

http://www.myanmar.mmtimes.com/2011/news/540/news03.html

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)