
ပင်လယ်ကြီးတခုလုံးမှောက်ကျသွားတော့
တစစီ လိုက်ကောက်နေရတယ်
ထိုင်ရာကထတယ်
ပြန်ထိုင်တယ်
ပြူတင်းပေါက်နားခဏရပ်တယ်
လက်ပတ်နာရီကိုတကြည့်ကြည့်လုပ်တယ်
စာအုပ်တွေကိုဟိုလှန်ဒီလှန်
ညစာစားပြီးပြီလား မစားရသေးဘူးလား
ချွေးတွေတဒီးဒီးနဲ့ကိုယ်လက်ယားယံတယ်
ရာသီဥတုကိုက ဆိုးရွားလွန်းလှတယ်
ရေခဲသေတ္တာထဲကရေကလည်း အေးစက်လွန်းနေတယ်
သောက်မိတဲ့ကော်ဖီက ပေါ့ကြောင်ပူခါးနေတယ်
ကုလားထိုင်တစ်လုံး ကိုးလိုးကန့်လန့်ဘယ်သူချထားသလဲ
ဒီနားက စာအုပ်တွေ ဘယ်သူယူသိမ်းလိုက်သလဲ
နာရီနှိုးစက်ကို ဘယ်သူမှ မပိတ်ကြဘူးလား
ဒီမှာပြောနေတာ မကြားဘူးလားးးးးးးးးးးး
ကြောင်တကောင်စူးစူးဝါးဝါးအော်သွားတဲ့ည
လင်းနို့တွေတဖြန်းဖြန်းထပျံသွားတဲ့ည
အ၀ါနဲ့အပြာပေါင်းတာ အနီရောင်ဖြစ်သွားတဲ့ည
အတွေးတွေကို ဖြတ်ရိုက် တွန့်ကွေးပစ်လိုက်တဲ့ည
ဖန်ခွက်တလုံးကို ချိုးဖဲ့ အရည်ဖျော်မိတဲ့ည
နံရံကို လက်သီးနဲ့ ထိုးမိတဲ့ည။
**ပန်ဒိုရာ**

ပင်လယ်ကြီးတခုလုံးမှောက်ကျသွားတော့
တစစီ လိုက်ကောက်နေရတယ်
ထိုင်ရာကထတယ်
ပြန်ထိုင်တယ်
ပြူတင်းပေါက်နားခဏရပ်တယ်
လက်ပတ်နာရီကိုတကြည့်ကြည့်လုပ်တယ်
စာအုပ်တွေကိုဟိုလှန်ဒီလှန်
ညစာစားပြီးပြီလား မစားရသေးဘူးလား
ချွေးတွေတဒီးဒီးနဲ့ကိုယ်လက်ယားယံတယ်
ရာသီဥတုကိုက ဆိုးရွားလွန်းလှတယ်
ရေခဲသေတ္တာထဲကရေကလည်း အေးစက်လွန်းနေတယ်
သောက်မိတဲ့ကော်ဖီက ပေါ့ကြောင်ပူခါးနေတယ်
ကုလားထိုင်တစ်လုံး ကိုးလိုးကန့်လန့်ဘယ်သူချထားသလဲ
ဒီနားက စာအုပ်တွေ ဘယ်သူယူသိမ်းလိုက်သလဲ
နာရီနှိုးစက်ကို ဘယ်သူမှ မပိတ်ကြဘူးလား
ဒီမှာပြောနေတာ မကြားဘူးလားးးးးးးးးးးး
ကြောင်တကောင်စူးစူးဝါးဝါးအော်သွားတဲ့ည
လင်းနို့တွေတဖြန်းဖြန်းထပျံသွားတဲ့ည
အ၀ါနဲ့အပြာပေါင်းတာ အနီရောင်ဖြစ်သွားတဲ့ည
အတွေးတွေကို ဖြတ်ရိုက် တွန့်ကွေးပစ်လိုက်တဲ့ည
ဖန်ခွက်တလုံးကို ချိုးဖဲ့ အရည်ဖျော်မိတဲ့ည
နံရံကို လက်သီးနဲ့ ထိုးမိတဲ့ည။
**ပန်ဒိုရာ**


No comments:
Post a Comment